အပိုင်း ( ၂ ) - လက်ရန်းပေါ်ကလူ

166 14 0
                                    

(unicode)

At World Castle. ..

" ဟေ့လူ အဲ့အပေါ် ဘာတက်လုပ်နေတာလဲ...အခုဆင်းခဲ့စမ်း...ဒါမျိုးက လုပ်ကောင်းတာမဟုတ်ဘူး ကြားလား ဆင်းခဲ့လို့ ပြောနေတယ်လေ...အားး ခုန်မချလိုက်နဲ့နော် မချလိုက်နဲ့ ကျွန်တော် ပြောတာနားထောင်ပေး "

" လူလေး... လူလေး..ကလေး ထပါဦး "
" လူလေး အိပ်မက်မက်နေတာ အပြင်မှာ ဘာမှမရှိဘူး ထ ထ လူလေးအိပ်ရာထလိုက် "

ရင်ခွင်တစ်ခုထဲ ဆွဲပွေ့ခံလိုက်ရသလို နွေးနွေးထွေးထွေးရင်ငွေ့ကြောင့် ကျွန်တော် နိုးလာခဲ့သည်။

" ရေလေးသောက်လိုက်ဦး လူလေး ရော့ရော့ "

တယုတယခွံ့တိုက်နေတဲ့ ​အမေမြရဲ့စေတနာကို လျစ်လျူမရှုချင်တာကြောင့် မသောက်ချင်ပေမယ့် ဇွတ်မှိတ်သောက်လိုက်သည်။ရင်ခွင်ထဲမှာ ငြိမ်နေလိုက်ဖို့ စဥ်းစားမိပေမယ့် ကျွန်တော်က အားနည်းတတ်တဲ့ ကလေးလေးမဟုတ်တော့ဘူး။၁၆ နှစ်ပြည့်ပြီးတဲ့ သန်သန်မာမာယောက်ျားတစ်ယောက်ဖြစ်နေပြီ။

" ရ​ပြီ.အမေမြ ကျွန်တော့်ကို လွှတ်ပေးတော့ "

" လူလေးရယ် အရင်လို သား ဆိုပြီး ပြောလို့မရဘူးလား... အမေမြအတွက်တော့ ငါ့သားလေးကိုလေ အမေနို့တိုက်ခဲ့ရတုန်းကအရွယ်လေးလို့ပဲ စိတ်ထဲထင်နေတုန်း"

ထာဝစဥ်နူးညံ့စွာပြောတတ်တဲ့ အမေမြကို ကျွန်တော် ချစ်သည်။ ဘဝတစ်ခုလုံးမှာ အတွယ်တာဆုံးဆိုလို့လည်း အမေမြ ပဲ ရှိသည်။ကျွန်တော် အမေမြ ကို စိတ်မဆင်းရဲစေချင်ပါ။ ထို့ကြောင့် အမေမြတောင်းဆိုတဲ့အတိုင်း လိုက်လျောဖို့ ဆုံးဖြတ်လိုက်သည်။

" အရင်တုန်းကလိုပါပဲ သားလည်း အမေမြကို ချစ်တယ် "

" ဒါဆို လာပါဦး...အမေမြရဲ့သားလေးက ဘာတွေများ အိပ်မက်မက်နေရတာလဲ "

" သားအိပ်မက်လား... သားလေ အိပ်မက်ထဲမှာ လူတစ်ယောက်ကို တွေ့တယ်...အဲဒီ့လူကလေ ဝရန်တာလက်ရန်းပေါ်မှာ ရပ်နေတာ သူခုန်ချလိုက်မှာကို သားကတအားကြောက်နေတာ ဘာလို့တအားကြောက်နေတာလဲတော့ သားလည်း မသိဘူး ပြီးတော့ သားက သူများကို စိတ်ပူတတ်တဲ့လူမျိုးမှမဟုတ်တာ"

ကမ္ဘာငယ်နဲ့အဆက်အသွယ်ပြတ်ရန် တစ်မိနစ်အလိုWhere stories live. Discover now