ရက်အနည်းငယ်ကြာပြီးနောက်မှာ.....ဝမ်သခင်လေး လည်း
နေ အတော်ပြန်ကောင်းလာလေပြီဖြစ်သည်။ထို့ကြောင့်
ရှောင်ကျန့်နှင့် သွားရောက်တွေ့ဆုံချင်ကြောင်း ဦးငယ်တို့
ဆီ ခွင့်တောင်းတော့....ဦးငယ်က "သူကိုယ်တိုင်ရှောင်ကျန့်ဆီ
လိုက်ပေးမည်ဖြစ်ကြောင်းနှင့် ရှောင်ကျန့်နှင့်တွေ့ခဲ့လျှင်လည်း
သူ့ကိုပါဝမ်အိမ်၌ခေါ်ထားပြီး.....ရှောင်းအိမ်တော်တွင် လုံးဝ
မနေရတော့ဟု"...ပြောကြားသည်ကိုလည်း...လက်ခံလိုက်
ရပြီး....ရှောင်းအိမ်တော်ဆီသို့ ဦးငယ်နှင့်ထွက်ခွာလာခဲ့
လိုက်သည်။.........ရှောင်းအိမ်တော်သို့ ရောက်တော့....ခြံတံခါးသာမက အိမ်
တံခါးများပါပိတ်ထားသည် ကိုတွေ့ရလေသည်။ထို့ကြောင့်
yiboလည်း ဘေးအိမ်မှ...အိမ်ရှင်များကို....ခေါ်ပြီး.."ဟိုလေ..အန်တီ...ဒီဘက်ခြံက..လူတွေဘယ်သွားကြ
သလဲ..မသိဘူးခင်ဗျ""ပြောင်းသွားကြပြီလေ..သူတို့က...သုံး.လေးရက်လောက်တောင် ရှိတော့မယ်"
"ပစ္စည်းတွေကို..ကားတွေနဲ့တင်သွားကြတာတွေ့မိတယ်"
"အန်တီတို့နဲ့အဲ့ဘက် အိမ်က အဆက်စပ်မလုပ်တော့..
ဘာဖြစ်လို့..ပြောင်းသွားတာလဲတော့...အသေအချာမပြောတတ်ဘူး..ကွဲ့""ပြီးတော့..အန်တီတို့ကလည်း...အလုပ်ကိစ္စတွေကြောင့်
အိမ်မှာနေတာလည်း..ရှားတယ်လေ""သူတို့အိမ်နဲ့ ခင်ဖို့နေ နေ သာသာ..သူတို့ အိမ်သား
ဘယ်နှစ်ယောက်ရှိလဲတောင်..အန်တီ..မသိပါဘူးကွယ်""သြော်...ဟုတ်ကဲ့..အန်တီ..ခုလိုဖြေပေးတာ....
ကျေးဇူးပါနော်""ရပါတယ်...သားရယ်"
"ဟုတ်..အဲ့တာဆို..ကျွန်တော့်ကို..သွားခွင့်ပြုအုံးနော်"လို့
ပြောလိုက်ကာ..yiboနှင့်သူ့ဦးလေးတို့....ကားပေါ်တက်
ထိုင်လိုက်သည်။ဦးငယ်က....."သူတို့က....ဘယ်ကိုပြောင်းသွားတာလဲ"
"ခု..သား..ကရော ဘာဆက်လုပ်မယ်တွေးထားလဲ"
"သားတကယ်စိတ်ညစ်လိုက်တာ...ဦးငယ်ရယ်"လို့...
yiboက မျက်ရည်အဝဲသားဖြင့် ပြောနေရင်းက
တစ်ခုခုကို စဉ်းစားသွားမိသလို ဖြစ်ကာ.....
VOCÊ ESTÁ LENDO
The Sky Of A Star(completed)
FanficThe story is about a boy ,who is ready to give his life for his lover