-----------Unicode----------
"ဒီအမှုလည်းတခြားအမှုတွေနဲ့တူတူပဲ
အခန်းထဲကတံခါးတွေပိတ်ထားတယ်ခြေရာလက်ရာမပျက်ဘူးဒဏ်ရာတွေလည်းမတွေ့ဘူး"Hanကသူ့လက်ထဲကfileထဲကဓာတ်ပုံတွေကိုကြည့်ရင်းအထဲကdataတွေကိုchangbinကိုပြောပြနေသည်။
"အလုံပိတ်လူသတ်မှုတဲ့လား
Hanဒီအမှုက ဒါနဲ့ဆိုဘယ်နှစ်ခုမြောက်ရှိပြီလဲ""အခုသိရသလောက်တော့ငါးမှုရှိနေပြီအမှုတွေအကုန်လုံးတူတူပဲနှလုံးရပ်သွားတာပတ်၀န်းကျင်ကပြောတာတွေနားထောင်ရတာတော့သူ့နဲ့ရန်ငြိုးရှိတဲ့သူလည်းမရှိဘူးတဲ့လူသတ်တာလို့ထင်ရပေမယ့်သဲလွန်စမှမရှိဘူး"
changbinကhanရဲ့လက်ထဲကfileတွဲကိုယူကြည့်လိုက်ပြီးပုံတွေကိုတစ်ပုံချင်းပြန်ကြည့်လိုက်ပြီးအရင်အမှုကပုံတွေနဲ့တိုက်စစ်ကြည့်ပေပြီးဆေးစစ်ချက်ကိုကြည့်လိုက်တော့လည်းအရင်အမှုတွေရဲ့ဆေးစစ်ချက်တွေလိုပဲဘာမှမထူးခြားနေ။
"အထက်ကလူတွေကတော့အမှုကိုပိတ်လိုက်ဖို့ပြောနေပြီပြီးတော့ငါထင်တာဒါကရိုးရိုးနှလုံးရပ်သေပြီးတိုက်ဆိုင်တာဖြစ်နိုင်တာပဲလူသတ်တာလည်းမဟုတ်ဘူးအဆိပ်လည်းမတွေ့ဘူးပြီးတော့"
"အဲ့တာကပဲထူးဆန်းနေတာလေ ကျန်းမာရေးလည်းအကောင်းကြီးရှိနေတဲ့လူငါးယောက်ကဒီလိုမျိုးသေသွားတာမဖြစ်နိုင်ဘူး တစ်ပတ်တည်းမှာတယောက်တည်းမဟုတ်ဘူးငါးယောက်တောင်နော်"
changbinကလက်ထဲကfileကိုအံဆွဲထဲထည့်ရင်းhanပြောနေတာကိုဖြတ်ပြောလိုက်သည်။
"တခါတလေတိုက််ဆိုင်တာရောမဖြစ်နိုင်ဘူးလား"
"မဖြစ်နိုင်ဘူးအရမ်းတိုက်ဆိုင်လွန်းနေတယ် နောက်ဆုံးအမှုရဲ့အိမ်ကိုငါသေချာသွားပြန်ကြည့်ဉီးမယ်တစ်ခုခုများလွတ်ခဲ့မလားလို့"
Changbinကသူရဲ့ကားသော့ကိုယူပြီးထိုအိမ်သို့သွားကြည့်တော့သူရောက်တဲ့အချိန်ကညနေရောက်နေပြီးဖြစ်တာကြောင့်ပတ်ဝန်းကျင်ကအနည်းငယ်မှောင်စပြုနေပြီဖြစ်သည်။တစ်လမ်းလုံးမှာလည်းအိမ်အနညး်ငယ်သာရှိသည့်အပြင်ကလမ်းမီးတိုင်တွေကလည်းဒီနေ့မှမှိန်နေသည်ဟုခံစားရပြီးလမ်းမှာလူသူမရှိခြောက်ကပ်နေတာကြောင့်ကျောချမ်းစရာဖြစ်နေသည်။changbinလည်းရောက်နေပြီးဖြစ်တာကြောင့်မထူးဘူးဆိုပြီးကားပေါ်ကဆင်းပြီးကားထဲကအသင့်ယူလာတဲ့ဓာတ်မီးကိုထုတ်ပြီးခြံတံခါးဝကိုမီးနဲ့ထိုးကြည့်လိုက်သည်။
![](https://img.wattpad.com/cover/279267542-288-k597150.jpg)
YOU ARE READING
DREAM SNATCHERS
Mystery / ThrillerDreams come true to those who truly want them. . . . Written by @Vamps first time writing Changlix❤️❤️❤️