3

153 8 3
                                    

ဘေးအိမ်ကမောင်လေးက ကျွန်မအိမ်တံခါးကိုလာခေါက်....ဒေါက်..ဒေါက်..ဒေါက်
...........................

သုံးလနီးပါဂူအောင်းသိုင်းကျင့်ပြီးသွားတဲ့
နောက်တော့ ကျွန်မရဲ့စာအုပ်လေးရေးလို့ပြီးခဲ့ပြီ။

ရှေ့နေလေးက သူ့ချစ်သူနဲ့အတူ မကောင်းဆိုးဝါးအုပ်စုကို ကလဲ့စားချေပြီးတဲ့နောက်မှာတော့
ချစ်သူလေးကိုခေါ်ပြီး လောကကြီးရဲ့ မျက်လုံးတွေရှေ့ကနေ ပျောက်ခြင်းမလှပျောက်သွားကြလေးသတည်း....ဆိုတဲ့ အဆုံးသတ်နဲ့ လှလှပပလေးဇာတ်သိမ်းထားတယ်။

ကျွန်မလည်း ဝမ်းနည်းဖွယ်ရာ အဆုံးသတ်တွေကိုမကြိုက်ပါဘူးနော်။ ကျွန်မလည်း
ကျွန်မဝတ္ထုတွေကိုပျော်ရွှင်ဖွယ် ရယ်မောဖွယ်ဇာတ်သိမ်းလှလှလေးတွေပဲဖြစ်စေချင်တယ်။

ဇာတ်သိမ်းလေးကလည်းပျော်စရာကောင်း
ဝတ္ထုလေးကလည်း အောင်အောင်မြင်မြင်အဆုံးသတ်သွားတော့ ကျွန်မစိတ်တွေလည်း အလိုလိုပျော်ပေါ့။

ကျွန်မအကြောအခြင်တွေဆန့်လိုက်ပြီး
ထိုင်ခုံကနေထလိုက်တယ်။

"ဥပဒေစာ အုပ်တွေလေးတွေရေ နောက်တစ်ခေါက်ထပ်မတွေကြရအောင်"

ကျွန်မစိတ်လွတ်ကိုယ်လွတ်ပြောလိုက်ပြီး သီချင်းတစ်ပုဒ်ကိုဖွင့်လိုက်တယ်။

ကျွန်မလည်း ဒီဝတ္ထုကြောင့်နဲ့ရော
ရှုပ်ထွေးတဲ့ ဥပဒေအကြောင်းအရာတွေကြောင့်ရော တကယ်ပဲ ဒေါင်ချာစိုင်း နေပါပြီ။
ဝတ္ထုထဲမှာ ဥပဒေကိုလိုက်နာတဲ့သူသိပ်မပါပေ
မယ့်ပုဒ်မတွေတော့ထည့်ရေးရတယ်လေ။

ကျွန်မ Bluetooth ဆောင်းဘောက်လေးနဲ့
သီးချင်းတစ်ပုဒ်ဖွင့်လိုက်တယ်။

ဆောင်းဘောက်လေးကနေ
爱你 (Ai Ni) ဆိုတဲ့သီချင်းသံကခပ်မြူးမြူးလေးထွက်လာတာပေါ့။ ကျွန်မမနေနိုင်တော့ဘဲ
သီချင်းကိုအားပါပါနဲ့လိုက်ဆိုတော့တယ်။
ကွန်ပြူတာမျက်နှာပြင်မှာပေါ်လာတဲ့ ကကွက်တွေအတိုင်း လိုက်ကမိတော့ ကျွန်မအခန်းလေးထဲမှာ One Woman Show လေးဖြစ်သွားတာပေါ့။

ကျွန်မလုံးဝကိုစိတ်လွတ်ကိုယ်လွတ်ပျော်ရွှင်နေတယ်။ စိတ်ဖိစီးမှုတွေကို သီချင်းသံတွေနဲ့
မျှောထုတ်ပစ်လိုက်တယ်။

You've reached the end of published parts.

⏰ Last updated: Jul 30, 2021 ⏰

Add this story to your Library to get notified about new parts!

ဘေးအိမ်ကမောင်လေး Where stories live. Discover now