ကိုကိုနဲ့ကျတော်လက်ထက်ခဲ့တာ၃နှစ်ပြည့်တော့မယ်
ကိုကိုခြေလှမ်းတွေပျက်လာတာလည်းသိတယ်ကိုကိုပျော်ပါစေဆိပြီးလွှတ်ထားပေးခဲ့တာ ကိုကိုကမှကျတော့်ကိုမချစ်တာ
ကိုကိုအိမ်မပြန်လာတာ၃ရက်တောင်ရှိပြီ
ကျတော်လည်းပျင်းလို့အပြင်ကိုထွက်လည်ခဲ့တယ်
<<<star coffee>>>
အိမ်ကထွက်လာတာနဲ့ရောက်ဖြစ်တာကိုကိုသိပ်ကြိုက်တဲ့ကော်ဖီဆိုင်လေး
"မဂ်လာပါအကိုဘာသောက်မလဲ"
"အမေရိကာနိုတစ်ခွက်ပေးပါ"
ကော်ဖီခွက်လာချပေးတော့ဆိုင်ရှင်ကောင်လေးက"မလာတာတောင်ကြာပြီ အကို့ရည်းစားတောင်ဟိုဘက်ခုံမှာထိုင်နေတာဘာလို့အတူမလာတာလဲ"
ကောင်လေးစကားကြောင့်ဟိုဘက်ဝိုင်းကိုလှမ်းကြည့်မိလိုက်တော့ တွေ့ပါပြီကျတော့်ရဲ့ကိုကို
ကောင်မလေးတယောက်ကကိုကိုလက်မောင်းကိုဖက်ထားပြီးရီမောစွာစကားတွေပြောနေတာ
*အပြုံးတွေကတောက်ပလိုက်တာကိုကိုရာ ကျတော်နဲ့ဆိုတခါမှအဲ့လိုမပြုံးဖူးဘူး*
"ညီလေးအထင်လွဲနေတာပါအဲ့အကိုနဲ့မာန်နဲ့ကသူငယ်ချင်းတွေပါ"
"မလိမ်ပါနဲ့ အကိုရာအကိုတို့၂ယောက်ကချစ်သူတွေမှန်းကျတော်သိပါတယ်"
"ဟိုအလုပ်ရှိသေးလို့ အကိုသွားတော့မယ်နော်"
အမှန်တကယ်တော့မာန်မှာလုပ်စရာမရှိပါဘူးဒါပေမဲ့ကောင်မလေးနဲ့ရီမောနေတဲ့ကိုကို့ရဲ့မြင်ကွင်းကိုဆက်မကြည့်နိုင်တော့လို့လှည့်ထွက်လာခဲ့တာ
အိမ်သို့ပြန်လာခဲ့လိုက်တယ်
ကိုကိုရယ်အိမ်ကို၃ရက်တောင်ပြန်မလာတာအဲ့ကောင်လေးနဲ့အတူရှနေလို့လား
######
အတိတ်က
မာန်ပါးပါးကိုကပ်ချွဲနေချိန်
"သခင်ကြီး"
"ဉီးဝန လာလေဘာကိစ္စရှိလို့လည်း"
"ကျတော်သားလေးကျောင်းပိတ်တဲ့အချိန်အတွင်းအလုပ်လုပ်ချင်လို့အလုပ်တခုလောက်ပေးပါလား"
"ကောင်းတာပေါ့ သားမာန်ကသူကျောင်းပိတ်တုံးအပြင်လိုက်ပို့ဖို့ပူဆာနေတာ ဉီးဝန သားက သားမာန်ကိုကားမောင်းပြီးလိုက်ပို့လိုက်ပါ"
ဒီလိုနဲ့ကိိုကို ကိုကျတော်ကစိတ်ဝင်စားပြီးစလိုက်ခဲ့တာ
ကိုကိုကချေတယ်ဗျ ကျတော့်ကိုနဲနဲလေးမှဂရုမစိုက်ဘူး တက္ကသိုလ်တက်တော့လည်းအတူတူဘဲ
နောက်ကျကို့ကို့အဖေကနေမကောင်းအရမ်းဖစ်ခဲ့တာဆေးကုဖို့ပိုက်ဆံလိုတဲ့အတွက်ကိုကိုကကျတော်ကိုလက်ထပ်ခဲ့တာ ကိုကိုကကျတော်ကိုဘာကြောင့်လက်ထပ်မှန်းသိလည်းချစ်လွန်းလို့ အပြစ်မမြင်ခဲ့ဘူးတနေ့တော့ကိုကိုချစ်လာမှာပါထင်ထားခဲ့တာ အုတော့ကျတော်အထင်မှားသွားခဲ့တယ်ထင်ပါတယ်
ဝမ်းနည်းစရာ အတွေးတွေတွေးရင်းအိပ်ပျော်သွားတာ ညနေ၅နာရီလောက်မှနိုးတယ်
"နောက်ကျနေပြီကိိုကိုပြန်လာရင်စားဖို့ညစာမပြင်ရသေဘူး"
ကိုကိုအတွက်အသည်းအသန်ညစာပြင်မိတယ် ပြန်လာမလားမလာဘူးမသေချာပေမဲ့ကိုကိုအတွက်ညစာအမြဲြပင်ပေးနေကျ
ကျွီ!!!!
အိမ်ရှေ့က ကားသံကြောင့်အလိုလိုပျော်ရွှင်လာတယ်
အိမ်ရှေ့ကိုအပြေးသွားပြီးကြိုမိတယ်
"ကိုကို!!ပြန်လာပြီလား ကျတော်မျှော်နေတာ"
"အင်းပြန်လာပြီ"
"ကိုကိုပင်ပန်နေတယ်မလားရေးချိုးလိုက်နော်ပြီးရင်ကျတော်ထမင်းစားမယ်"
စကားပြန်မလာဘဲအိမ်ပေါသို့တက်သွားသောကိုကိုနောက်လိုက်လာကာရေးချိုးဖို့ပြင်ပေးလိုက်တယ်
ကိုကိုချွတ်တဲ့အကျီကိုယူလိုက်တော့တွေ့လိုက်ရတာကနှုတ်ခမ်းနီရာနဲ့ပြင်းလွန်းတဲ့ရေးမွှေးနံ့
ကျတော်စွတ်တဲ့ရေးမွှေးနံသင်းသင်းလေးတောင်နံတယ်ဆိုပြီးကုတင်အောက်ဆင်းအိပ်ခိုင်းတဲ့ကိုကိုကဒီလိုရေးမွှေးနံကိုယ်မှာဆွဲလာတာတောင်ဘာမှမပြောဘူးဆိုတော့ကိုကိုအဲ့ကောင်မလေးကိုတော်တော်ချစ်တာဘဲနော်
ကျတော့်ကိုလဲသူ့မရဲ့တစ်ဝက်လောက်ချစ်ပေးရင်ကောင်းမှာဘဲ
အလိုက်မသိဒီမျက်ရည်တွေက ကျလာပြန်ပြီ ကိုကိုကမျက်ရည်ကျတာမကြိုက်ပါဘူးဆို
မျက်ရည်တွေကိုသုတ်ပြီးကိုကိုဝတ်ဖို့ဝတ်ဆုံထုတ်ပေးကာဟင်းနွှေးဖို့မီးဖိုခန်းထဲဝင်လာခဲ့လိုက်တယ်
ထမင်းဟင်တွေပြန်နွှေးပြီးခနကြာတော့ကိုကိုဆင်းလာတယ်
"ကိုကို ကြိုက်တဲ့ဟင်တွေကျတော်ချက်ထားတယ်"
"အင်း"
ကိုကိုထဲဟင်းတွေတစ်ခုပြီးတခုထည်းပေးတော့
"မင်းဘယ်လိုဖြစ်နေတာလဲဟမ်!!!ထမင်းကောင်းကောင်းစားလို့မရဘူးလား!!အရမ်းစိတ်ပျက်စရာကောင်းတယ်"
"ဟုတ်ကျတော်မထည့်ပေးတော့ဘူးနော်ကိုကိုထည့်စား"
ကျတော်လည်းစားမလို့ပြင်ပြီးအန်ချင်လာတာကြောင့်ဘေဇင်မှာသွားအန်လိုက်တယ်
ဝေါ့!!!!
ဒုန်း!!!!!!
ကိုကိုကစားပွဲခုံကိုလက်နဲ့ရိုက်ချလိုက်ပြီး
"အိမ်ပြန်လာတာနဲ့စိတ်ရှုတ်စရာဘဲ "
"တမင်ရည်ရွယ်တာမဟုပါဘူးကိုကိုရယ်ဒီရက်ပိုင်းဘာမှစားလို့မရဘူးအန်အန်နေတာ"
"အဲ့လိုဖြစ်နေတာဆေးခန်းမသွားဘူးလားဘာလဲမင်းနေမကောင်းဘူးဆိုရင်ငါကအိမ်မှာနေပြိးပြုစုမယ်ထင်လို့လားဟမ်!!!"
"မဟုပါဘူးဆေးခန်းသွားပြပါတယ်ဆရာဝန်ကလေ"
"တော်စမ်း!!!မင်းဘာဖြစ်နေလည်းငါစိတ်မဝင်စားဘူမင်းတ်ခုခုဖြစ်ရင်ငါ့အပြစ်ဖြစ်မှာဆိုလို့"
"အလကားစိတ်ရှုပ်စရာသတ္တဝာဒါကြောင့်အိမ်ကိုပြန်မလာချင်တာ"
ဟုဆိုကာ ကာမောင်း၍အပြင်ကိုပြန်ထွက်သွားတဲ့ကိိုကို
"ကိုကိုသိလားကျတော်ဒီလို့ဖြစ်နေတာကလေ ကျတော့်ရဲ့ဗိုက်ထဲမှာကိုကို့ရဲ့သွေးသာလေးရှိနေတာ"
"ကျတော်ပြောမဲ့စကားတောင်ကိုကိဆုံးအောင်နားမထောင်သွားဘူးနော်"
"ရပါတယ် ကိုကိုပြန်လာတဲနေ့မှပြောပြတော့မယ်အဲ့ကျရင်ကိုကိုအရမ်းပျော်သွားမှာ"
"ကလေးလေးရေ ကလေးdaddyကအရမ်းဆိုးတာဘဲသိလားနောက်ကျကလေးdaddyပါးပါးကုအနိုင်ကျင့်ရင်ဝိုင်းအပြစ်ပေးပေးသိလား"
မာန်ကတော့ကို့ယ့်အတွေးနဲ့ကိုယ်ပျော်နေပေမဲ့မကြာင်ခင်သူ့အတွက်ဝမ်းနည်းစရာအဖြစ်ပျက်တွေဖြစ်လာမယ်မသိဘဲနဲ့#######အချိန်တွေကျော်မယ်
ကိုကိုထွက်သွာပြီးပြန်မလာတာတပတ်ရှိပြီ အဆင်မှပြေရဲ့လား
ကိုကိုသိလားဆရာဝန်ကပြောတယ်ကျတော်ကနှလုံးရောဂါသည်မို့ကလေးမမွေးသင့်ဘူးတဲ့
ဒါပေမဲ့ကျတော်ရအောင်မွေးမှာ
ကိုကို့ရဲ့သွေးသားလေးကိုလူလောကထဲခေါ်သွင်းပေးမှာ
ကျတော့်အတွေးတွေမဆုံးခင်ကိုကိုပြန်ရောက်လာတယ်
"ကိုကိုပြန်လာပြီပေါ့ကျတော်မျှော်နေတာကို့ကို့ကိုပြောစရာရှိလို့ "
"ငါလည်းမင်းကိုပြောစရာရှိလု့ိပြန်လာတာ"
"ဟုတ်ကိုကိုပြောလေ"
"ကွာရှင်းကြရအောင်"