အရိုးရှင်းဆုံး အရာတွေကနေ ဆန်းကြယ်တဲ့ အရာတွေကို ပြောင်းလဲ သွားတာ ကျွန်တော်ပါဝင် ပတ်သတ်ခဲ့တာကြောင့်မို့လို့ ပြောရင် ခင်ဗျား လက်ခံလား။
#Prince_FOREအနည်းနဲ့ အများတော့ မင်းသားငယ် ရဲ့ ဘဝကို ကျွန်တော် ပိုင်တယ်လို့ ထင်နေခဲ့ထဲက ဒီ ပြိုင်ပွဲမှာ ကျွန်တော်က မပြိုင်ဘဲ ရှုံးခဲ့ပြီးသားပါ။
#GENဘ၀မှာ ဒီ အရာလေး တစ်ခုဘဲ ပိုင်ဆိုင်ချင်လို့ လောဘ တက်မိတာပါ ကျေးဇူးပြုပြီး ငါ့ကို
ထပ်ပြီး ပျော်ခွင့်ပေးနိုင်မလား . . . . .
#Prince_XYENလူတွေက တစ်ခါတစ်လေမှာ သိပ် လောဘကြီးကျတယ်။ အထူးသဖြင့် ကိုယ့်နားမှာ ရှိတဲ့ အရာတွေထပ် သူများလက်ထဲ ရှိနေတဲ့ အရာတွေကိုမှ လိုချင် ကြတာမျိုးပေါ့။
|Story line|
တစ်ချိန်မှာ နိုင်ငံတစ်ခုကို အုပ်ချုပ်ရမဲ့
အိမ်ရှေ့စံ ကောင်လေး တစ်ယောက်ရဲ့ အနာဂတ်ကြီးဟာ သိပ် ရိုးရှင်းတယ်လို့ မထင်ဘူးလား။
ဒါပေမယ့် တကယ့် လက်တွေ့မှာတော့
အဲ့လောက်မရိုးရှင်းခဲ့ဘူး အထူးသဖြင့် အဲ့နေ့က သူသာ အိပ်ယာ စောစော မထခဲ့ရင်
စံအိမ်တော်ရဲ့ ပန်းခြံထဲမှာ သူသာ ပြေးလွှားရင်း
မကစားနေခဲ့ရင် ဒါမှမဟုတ် အဲ့နေ့က
ခမည်းတော်နဲ့ မယ်တော် လက်ထဲမှာ
အဲ့ အနှီးထုပ်နဲ့ ကလေးငယ်သာ ပါ မလာခဲ့ရင်.
အဆိုးဆုံးကတော့ အဲ့ ကလေးငယ်လေးကို
သူ မနှစ်သက်ခဲ့ရင် .. သေချာပါတယ်
အတိတ်နေ့စွဲတွေက သူ့ အတွက်တော့
ထာဝရ မနိူးထချင်ဆုံး အိမ်မက်ရှည်ကြီးသာ
ဖြစ်လိုက်သင့်တာပါ။[ဖြေးဖြေးနဲ့ အေးအေးလေး စကြတာပေါ့ :3 သောကြာနေ့တိုင်း update ပေးဖို့ တွေးထားလို့ လာမဲ့ သောကြာနေ့ကျရင် ထပ်တွေ့ကြမယ်]
YOU ARE READING
Royal Prince's radiation
Historical Fictionရိုးရိုးလေးပါဘဲ ဒါပေမယ့် ရိုးရှင်းနေတာတော့ မဟုတ်ဘူး .. ဘာလို့ဆို အစထဲက ငါတို့က ကောင်းသော ရေစက်နဲ့ တွေ့ဆုံခြင်း မဟုတ်ခဲ့လို့ #Royal Prince's Radiation