Zawgiဒီလိုနဲ့ hoseok ကိုခေါ်ပြီးလေဆိပ်မှာ namjoonကိုသွားကြိုတော့ လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်ပေမယ့် ပေါ့ပေါ့ပါးပါးဝတ်စုံကိုဝတ်ထားပြီး ဘေးလွယ်အိတ်လေးတစ်လုံးနဲ့ထွက်လာတဲ့ namjoonကိုတွေ့လိုက်တယ် မတွေ့ရတာအတော်ကြာပြီဆိုပေမယ့် ဝတ်စားဆင်ယင်ပုံကအရင်တုန်းကအတိုင်းပဲဘာမှမပြောင်းလဲပါ့လား ကျွန်တော်တို့နှစ်ယောက်ရော namjoonရော ဝမ်းသာအားရနဲ့နှုတ်ဆက်ဖို့မျက်နှာချင်းဆိုင်ခပ်သွပ်သွပ်လျှောက်လာတုန်း အနားရောက်တော့ namjoonလက်မောင်းကိုအားပါပါနဲ့ထိုးလိုက်တဲ့ hoseok...
"အ့...သေပါပြ်ီ"
"သေစမ်း...ပြန်လာရဲသေးတယ်နော် ခွေးကောင်"
"မင်းကွာ တွေ့တွေ့ချင်းဒီလိုနှုတ်ဆက်ရလား အရင်အတိုင်းလက်သန်ပြောင်တုန်းပဲ နာတာ"
"ပြောစမ်းပါဦး မပြောမဆိုထွက်သွားပြီး မပြောမဆိုနဲ့ရောက်လာရတဲ့အကြောင်းလေး"
"အေးပါ...ငါလည်းမင်းတို့ကိုပြောစရာတေရှိတယ်"
ဒီလိုနဲ့သုံးယောက်သား စကားပြောဖို့လေဆိပ်နားက coffeeဆိုင်လေးတစ်ဆိုင်မှာထိုင်ဖြစ်ကြတယ်...
"ဒါနဲ့ Jin....yoonieကိုဘာလို့မခေါ်ခဲ့တာလဲ"
"မပြောချင်ပါဘူး...သူ့အကောင်ဆီရောက်နေတယ်"
"ဘာ?...yoonieရည်းစားရသွားတာလား"
မျက်လုံးပြူးမျက်ဆံပြူးနဲ့ မေးလာတဲ့ namjoonကြောင့်သက်ပျင်းချမိတယ်...အင်းလေ သူငယ်ချင်းသုံးယောက်ထဲမှာ ကိုယ်တစ်ယောက်ကပဲ တစ်ဦးတည်းသောသားမဟုတ်ပဲ ချစ်စရာညီလေးရှိနေတော့ သူတို့နှစ်ယောက်ကလည်းငယ်ငယ်ကတည်းက yoongiကိုဆိုညီအရင်းလိုချစ်ကြတာ...အခုရည်စားရသွားပြီဆိုတော့အံ့သြမှာပေါ့ ကောင်းတဲ့ရည်စားရထားတာမဟုတ်လို့ အက်အကြောင်းပြောရမှာကလဲ...ဂုဏ်ယူစရာမရှိ
"အေးကွာ... ပြောမရလို့သာ ခွင့်ပြုပေးထားတာ...ငါတော့အဲ့ဒီကောင်ကိုလုံးဝကြည့်မရဘူး"
"ကောင်ဆိုတော့...မဟုတ်မှ...ယောကျာ်းလေးလား"
"ဟုတ်တယ် namjoonရေ...ကောင်ကိုမှနာမည်ဆိုးနဲ့ကျော်ကြားတဲ့တကယ့်ကောင်"