u n i c o d e
အောက်ဆုံးက TN/ ကိုဖတ်ရင် ပိုပြီးနားလည်ပါလိမ့်မယ်။
___________________________________တစ်စုံတစ်ယောက်က မင်းကိုချစ်လာဖို့
မင်းအမိန့်ပေးလို့မရဘူး......
___________________________________3rd person pov
~~~~~~~~~~~~~~In Wang Yibo Palace
°°°°°°°°°°°°°°°°°°°°°°°°°
(ဝမ်ရိပေါ်ရဲ့နန်းတော်ထဲ၌)ရိပေါ်ဟာရှောင်ကျန့်ကိုကြည့်နေတုန်းဖြစ်တယ်။ သူ့ရဲ့မျက်လုံးတွေဟာ ဒေါသနဲ့မုန်းတီးမှုကြောင့် နီရဲနေတုန်းဖြစ်တယ်။ ရှောင်ကျန့်ဟာလည်း ရိပေါ်ရဲ့မျက်လုံးတွေကို တိုက်ရိုက်ကြည့်နေခဲ့လေတယ်။ အဲ့ဒါဟာ ရိပေါ်ကိုပိုပြီး ဒေါသဖြစ်စေလေတယ်။ ညစ်ညမ်းတဲ့ omega တစ်ယောက်ကသူ့ကိုတည့်တည့်ကြည့်နေတယ်?။ သူဘယ်လိုလုပ်ရဲရတာလည်း? ထိုအရာတွေဟာ ရိပေါ်ရဲ့စိတ်ထဲမှာ ဖြစ်ပေါ်နေလေတယ်။ ရှောင်ကျန့် ဟာသူ့ကိုနားမလည်စွာပဲကြည့်နေခဲ့လေတယ်။
'သူကဘာလို့ဒေါသထွက်ရတာလည်း? ငါက omega တစ်ယောက်ဖြစ်ပြီး သူက Lycan King တစ်ယောက်ဖြစ်သော်ငြားလည်း ငါတို့က Mate (အိမ်ထောင်ဖက်) တွေပဲမဟုတ်လား? ဒါဆိုသူ့မှာဘယ်လိုဒေါသမျိုးဖြစ်နေရတာလည်း?'
ရှောင်ကျန့်ဟာသူ့စိတ်ထဲမှာပြောနေလေတယ်။
''uh.....''
ရှောင်ကျန့်ဟာ တစ်စုံတစ်ခုကိုပြောဖို့ပြင်လိုက်ပေမယ့် ရိပေါ်ဟာသူ့ကို ထပ်မံတားဆီးလိုက်လေတယ်။''မင်းရဲ့ပါးစပ်ကိုပိတ်ထား!!!! လို့ငါပြောနေတယ်။ ''
ရိပေါ်ဟာအော်ဟစ်လိုက်တယ်။ဒီတစ်ကြိမ်မှာတော့ရှောင်ကျန့်ဟာ နာကျင်မှုကိုခံစားရလေတယ်။ Mate ဆိုတာသူတို့ရဲ့ပထမဦးဆုံးတွေ့ဆုံမှုမှာတစ်ယောက်ကိုတစ်ယောက်ပြုံးပြသင့်တယ်မဟုတ်လား? Mate ဆိုတာတစ်ယောက်ကိုတစ်ယောက်ရှာတွေ့တဲ့အခါ တစ်ယောက်နဲ့တစ်ပွေ့ဖက်ပြီး ပျော်ရွှင်လာရမှာမဟုတ်ဘူးလား? ရှောင်ကျန့်ရဲ့ဦးနှောက်ထဲမှာထိုမေးခွန်းတွေဟာ ပြည့်နှက်လို့လာလေတယ်။ ရှောင်ကျန့်မျက်ဝန်းတို့ဟာ မျက်ရည်ဝိုင်းလို့လာလေြပီ။
ရိပေါ်ဟာအသက်ကိုပြင်းပြင်းရှူလိုက်လေတယ်။ သူရဲ့ဒေါသကိုထိန်းဖို့ သူ့ရဲ့မျက်လုံးတွေကိုမှိတ်လိုက်လေတယ်။ ထို့နောက်မျက်လုံးပြန်ဖွင့်လိုက်ပြီး ရှောင်ကျန့်ကိုကြည့်လိုက်လေတယ်။ သူဟာထပ်မံဒေါသထွက်လာပြီး မျက်လုံးတွေကအနီရောင်ပြောင်းတော့မလိုဖြစ်သွားပေမယ့် သူ့ကိုယ်သူပြန်ထိန်းလိုက်လေတယ်။
YOU ARE READING
The Lycan King's Omega Mate
Fanfictionဘာသာပြန်ထားသောဝတ္ထု။ This is a translation fiction. သူဟာ Lycan ဘုရင်တစ်ပါးဖြစ်တယ်။ သူ့အသက်ဟာ 1086 နှစ်ရှိပြီဖြစ်သည်။ သူ့ရဲ့နာမည်ဟာ ဝမ်ရိပေါ်။ သူဟာ vampire တစ်ဝက် wolf တစ်ဝက်ဖြစ်ပြီး အဲ့ဒါကပဲသူကို ကမ္ဘာပေါ်မှာကြောက်စရာအကောင်းဆုံး Lycan ဖြစ်စေတယ်။ ယခု...