The Villagers Love It Too{Part-9}
(ရွာသားလည်းချစ်တတ်တယ်)
"Bus Stopလားးး""ဟုတ်ပါတယ်ဗျ.....ကူညီနိုင်မလား"
"ပြောတာကပြောပြလို့ရပါတယ်....ဒါပေမယ့်လမ်းလျှောက်သွားလို့bus stopရောက်ရင်ရှောင်းကျန့်ကျောင်းနောက်ကျမှာ"
"အာ....ေ၀းလို့လားးဗျ"
"အင်းးးးအတော်သွားရဦးမှာ....ဒီလိုလုပ်လေ.....ကျွန်တော်လိုက်ပို့ပေးပါ့မယ်....ရှောင်းကျန့်စိတ်အနှောက်ယှက်မဖြစ်ရင်ပေါ့"
ကိုယ်နဲ့မသိတဲ့လူတစ်ယောက်ကကူညီပေးမယ်ဆိုတော့ရှောင်းကျန့်အားနာသလိုတော့ဖြစ်မိသား။သို့သော်လည်းအဲ့လိုမှမလုပ်ရင်သူကျောင်းနောက်ကျတော့မည်။ပထမဆုံးကျောင်းတက်ရက်မို့ရှောင်းကျန့်နောက်မကျချင်ပါ။ထို့ကြောင့်လည်း ထိုလူစိမ်း၏ကူညီမှုကိုလက်ခံရန်ဆုံးဖြတ်ခဲ့သည်။
"မဟုတ်တာဗျာ....အခုလိုကူညီပေးတာဘဲကျေးဇူးတင်ပါတယ်"
"ရပါတယ်.....အဲ့ဒါဆိုကားပေါ်တက်လေ...နောက်ကျနေဦးမယ်"
ကျန်းချန်ကားတံခါးဖွင့်ပေးလိုက်တော့ကျေးဇူးတင်စွာပြုံးပြရင်းကားပေါ်တက်လာသောရှောင်းကျန့်။အပြုံးချိုချိုအောက်မှာထွက်ပေါ်လာသောယုန်သွားလေးကထိုကောင်လေး၏အပြုံးအားပိုတောက်ပစေသည်။
လမ်းတစ်လျှောက်မောင်းနှင်လာသည့်ကားပေါ်တွင်တိတ်ဆိတ်ငြိမ်သက်စွာလိုက်ပါလာသည့်ရှောင်းကျန့်ဆိုသောထိုလူသားကတစ်စုံတစ်ခုကိုတွေးတောနေပုံရသည်။တိတ်ဆိတ်ခြင်းကိုမနှစ်သက်သည့်ကျန်းချန်ကထိုတိတ်ဆိတ်မှုကိုဖြိုခွဲရန်ကြိုးစားလိုက်ပြီးးးရှောင်းကျန့်ဘက်လှည့်ကာ.....
"ဒီကရှောင်းကျန့်နော်"
"ဟုတ်ပါတယ်ဗျ"
"အင်းးးကိုယ့်နာမည်ကကျန်းချန်ပါ....Yiboရဲ့အချစ်ဆုံးသူငယ်ချင်းတွေထဲကတစ်ယောက်ပါ....နောက်တစ်ယောက်နာမည်ကဟောက်ရွှမ်းတဲ့"
"ဟုတ်ကဲ့....ကျွန်တော်မှတ်ထားလိုက်ပါ့မယ်"
"ဦးလေးအိမ်ကကားလိုက်မပို့ဘူးလား....လမ်းလျှောက်ပြီးBus stopကိုသွားမှာဆိုတော့Busနဲ့သွားမလို့လား"
YOU ARE READING
💞The Villagers Love It Too💞
Fanfiction💞The Villagers Love It Too💞 ကုက္ကိုလ်တန်းရွာလေးတွင်နေထိုင်သောရွာသားလေးရှောင်းကျန့်တစ်ယောက်တက္ကသိုလ်မြေ၌ပညာဆက်လက်သင်ကြားနိုင်ရေးအတွက်မြို့ပေါ်ရှိမိဘများ၏မိတ်ဆွေအိမ်တွင်တည်းခိုရန်ရောက်ရှိသွားရာမှ အိမ်ကြီးရှင်သူဌေးသားလေးနှင့်တွေ့ဆုံမိသောအခါ...... မတူ...