အပိုင်း ( ၃၉ ) - နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ

20 4 0
                                    

(unicode)


" မောနင်း ညီညီရေ ကိုကို့ညီလေးရေ မနက်စာစားရအောင် "

မျက်လုံးမဖွင့်သေးပေမယ့် ကျွန်တော် ပြုံးလိုက်မိသည်။အခုဆို မနက်တိုင်း အိပ်ရာလာနှိုးမယ့် အစ်ကို တစ်ယောက် ကျွန်တော့်မှာ ရှိနေပြီ မလား။

" ဒီနေ့ ကားတွေ လှည့်မှာ ကလေးတွေ ဘယ်ပွိုင့်ကနေ ကြည့်မလဲ "

" အိမ်နားကပဲ ကြည့်ရအောင်လေ ကိုဦး အကုန်လာမှာပဲကို "

ဘုရားကားတွေက သီတင်းကျွတ်လမပြည့်ခင် တစ်ရက် ၊ လပြည့်နေ့ တစ်ရက်နဲ့ လပြည့်ကျော် တစ်ရက် ဆိုပြီး သုံးညလှည့်သည်။ကိုယ်ကြိုက်နှစ်သက်ရာ အဆိုတော်ပါတဲ့ကားနောက်ကို တစ်ညလုံးလိုက်ကြည့်ရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်ပါ။

" သည်းငယ်က မြို့ဦးကား ကြည့်ချင်တာ
ရဲရင့်အောင်ပါလို့ "

" ငါကတော့ နံတော်စဥ်ပဲ ရွှေထူးနဲ့ X box ပါတယ် "

ပျဥ်းမနားသူလေးအထာနဲ့ ရှင်ထူးသာက ဝင်ပြောလိုက်တော့ အားလုံးက ရယ်လိုက်ကြသည်။

ည ၈ နာရီလောက်မှာ စလှည့်တာမို့ လမ်းထိပ်ကို အားလုံး ထွက်လာကြသည်။
အောက်တိုတာဟာ နောက်ဆုံးမိုးရွာပြီးကတည်းက ဆောင်းရဲ့အငွေ့အသက်တွေကို စတင်ထုတ်လွှတ်လာသည်။

Hoodie ဆင်တူလေးတွေနဲ့ ဂျင်းဘောင်းဘီအရှည် ဝတ်ပြီး အားလုံး ဓာတ်ပုံရိုက်ကြသည်။အထူးသဖြင့် ခရမ်းနုရောင် hoodie နဲ့ ချောမောနေတဲ့ မင်းသားလေး တစ်မိုးအောက်ကို ရှုထောင့်ပေါင်းစုံကနေ ဓာတ်ပုံရိုက်ပေးကြသည်။

" ကိုကို ကိုကိုနဲ့တူတူရိုက်မယ် "

ကိုကို့ကျောပေါ် ကျွန်တော်ခုန်တက်ရင်း လက်နှစ်ချောင်းထောင်ထားလိုက်သည်။ကိုကိုကတော့ ထုံးစံအတိုင်း အေးအေးချမ်းချမ်း ပြုံးနေလေသည်။

" တစ်မိုး နင်တော်တော်ပိန်သွားတယ် "

အတည်ပေါက်လေသံကြီးနဲ့ ရှင်ထူးသာက ပြောလာတာမို့ ကျွန်တော် ဖုန်းမှန်ထဲကို ကြည့်လိုက်မိသည်။

" ဒါပေမယ့် ပိန်သွားတာတောင် ညီညီက ချောနေတုန်းပဲကွာ "

ရွှတ်နောက်နောက် ပြောလိုက်တဲ့ ကိုကို့စကားအဆုံးမှာ ကျွန်တော် အပါအဝင် အားလုံးက ရယ်မိကြသည်။ပိစိကတော့သူ့ဦးကို ဟတ်ထုတွေ ပစ်ပေးရင်း ဦးအတော်ဆုံးပဲ လုပ်နေသည်။ လိုက်လည်း လိုက်လွန်းတဲ့ နှစ်ယောက်ပါပဲ။

ကမ္ဘာငယ်နဲ့အဆက်အသွယ်ပြတ်ရန် တစ်မိနစ်အလိုWhere stories live. Discover now