💞ရွာသားလည်းချစ်တတ်တယ်💞
Part-15"ရှောင်းကျန့်.....ဘယ်လိုနေလဲ....မင်းအဆင်ပြေရဲ့လား"
"ပြေပါတယ်"
ပြေပါတယ်ပြောနေပေမယ့်တကယ်တမ်းအဆင်မပြေတာရှောင်းကျန့်ကိုယ့်ကိုသာသိသည်။စောစောကသွေးပူနေတုန်းမို့လို့ဘာမှမဖြစ်သော်လည်းသွေးအေးသွားသည်ကတစ်ကြောင်း၊ကားစီးနေရသည်ကတစ်ကြောင်းမို့ရှောင်းကျန့်ခေါင်းမူးလာသည်။Yiboမေးသံကိုကြားလိုက်သော်လည်းဘေးသို့လှည့်မကြည့်နိုင်တော့။လွယ်အိတ်ကိုယူကာခေါင်းနောက်တွင်ခုလိုက်ပြီးသက်သာလိုသက်သာငြားကားထိုင်ခုံပေါ်သို့မှီချလိုက်သည်။
ရှုပ်ထွေးနေသည့်ကားလမ်းပေါ်၌Yiboကားကိုဂရုတစိုက်မောင်းနှင်နေရင်းမီးပွိုင့်မိသွားသည်မို့ကားရပ်ကာရှောင်းကျန့်ကိုကြည့်မိတော့ထိုင်ခုံပေါ်မှီကာမျက်စိမှိတ်ထားသောရှောင်းကျန့်ကတကယ်အဆင်ပြေသည့်ပုံမပေါ်။
"မဖြစ်တော့ဘူးထင်တယ်....အိမ်ဘဲပြန်ရမလားးးဒီနားကဆေးခန်းဘဲသွားရမလားး"
ကြံရာမရသည့်အဆုံးးးးကားဒက်ရှ်ဘုတ်ပေါ်တင်ထားသောဖုန်းကိုယူကာအိမ်ဖုန်းကိုခေါ်လိုက်ပြီးးးးး
"ဟဲလို....မိသက်...အေးးးမားကိုမိသားစုဆရာ၀န်ခေါ်ထားပေးဖို့ပြောပေးဦးးးနင်လျှာရှည်လိုက်တာ....မားကိုအဲ့လိုဘဲပြောလိုက်ဒါဘဲ"
ခဏအကြာ......
"လာလာ...."
လာလာဆိုပြီးကားတံခါးဖွင့်ကာလာတွဲသောYiboကြောင့်ရှောင်းကျန့်ငေးကြောင်ကြည့်နေမိသည်။ဒါကိုသိသောYiboက......
"သွားမယ်လေ....ဘာတွေကြောင့်ကြည့်နေတာလဲ"
ခဏအကြာ၀မ်မားထွက်လာပြီးYiboတွဲထားသောရှောင်းကျန့်အားတွေ့သည်မို့....
"အယ်....သားကျန့်ကဘာဖြစ်လို့သားYiboကတွဲလာတာလဲ"
ဘယ်သူ့ကိုရည်ရွယ်ပြီးမေးမှန်းမသိပေမယ့်ရှောင်းကျန့်ကဘဲ၀မ်မားမေးခွန်းကိုဖြေလိုက်သည်။
"ဘာမှမဖြစ်ပါဘူးအန်တီ....ခေါင်းနည်းနည်းပေါက်သွားတာပါ"
YOU ARE READING
💞The Villagers Love It Too💞
Fiksi Penggemar💞The Villagers Love It Too💞 ကုက္ကိုလ်တန်းရွာလေးတွင်နေထိုင်သောရွာသားလေးရှောင်းကျန့်တစ်ယောက်တက္ကသိုလ်မြေ၌ပညာဆက်လက်သင်ကြားနိုင်ရေးအတွက်မြို့ပေါ်ရှိမိဘများ၏မိတ်ဆွေအိမ်တွင်တည်းခိုရန်ရောက်ရှိသွားရာမှ အိမ်ကြီးရှင်သူဌေးသားလေးနှင့်တွေ့ဆုံမိသောအခါ...... မတူ...