arc(2.6)

1.9K 240 50
                                    


Zawgyi

ဒီနေ့ သူတို့ bcityကိုသွားပြီး ဆေးဝါးနဲ့ ရိက္ခာရှာသွားဖို့ပြင်ဆင်နေတော့တယ်။ အခုဆိုလူတွေကတဖြည်းဖြည်းများလာပြီး နောက်၅ရက်လောက်ဆို အစားအစာနဲ့ဆေးဝါးပြတ်လတ်တော့မှာကြောင့် ခုလိုစွန့်စားဖို့လူကြီးကဆုံးဖြတ်လိုက်သည်။ zombie ကာကွယ်ဆေးကဖော်စပ်နေတုန်းရှိသေးတယ် ၊ ဖြေဆေးဖော်စပ်နိုင်မလားဆိုတာတော့ အာမမခံနိုင်တာကြောင့် သူ့ရဲ့missionက ကျဆုံးဖို့အလားအလာများတယ်။ သူအတွေးနယ်ချဲ့နေတုန်း ဂျီယောင်းရောက်လာကာ အနောက်ကနေဖတ်ကာ ပုခုံးပေါ်မေးတင်ပြီး

"baby ဘာတွေတွေးနေတာလဲ "

"ဘာမှမဟုတ်ပါဘူး လူကြီးရော သွားဖို့အကုန်အဆင်သင့်ပြင်ပြီးပြီလား "

"အင်း အခုbabyကိုလာခေါ်တာ နောက်မကျခင်သွားစို့ ကိုယ့်နားမှာဘဲနေနော် "

လူကြီးရဲ့စိုးရိမ်နေတဲ့ မျက်ဝန်းတွေကြောင့် သူလဲပြုံးကာ ခေါင်းညိတ်ပြလိုက်တယ်။ အပြင်ထွက်လာတော့ ကား၃စီးနဲ့ လူ၇ယောက် ၊ သူရယ် လူကြီးနဲ့ ချန်ယောတို့က တစ်စီး ၊ ဂျီဟွန်းနဲ့ ဇာတ်လိုက်မကတစ်စီး ၊ ကျန်နှစ်ယောက်တစ်စီး ၃စီးbcityကိုထွက်လာခဲ့တယ်။Bcityကိုရောက်ဖို့တစ်ရက်အချိန်ယူလိုက်ရပြီး လမ်းမှာလဲ zombie အများအပြားကိုတွေ့ခဲ့ရတယ်။ သူတို့လဲ ဆေးရုံကိုအရင်သွားကာဆေးဝါးပစ္စည်းတွေအရင်ယူခဲ့ပြီး နောက်မှ မောထဲဝင်ကာစားစရာတွေယူဖို့ ဆုံးဖြတ်ခဲ့သည်။

"ကလေး ကိုယ့်နားမှာဘဲနေနော် "

ဆေးရုံထဲဝင်သွားတော့ပထမအထပ်မှာ zombieအနဲငယ်သာတွေ့တာကြောင့် အနဲငယ်အံ့အားသင့်ရတယ်။ ​နောက်အထပ်တွေ သွားကာ ယူစရာရှိတာတွေအမြန်ယူပြီး ထွက်ဖို့ပြင်တော့ အန္တရာယ် အငွေ့အသက်ကိုရတာကြောင့် စက်ဝိုင်းပုံစံလုပ်ကာ သေနတ်နဲ့ချိန်ထားလိုက်တယ်၊

^host အမြန်ပြေးတော့ မျိုးကွဲzombieတွေလာနေပြီ ^

"Fuckဘဲ "

systemစကားကြောင့် သူလဲတစ်ချက်ဆဲကာ အမြန်အသိပေးရတော့တယ်။

"ပြေးတော့....zombieတွေလာနေပြီ "

သူု့စကားကြောင့် အကုန်လုံးက ပြေးဖို့ပြင်ပင်မဲ့နောက်ကျသွားပြီး ၃ကောင်က ရောက်လာတော့တယ်။သေနတ်တွေနဲ့ ဝိုင်းပြစ်ပင်မဲ့  အခုဒီကောင်တွေက လျှင်မြန်ပြီး အသိစိတ်အနဲငယ်ရှိလာတာကြောင့် ရှောင်တိမ်းနိုင်လေသည်။ သေနတ်သံကြောင့် zombieတွေကပိုများလာပြီး အချိန်ထပ်ဆွဲနေရင်အကုန်သေကုန်တော့မှာကြောင့် သူလဲဓားကိုကိုင်ပြီး မျိုးကွဲzombie၃ကောင်ဆီပြေးဝင်ကာ ခေါင်းတွေဖြတ်ကာ သတ်လိုက်တော့တယ်။ ကျန်တဲ့ zombie တွေကိုလဲ မြန်မြန်လတ်စသတ်လိုက်ပြီးတဲ့အချိန်မှာ အနောက်ကနေဆွဲဖက်ခံရပြီး

 Villian'sWhere stories live. Discover now