မနက်ခင်းရဲ့ဖြာဆင်းလာတဲ့နေခြည်လေးတွေကြောင့် Xiuminနိုးလာခဲ့တော့Xiuminရဲ့နဖူးလေးကနွေးထွေးမှုတစ်ခုခံစားခဲ့ရသလိုပဲ....ပြီးတော့အခုလက်လေးနွေးထွေး နေသလိုခံစားနေရတယ်တစ်ယောက်ယောက်ကဆုပ်ကိုင် ထားသလို....လက်ကလေးကိုလှုပ်ကြည့်လိုက်တော့....
Xiumin:အင်း....အင်း...
Xiuminလက်လေးကိုဆုပ်ကိုင်ထားသောKrisတစ်ယောက်နိုးလာပြီး
Kris:Xiuminနိုးလာပြီးလား..???သက်သာပြီးလား...????? ကိုယ်ပူတာရောဘယ်လိုနေသေးလဲ????တရစပ်ပြောရင်း...Xiuminနဖူးလေးကိုစမ်းလိုက်သည်...အဖျားတော့ကျပါပြီး.....ခဏနေအုံးနော်ဆန်ပြုတ်လုပ်ပေးမယ်. . .
Xiumin:ရပါတယ်......Xiuminသက်သာပါပြီး...... ဆိုပြီးထမည်အပြု
Kris:နားနားနေနေ နေပါဆို....ဆိုပြီးပခုံးလေးကိုဖိထားရင်း ခုတင်မှာပဲထိုင်ခိုင်းနေသည်
*Xiuminအံ့ဩပြီပျော်ရမလိုလိုခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေမိသည်....မနေ့ကတော့ဒေါသပုန်တွေကြဲပြီး..... အိုးမတွေးချင်တော့.... ဒါ့ကြောင့်သူအားနာလို့ငါ့ကိုဂရုစိုက် ပေးတာထင်တယ်...အခုတော့...Xiuminကတော့Krisကိုင်ထားသောနွေးထွေးနေဆဲလက်ကလေးကိုကြည့်ရင်း.. ရင်တွေကဘာကြောင့်မှန်းမသိခုန်နေမိသည်*
Kris:Xiuminဒီမှာဆန်ပြုတ်လေး...မြန်မြန်ပြုတ်ထားတာ..ဆေးသောက်ရမယ်နော်......ဟာ...ကိုယ်ပဲခွံကျွေးတော့ မယ်....ကြည့်ရတာအားမှမရှိတာ... .
Xiumin:ရပါတယ်...Xiuminကိုယ့်ဘာသာကိုယ်စား လိုက်ပါမယ်...
Kris:လာပြန်ပြီးလာ...ရပါတယ်...မပြောနဲ့ကြိုက်ဖူးဒီစကား...ပြီးတော့..မနေ့ကအတွက်တောင်းပန်ပါတယ်နော်...မင်းကိုဒီလိုမျိုးမလုပ်သင့်မှန်းသိပါတယ်..ကိုယ်...ကိုယ်စိတ်လွတ် သွားလို့ပါ....
*ဩော်..စိတ်လွတ်သွားလို့တဲ့....ထင်ပါတယ်....ငါ့ကိုမချစ် တာကိုသိနေတာပဲလေ...ဝမ်းနည်းမနေနဲ့..Xiumin..ရေ.*
.ဒါပေမဲ့.....မိမိအားဂရုတစိုက်နှင့်ပြုစုပေးသောKrisကြောင့်..အံ့ဩနေရသလို...ရောဂါကလည်းသက်သာသလိုတောင်ဖြစ်နေမိသည်.
*ဆေးတောင်မသောက်ရသေးဘူးဆေးတိုးနေတာ...*
ဆန်ပြုတ်လေးကိုသေသေချာချာမှုတ်ပြီးခွံကျွေးနေတာလေးကချစ်ဖို့ကောင်းလိုက်တာ....သူမှာအဲ့လောက်ချစ်ဖို့ကောင်းတာတဲ့အပြုအမူလေးတွေရှိမယ်တောင်မထင်ခဲ့ဘူး.....