(unicode)
_1
" အိုင် အိုင် အိုင်ဖုန်းကြီး "မိမိခြေထောက်အရှေ့တည့်တည့်မှာ ဖုတ်ကနဲ
ကြွေဆင်းသွားတဲ့ i phone 12 pro ကို ကြည့်ပြီး ဂျောင်ဝူးပါးစပ်ကနေ ရေရွတ်မိတယ် ။အမှန်ဆို သူဒီလောက် မပြေးလာသင့်ဘူး .. ။
မဟုတ်သေးဘူး တကယ်ဆို အိပ်ယာထနောက်မကျသင့်ဘူး ပြသနာရဲ့ အဓိက တရားခံက အိပ်ယာထနောက်ကျတာပဲ ... ။ အိပ်ယာထ နောက်ကျတော့ သူကျောင်းနောက်ကျတယ် ။ အတန်းထဲဝင်ဖို့ အသဲအသန်ပြေးနေရချိန်မှာ ဒီလူနဲ့ တိုက်မိပြီး အဲ့လူရဲ့ အိုင်ဖုန်းက မြေပြင်ပေါ် ပြားပြားဝပ်သွားခဲ့တာပေါ့ ။ဂျောင်ဝူး စိတ်ထဲ နမောတသ ပေါင်းများစွာ ရွတ်ပြီး ဖုန်းကို ခပ်ဖွဖွကောက်တယ် ။ သူ့အရှေ့မှ လူကတော့ သူ့ကို လက်ပိုက်လို့သာကြည့်နေပါတယ် ။
" ဘုရားရေ ဟက်တတ်ကြီး "
ဟုတ်ပါတယ် အရှိန်နဲ့ဝင်တိုက်လိုက်မိတာမလို့ အခုသူ့လက်ထဲက iphone 12 pro ဟာ ဟက်တက်ကြီး ကွဲသွားရပါတယ် ။ ဘလိုပဲဆုတောင်းဆုတောင်းမပြည့်နိုင်တော့တာမလို့ ဂျောင်ဝူးက ငိုချင်သွားတယ် ။
" ဘယ်လို့လုပ်ပေးမှာလဲ "
သူ့ရှေ့ကလူဟာ အေးအေးဆေးပဲ ဖုန်းကိုမေးငေါ့လို့ မေးတယ် ။ ပြီးတော့ သူ့ကိုစူးစမ်းသလိုလည်း ကြည့်နေပါသေးတယ် ။
" မှန် မှန်ပဲ လဲရမှာမလားဟင်"
"လဲရင် original ဘယ်ဟုတ်တော့မလဲ သိရောသိရဲ့လား ?"
တကယ်ကို အကြပ်ရိုက်သော အခြေအနေပါပဲ ။ ဂျောင်ဝူးက လက်တွေ စတင်တုန်ယင်လာတယ် ။ တလုံးလုံးသူ အစားထိုးပြန်ဝယ်ပေးရမယ်ဆိုရင် .. ။ လက်ရှိတောင် အဒေါ်အိမ်မှာ ကပ်နေနေရတဲ့ မိမိအဖို့ မတွေးရဲစရာ ပဲ မဟုတ်လား .. ။
" အသစ် အသစ်ဝယ်ပေးရမှာလား "
"အင်းလေ... ဒီဖုန်းကိုတော့မင်းဘာသာမင်းလုပ်ချင်သလိုလုပ်လိုက် ပြီးရင်အသစ်ပြန်ဝယ်ပေး "
" ဟင် ဟို ဟိုလေ ငါ ငါ့မှာ အဲ့လောက် ပိုက်ဆံကမရှိဘူး ထင် ထင်တယ်"
ဂျောင်ဝူးဟာပြောရင်းနဲ့လက်ဖျားတွေတုန်လို့မျက်ရည်ပါဝဲတတ်ချင်လာတယ် ။ သူ့ရှေ့ကလူဟာ တူညီတဲ့ ကျောင်းဝတ်စုံကို ဝတ်ထားတာတောင်မှ အရောင်အဝါဟာဟိန်းထွက်နေပြီး သူ့ကိုယ်က တန်ဖိုးကြီးရေမွှေးနံဟာ နှာဖျားဝမှာ သင်းပျံ့လို့နေတယ် ။
ဒီလိုလူတစ်ယောက်ဟာ ဖုန်းကို မှန်လဲပြီး ပြန်ကိုင်မဲ့ သူမျိုးမဖြစ်နိုင်ကြောင်းကိုလည်း သူ့ဦးနှောက်က အသိပေးလို့နေတယ် ။