episode-2(end)

228 14 3
                                    

u n i c o d e

အခုည 11 နာရီရှိပြီဖြစ်ပြီး ရှောင်ကျန့်ဟာ မီးဖိုဆောင်မှာသာရှိနေသေးလေတယ်။ ရှောင်ကျန့်ဟာဘာမှမစားရသေးလေဘူး။ အဲ့ဒါဟာအဆန်းတော့မဟုတ်လေဘူး။ တစ်ခါတစ်လေ သူဟာတစ်နေ့လုံး,တစ်ခါတစ်လေ တစ်ညလုံးဘာမှမစားလေဘူး။ တစ်ခါတစ်လေ 24 နာရီလုံးလုံးဘာမှမစားလေဘူး။ အိုမီဂါတွေကို မျိုးနွယ်စုအိမ်မှာ အစားစားခွင့်မပြုထားလေဘူး။ သူတို့မှာအစားစားလို့ရတဲ့အိမ်ငယ်လေးတွေရှိလေတယ်။ တစ်လကုန်ဆုံးတဲ့အခါလစာရပြီး အဲ့ဒီလစာနဲ့ သူတို့လိုချင်တာမှန်သမျှ သူတို့အိမ်ငယ်လေးတွေထဲကို ဝယ်ယူလို့ရလေတယ်။(*2)ဒါပေမယ့် ရှောင်ကျန့်မှာတော့ သူ့မိဘတွေချန်ခဲ့တဲ့ သူတစ်ယောက်ထဲနေတဲ့ ကိုယ်ပိုင်နှစ်ထပ်အိမ်ငယ်လေးရှိလေတယ်။ သူဟာမီးဖိုဆောင်မှာ အလုပ်လုပ်တာကြောင့် တစ်နေ့လုံးအလုပ်လုပ်ရတယ်။ အဲ့ဒါဟာသူဘာလို့အစားအများများမစားပဲ တစ်နေ့ထက်တစ်နေ့ပိန်လာရခြင်းပဲ ဖြစ်တယ်။

မျိုးနွယ်စုဝင်တွေအားလုံးဟာ အခုညစာစားနေပြိီဖြစ်တယ်။ 1 နာရီနဲ့ 20 မိနစ်ကြာပြီးတဲ့နောက်မှာ မျိုးနွယ်စုဝင်တွေအားလုံးဟာ ညစာစားလို့ပြီးသွားလေပြီ။ ရှောင်ကျန့်ဟာ ပန်းကန်တွေအားလုံးကို မီးဖိုဆောင်ထဲသယ်သွားပြီး စတင်ဆေးကြောလေတော့သည်။ ရုတ်တရက်ပဲသူဟာ ဝမ်းဗိုက်ထဲမှာအလွန်အမင်းနာကျင်မှုနဲ့အတူ ရင်ဘတ်ထဲမှာလောင်ကျွမ်းနေသလိုမျိုး ခံစားလိုက်ရလေတယ်။ ရှောင်ကျန့်ဟာချက်ချင်းပဲသူ့ရဲ့ ရင်ဘတ်နဲ့ဗိုက်က်ိုတင်းတင်းဆုပ်ကိုင်ထားပြီး ကြမ်းပြင်ပေါ်ကိုထိုင်ချလိုက်လေတယ်။ ထိုနာကျင်မှုဟာ မခံမရပ်နိုင်လောက်အောင်ပဲ။ သူဟာကျယ်လောင်စွာအော်ငိုပစ်လိုက်ချင်ပေမယ့် မျိုးနွယ်စုအိမ်တော်ထဲမှာသာရှိနေသေးတဲ့အတွက် သူဟာဘာမှလုပ်လို့မရလေဘူး။ 15 မိနစ်ကြာပြီးတဲ့နောက်မှာ ထိုနာကျင်မှုဟာ ဖြေးဖြေးချင်းရပ်သွားလေတယ်။ သို့သော်လည်းသူဟာ မတ်တပ်ထရပ်ဖို့အတွက် အလွန်ကိုထုံထိုင်းစွာခံစားနေရသေးလေသည်။(*3)

''ငါဒီလိုနာကျင်မှုမျိုးတစ်ခါမှမခံစားဖူးဘူး ဒါဘာဖြစ်တာလည်း?''
ရှောင်ကျန့်ဟာ အားနည်းစွာရေရွတ်လေတယ်။

The Lycan King's Omega MateWhere stories live. Discover now