ညက ကိုကို့ ဒဏ်ရော၊ ကိုယ်ဝန် ကြောင့် ပါရော ပြီး
မနက်ကျတော့ yibo နေမကောင်းဖြစ်လေသည်။yiboနေမကောင်းသောကြောင့်xiao zhan လည်း
အလုပ်မသွားဘဲ သူ့ကလေးနား နေပေးရန်ဆုံးဖြတ်လိုက်သည်။"ကလေး ဆရာဝန်ခေါ် လိုက်မယ်နော်"
"ရတယ် ကိုကို အဲ့လောက်ကြီးတော့ မလိုပါဘူး"
"ဆေးသောက်နားလိုက်ရင် သက်သာ သွားမှာပါ"
" တကယ်ရလို့လား ကလေးရယ် ဆေးသောက်ရုံလောက်နဲ့"
"အင်း တကယ်ရတယ် ကိုကို အလုပ်မသွားဘူးလား"
"မသွားဘူး ဒီနေ့ ကလေး ဘေးမှာ နေပေးမယ်"
"ရော့...ဆေးလေးသောက်ပြီး အိပ်လိုက်အုံးနော်"
"ဟုတ်"လို့ဆိုတော့ ရှောင်ကျန့်လည်း yiboကို ဆေးတိုက်ကာ စောင်လေးခြုံပေးပြီး အပြင်ထွက် လာခဲ့လိုက်သည်။
ဧည့်ခန်းထဲ ဝင်ထိုင်လိုက်တော့ ရှောင်မေက
"သား အလုပ်မသွားဘူးလား ဘာဖြစ်လို့လဲ"
"yibo နေမကောင်းလို့ မသွားတော့တာ"
"သူက ဘာဖြစ်တာလဲ"
"အင်း ဒီတိုင်းအားနည်းပြီး ဖျားတာလောက်ပါ"
"အဲ့တာကြောင့် ဒီနေ့သူ့ အနားနေပေးချင်လို့ မသွားတာ"
"သြော်...အင်းပါ"
သူတို့စကား ပြောနေရင်း အိမ်ရှေ့က ကားသံကြားရပြီး
ခဏနေတော့ ရှင်းယန် ဝင်လာ တာမြင်လိုက်ရသည်။"ဟယ်...ကျန့် ကဒီနေ့ အလုပ်မသွားဘူးပေါ့"
"အဆင်သင့်လိုက်တာ ကျန့်ကို အကူညီလေးတောင်းစရာရှိလို့
အန်တီ ကို အရင်လာခွင့်တောင်းပြီးမှ ကျန့်ကို ပြောမလို့""ခုတော့ ကျန့် ပါရှိနေတော့ တခါတည်း ပြောသွား လိုက်လို့ရတာပေါ့.... "
"သမီး က ဘာအကူညီတောင်း မလို့လဲကွဲ့"
"ဟိုလေ... ရှင်းယန်ရဲ့ နယ်ဘက်မှာနေတဲ့ ဒေါ်လေးက
ကား အရောင်းဝယ် လုပ်ချင်လို့ဆိုပြီး လှမ်းပြောနေတာ""သိတဲ့အတိုင်း ရှင်းယန်ကလည်း ကားနဲ့ပတ်သက်ပြီး
ဘာမှ နားမလည်ဘူးလေ"
YOU ARE READING
The Sky Of A Star(completed)
FanfictionThe story is about a boy ,who is ready to give his life for his lover