NOW ▪️1st Dec,2006
နှင်းရည်ရောယှက် ပါဝင်သော လေနုအေး
တစ်ချို့ ပြတင်းဝ တံခါးဆီက တစ်ဆင့် အခန်းထဲသို့ စည်းချက်မဲ့စွာ ကခုန် ဝင်လာရင်း
ကုတင်ထပ် နှစ်ခြိုက်စွာ အိပ်ပျော်နေသော သူ့ အနား လှည့်ပတ်မြူးတူးနေကြလေသည်။သို့သော် ကုတင်ထပ်မှာတော့ လှုပ်ရှားမှုက
မတွေ့ရသေး။ အချိန်တစ်ခုကြာတော့ လေပြေအေးရဲ့ အယိုင်းဆန်စွာ ရိုက်ခတ်မှုကို ခံစားလာ
ရသည်နှင့် အမျှ ခန္ဓာကိုယ်ရဲ့ ချမ်းအေးမှုကို
အိပ်ချင်စိတ်ဖြင့် တားဆီးမရနိုင်တော့ချေ။" အပြင်မှာ တစ်စုံတစ်ယောက်မှ မရှိဘူးလား။ "
အိပ်ခန်းစီက အသံ သေးသေးလေး တစ်ခုကြား
ရသည်နှင့် ချက်ချင်းဆိုသလို ပွင့်လာသည့် တံခါး တစ်ချပ်။"ဘာ အလိုရှိပါမလဲ XYEN ! "
ဒီ အသံ .. ဒါဆို ဉီးလေး Kin ?!?!?
ဖျက်ကနဲ ပွင့်သွားသည့် မျက်လုံးရဲ့ လှုပ်ရှားမှုနောက် ချက်ချင်းဆိုသလို ထ ထိုင်မိသည့် လှုပ်ရှားမှုက အလင်းထက် မြန်လှသည်။
" ဉီးလေး Kin ပြန်လာပြီ။ ဒါ..ဒါဆို "
မရင်းနှီးသေးသော ထို အသုံးအနှုန်းများကို
သုံးနှုန်းဖို့ တစ်ယောက်ထဲ အချိန်များစွာ
လေ့ကျင့်ခဲ့သော်လည်း တစ်ကယ်တန်းကျ ဘာမှ ထွက်မလာခဲ့။( အဖေ ပြောသလို ငါဟာ အခုထိ လူအ
တစ်ယောက် ဖြစ်နေတုန်းပါလား )စိတ်ထဲ ကို့ ကိုယ်ကို အားမရမှုများကြောင့် အံကိုသာ တင်းတင်းကြိတ်ထားမိသည်။
" ဘုရင်ကြီး နဲ့ ဘုရင်မ တို့ မနက်စောစောလောက်မှ ရောက်ကြမှာပါ ။ "
" အခု ဘယ်အချိန်ရှိပြီလဲ ဉီးလေး Kin "
ပြတင်းပေါက်က တစ်ဆင့် လှမ်းကြည့်တော့ ဖျက်ကနဲ လဲ့သွားသော ကြယ်လေး တစ်လုံး
" ခဏနေ အာရုံဉီး ရောက်တော့မှာပါ XYEN "
တစ်နေ့တာရဲ့ အစ အာရုံဉီးမိုးသောက်ချိန်
သက်ရှိ လောကကြီး ဆိတ်ငြိမ်စွာနဲ့ အိပ်စက်
နေချိန် တစ်ညလုံးကို သူ့ရဲ့ စွမ်းအင်တွေနဲ့ ကြိုးစား လင်းလက်ခဲ့လို့ ပင်ပန်းနေပြီထင်ပါ့ တာဝန်ချိန် ချိန်းပြီး ကိုယ်စီကိုယ်စီ နေရပ်တွေဆီ ပြန်သွားကြလို့ အလင်းရောင် သန်းစပြုလာတဲ့ ကောင်းကင်ကြီးမှာ ကြယ်လေးတွေတောင်
သိပ် မတွေ့ရတော့။
YOU ARE READING
Royal Prince's radiation
Historical Fictionရိုးရိုးလေးပါဘဲ ဒါပေမယ့် ရိုးရှင်းနေတာတော့ မဟုတ်ဘူး .. ဘာလို့ဆို အစထဲက ငါတို့က ကောင်းသော ရေစက်နဲ့ တွေ့ဆုံခြင်း မဟုတ်ခဲ့လို့ #Royal Prince's Radiation