အခန်း (၄) ဗရီးဒါရန်

1.3K 147 29
                                    

ရှရီ ပြုံးလိုက်မိသည်။ အချိန်တိုအတွင်း ‌ကားကို မောင်းနှင်အပြီးမှာတော့ အနီးနားက ဘား ဆီကို သူတို့ရောက်လာခဲ့သည်။ ရှရီဟာ နံမည်ကြီးတဲ့သူတစ်ဦး ဖြစ်သည့်အားလျော်စွာ သူမ၏ ခေါင်းစွပ် ကို လုံအောင်ဖုံးလိုက်ပြီး မျက်မှန်တပ်ကာရုပ်ဖျက်လိုက်၏။ သူမ၏ ရည်ရွယ်ချက်ကတော့ ရိုးရှင်း ပါသည်။ ဘဝကို သာမန်လူတွေလိုသာ ထင်ပေါ်ခြင်းကင်းစွာနေထိုင်လိုခြင်းပင်။ အားလုံး ပြင်ဆင်ပြီးသည်နှင့် သူမတို့ဟာ ဘားအတွင်းသို့ ဝင်ရောက်ခဲ့လေသည်။

အချိန်က ၆ နာရီ ဝန်းကျင်သာရှိသေးသဖြင့် စောသေးသည်ဟုဆိုရမည်။ ဘားအတွင်းမှာ လူရှင်း လျက်ရှိပြီး သူမက သီးသန့်ခန်းတစ်ခန်းတောင်းဆိုလိုက်၏။ ကံတရားက သူမတို့ဘက်တွင် ရှိပုံရလျက် အဆင်သင့်ပြီးလိုချင်သော သီးသန့်ခန်းကို ရရှိခဲ့လေသည်။ သူမတို့ သက်တောင့် သက်သာ အနေအထားဖြင့်ပင် အော်ဒါများကို ‌မှာယူလိုက်ကြသည်။

တကယ်တမ်းတော့ ရှရီဟာ သူမ၏ အချိန်များကို သီချင်းနားထောင်နေရင်းဖြင့် Ivar ကို နှစ်သိမ့် ပေးနေတာပဲဖြစ်လေသည်။ သူကတော့ သူမနံဘေးမှာ သောက်သောက်စားစား လူမင်းသား လုပ်လျက်...။ ရှရီဟာ တစ်ညတာကုန်လွန်လု အချိန်အထိ စောင့်ပေးလျက် မူးနေခြင်းကင်းလျက် ရှိနေခဲ့သည်။

" ဟင့် .. အဟင့်... နင်သိလား ... ငါတို့က ဒီလောက် အချိန်အကြာကြီး ရှိခဲ့ကြတာ ... ။ နောက်ဆုံးတော့ သူက ငါ့ကို ဒီလို လုပ်ရက်တယ်.....ဟင့် ... ဟင့် "

Ivar ဟာ သူ့ကိုယ်ကို ရှရီဘက်ကို ယိမ်းလျက်ငိုနေခဲ့သည်။ ရှရီဟာ သူ့ရဲ့ အသဲကွဲစကားတွေ ပွင့်အံလာသမျှကို ခပ်မဆိတ်ဖြင့် အဆုံးတိုင်နားထောင်ပေးရင်းရှိနေခဲ့ပြီး နောက်ဆုံးမှာတော့ Ivar တစ်ခူးခူးနှင့် အိပ်ပျော်သွားကာ ဟောက်ပင်ဟောက်သံတို့ထွက်လာခဲ့တော့သည်။

အချိန်တစ်ခုလုံးစာမျှ ရှရီဟာ Ivar သက်တောင့်သက်သာ ‌အိပ်နေနိုင်စေဖို့ နေရာပေးလိုက်ရင်း သူမကတော့ အိပ်နေသူဘေးမှာ အေးဆေးစွာ အရက်သောက်နေခဲ့သည်။ အချို့သော နာကျင်စရာ များမှ သက်သာစေဖို့ လူတွေဟာ အနားပေးသင့်တဲ့ ကာလဆိုတာ ဆိုစမြဲ မဟုတ်ပါလား။

5. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.5] (ဗရီးဒါရန်)Where stories live. Discover now