~2 (end)

489 78 11
                                    

(Unicode)
- 4
အဖြေက ဘယ်ရယ် မသိပေမဲ့ ပြောချင်ရာပြောပြီး အူမြူးလို့နေတာတော့ ဟာရူတိုပဲ ဖြစ်တယ် ။
ကုတင်ပေါ်မှာ အိုင်ဖုန်း အကွဲကို ဆုပ်ကိုင်လို့  အိပ်မရပါပဲ ပြုးစိစိ့ဖစ်နေတာကလွဲရင် ကျန်တာ အကုန်ကောင်းပါတယ် ။

တနေ့က ဟာရူတို ကျောင်းနောက်ကျနေတုန်း ကျောင်းရှေ့တံခါးဝမှာ ပုန်းရိူးကွယ်ရိူးနဲ့ ပုကွကွ လုပ်နေတဲ့ ဂျောင်ဝူးကိုတွေ့ရာကနေ ဒီအချစ်က မြစ်ဖျားခံတယ် ။ အဲ့နောက် နေ့တိုင်းလိုလို ကျောင်းနောက်ကျတတ်တဲ့ ကောင်လေးကို မသိမသာ ချောင်းရတာက တာဝန်တစ်ခုလိုဖြစ်လာခဲ့တယ် ။

ယောကျာ်းလေးတစ်ယောက်ဆီကို ဘယ်လိုချဥ်းကပ်ရမလဲ မသိတဲ့အခါ အမြဲတမ်း ပြာတီးပျာယာ ဖြစ်နေတတ်တဲ့ ဂျောင်ဝူးရဲ့ အကျင့်လေးကြောင့် သူ့တအွက် အိုင်ဒီယာရခဲ့တယ် ။ ခပ်တည်တည်နဲ့ပဲ  ဂျောင်ဝူးက သူ့ကို ဝင်တိုက်မိသွားယောင်ဆောင်လို့ အိုင်ဖုန်းကိုအားပါပါနဲ့ ပစ်ချခဲ့တာပါပဲ .. ။

အဲ့နောက်မှာတော့ နေ့ရက်တိုင်းလိုလို ဟာရူတိုဟာ ဂျောင်ဝူးအတွက် မောနင်းကောလ် ဖြစ်လာခဲ့တယ် ။
ဂျောင်ဝူးရဲ့ အိပ်ချင်မူးတူး အသံလေးနဲ့ ဟလို လို့ ပြောလိုက်တိုင်း တနေ့တာအတွက် 100 % အားကိုပြည့်စေတယ် ။

" ထသင့်နေပြီ "

" အွန်းအွန်း ထပြီ .. "

တဖက်ဖုန်းကနေ တီဆိုပြီး ဖုန်းကျသွားတယ် ။ ဟာရူတိုဟာ အဲ့လိုပဲ နေ့ရက်တိုင်းမှာ ဂျောင်ဝူးရဲ့ ၁မိနစ်တောင် မကြာတဲ့ ဖုန်း call တွေနဲ့ အသက်ရှင်နေရသလိုပဲ ... ။

- 5

" အချစ် ..ထမင်းစားတော့မလို့လား "

ထမင်းပန်ကန်ပြားကိုကိုင်ထားတဲ့ ဂျောင်ဝူးနား ရောက်သွားတဲ့ အခါ မေးလိုက်ခြင်း ဖြစ်တယ် ။
သူ့အသံကိုကြားတော့ ဂျောင်ဝူးက ခန္ဓာကိုယ်လေး မသိမသာ တုန်သွားတယ် ။ လန့်သွားတာကို...

" အဲ့လိုမခေါ်ပါနဲ့ မင်း တော်တော်ဖြစ်နေ "

"အွန်း မင်းကို တော်တော်ဖြစ်နေတာ ဟုတ်တယ် "

"ဟာ ရူ တို.."

အံကိုကြိတ်လို့ မတိုးမကျယ်နဲ့ အသံနဲ့ အော်သလို သူ့နာမည်ကို တခွန်းခြင်း ခေါ်လာတဲ့အခါ ဟာရူတိုက ရယ်ချင်လာတယ် ။
ရှက်တာကတကြောင်း အခုလို ပေါ်ပေါ်ထင်ထင်နဲ့ ဘယ်သူဆီကမှ အလိုက်မခံရဖူးတာက တကြောင်း ဂျောင်ဝူးကလည်း နေမကျဖြစ်လာတယ် ။
ထပ်တိုးအကြောင်းအရင်းကတော့ အခုန်လွန်နေတဲ့ နှလုံးသားကြာင့်ပဲ ဖြစ်တယ် ။

I PhoneWhere stories live. Discover now