အခန်း (၁) ဗရီးဒါရန်

10.6K 550 23
                                    

ရှရီမျက်လုံးတွေဖွင့်ကြည့်ချိန်မှာတော့ နေရာက အာဏာသရပ်ဝန်းထဲမှာပဲ သူမရောက်ရှိနေတာကို တွေ့လိုက်ရတယ်။ ထို့နောက် System ၏ အသံကို ကြားလိုက်ရတော့သည်။

"Welcome Back Host !!.... ကျွန်တော် အခုပဲ မစ်ရှင်ဆီ တန်းပို့ပါမယ်"

စူးရှသောအလင်းတန်းများက သူမဆီရောက်ရှိလာပြီး မျက်လုံးအစုံကို မှိတ်လိုက်မိတော့သည်။ အရာအားလုံးပုံမှန်ဖြစ်လောက် ပြီထင်လိုက်ချိန်မှာ ရှရီဟာ မျက်လုံးတွေကို ပြန်ဖွင့်လိုက်တော့ သူမ၏ မျက်နှာတည့်တည့်ဆီ ပြေးဝင်လာသော ဘောလုံးတစ်လုံး။

"Bree ...!!! "

မိန်းမတစ်ယောက်၏ အော်သံနှင့်အတူ ......

ဘယ်သူကန်မှန်းမသိသည့် ဘောလုံးတစ်လုံးပြေးဝင်လာမှုကို ရှရီမြန်မြန်ဆန်ဆန်ရှောင်တိမ်းရင်း ကန်ထုတ်လိုက်ရလေသည်။ ထိုမိန်းမက သူမကို အံအားသင့်လျက်ထွက်သွားခဲ့၏။ နောက်တော့ သူမက လည်ပြန်ရှရီကို ဒေါသတကြီး လှည့်ကြည့်ကာ....

" နင်ဘာတွေဖြစ်နေတာလဲ"

သူမက ရှရီကို ဒေါသတကြီးဖြင့် ရှရီကို အော်လိုက်ပြီး ဘေးလွင့်သွားသော ဘောလုံးထံပြေးသွားတော့သည်။

ရှရီ ရုတ်တရက် ဇဝေဇဝါဖြစ်ပြီး အတန်ငယ်စိတ်ရှုပ်သွားရင်း လက်ရှိရောက်နေသည့်နေရာအနေအထားကို ကြည့်လိုက်တော့... ' ဟမ်... ဘောလုံးကွင်းကြီး'

ကြည့်ရသလောက်တော့ သူမဟာ ဘောလုံးကစားနေဆဲမှာရောက်ရှိလာသည့် ဘောလုံးကစားသမား ဖြစ်ဟန်တူသည်။ ပို၍သေချာကြည့်ပါက ရှရီဟာ ဂိုးသမားနေရာမှ ကစားသမားတစ်ဦးဖြစ်ဟန်ရှိလေသည်။ ကစားကွင်း၏ ပတ်ပတ်လည်မှာတော့ ဆူညံစွာအော်ဟစ်အားပေးနေသည့် လူအုပ်ကြီးရှိနေခဲ့သည်။

ပြဿနာကတော့ ရှရီတွင် ဘောလုံးနှင့်ပတ်သက်သည့် အသိဗဟုသုတ တစ်စိတစ်လေတောင် မရှိနေတာပင်။ သို့သော် ထင်ရှားတဲ့သိထားခြင်းကတော့ ဂိုးသမားဟာ ဘောလုံးကိုထိကိုင်လို့ရတယ်ဆိုတာတော့ သိလေသည်။ အခြေအနေကိုသူမလျင်လျင်မြန်မြန်သုံးသပ်ကြည့်တော့ တစ်ဖက်ပြိုင်ဘက်အသင်းက ကစားပွဲကို ဦးဆောင်နေပြီး အားသာနေဟန်ရှိနေသည်။

5. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.5] (ဗရီးဒါရန်)Where stories live. Discover now