arc- 1.6(လူးဆာ ဘဝ)

3.7K 424 33
                                    

Zawgyi

         ကားထဲကနေပြီးတော့.......အနောက်တိုင်းဝတ်စုံကိုမှ နက်ကတိုင်မပါဘဲ ဝတ်ဆင်ထားပြီး ကုပ်အင်္ကျီအောက်က အဖြူရောင် ရှပ်အင်္ကျီကို ကြယ်သီး၃လုံးလောက်ဖြုတ်ဝတ်ထားတယ်။ သူကတော့...ခင်ဗျားတို့ထင်တဲ့အတိုင်း ခရစ်မတ်ဘဲဖြစ်တယ်။ ခရစ်မတ်က သူ့ညီဂျော့ကိုကြည့်ပြီး...

      "ဘယ်ကောင်က....ငါ့ညီကို ရိုက်ရလောက်အောင် သတ္တိတွေရှိနေတာလဲ? "

ခရစ်မတ်က သူ့ညီးနားပြေးသွားပြီး ..​အေးစက်စက်လေသံနဲ့မေးပြီး....ဘေးနားမှာလဲ အေးစက်စက်အရှိန်ဝါတွေနဲ့......

       "ခင်ဗျားညီကို ကျနော်ရိုက်လိုက်တာ..."

လူးဆာပြောသာပြောလိုက်ရတာ ကြောက်တော့ကြောက်တယ်ရယ်။ [အဟမ်း...ငါကြောက်တာမဟုဘူးနော်။ အခုခေါင်းကဒဏ်ရာကြောင့် ချရင်မနိုင်မှာစိုးလို့ရယ်။ ငါကြောက်ချင်လို့မဟုတ်ဘူး၊ ဒဏ်ရာကြောင့်မို့လို့နော်။] စိတ်ထဲကနေတွေးပြီး... systemလေးကို လှမ်းခေါ်လိုက်တယ်။

       ^system.....ဇာတ်လိုက်က ငါ့ကိုမသတ်လောက်ပါဘူးနော်။ ^

       ^သတ်လဲသေလိုက်ပေါ့....hostရယ်၊ ^

       ^ငါ မိန်းမတောင်မယူရသေးဘူးကွ ၊ ငါမူလဘဝကလို faဘဝနဲ့သေရတော့မှာလား ^

        ^systemလဲ မပြောတတ်ဘူး ။ ဇာတ်လိုက်က hostကိုမချစ်သေးဘူးလေ။ သူက ဂျော့ကိုချစ်နေတုန်းဘဲ ၊ hostအတွက် ပြစ်ဒဏ်ချဖို့ အထက်ကို သွားတင်ပြထားပေးရ မလား ^

        ^လိုးဘဲ....ကူညီမယ်မကြံဘူး ။ သောက်သုံးမကျတဲ့system ^

systemနဲ့စကားပြောနေရင်း လူက တဖြည်းဖြည်းနဲ့ အားနည်းလာပြီ အရှေ့က ဇာတ်လိုက်ကောင်ကလဲ သူ့ကိုကြည့်နေတာ ဘာမှလဲမပြောတာကြောင့်........

      "ကျနော်သွားတော့မယ်။ မကျေနပ်ရင် ကြိုက်တဲ့အချိန်ရှင်းလို့ရတယ်။ "

သူ့ညမကိုခေါ်ပြီး... ထွက်သွားဖို့လုပ်နေတုန်း....ခရစ်မတ်ကနေပြီးတော့....

      " တိုနီ.မင်းတို့ဒုသခင်လေးကို ဆေးရုံခေါ်သွားလိုက်.. "

 Villian'sOnde histórias criam vida. Descubra agora