Wolfwalkers Intro

70 4 0
                                    

"ဂျူဆောင်းကို ကာကွယ်စောင့်ရှောက်သူအရှင်က သိမ်းလိုက်ပြီတဲ့!!!!!!!"

အော်ဟစ်ပြီးပြေးလာတဲ့မွန်း

"မွန်း မင်းဘာပြောလိုက်တာလဲ"

"အကို ကျွန်တော် သိုးသိမ်းရင်း တောင်ဘက်ကကြားလာတာ ဗျ ဂျူဆောင်းကိုသိမ်းတော့မယ်တဲ့"

"ဟာ မင်းဟာကဟုတ်ရဲ့လား"

"ကျွန်တော်လဲမသိဘူး သူတိူ့ပြောတာတော့ညနေဆိုရောက်မယ်တဲ့"

"အဲဆို ဂျူဆောင်းအရှင်ရော သူဆိုသိမယ်ထင်တယ် ငါတိူ့သွားမေးသင့်တယ်"

"အဲဆိုမြန်မြန်သွားကြရအောင် ရွာကလူတွေလဲ ကြောက်နေကြတယ်"

___________________________________________

ဂျူဆောင်း တောင်တန်းစိမ်းကြီးတွေ တော‌တွေပတ်ပတ်လည်ကာရံထားတဲ့ ရွာငယ်လေး
ရွာလေးဟာအေးအေးချမ်းချမ်း
တောင်ယာလယ်စိုက် လုပ်ငန်းလေးတွေနဲ့ အသက်မွေးကြတဲ့ရိုးသားတဲ့ရွာသူရွာသားများ

သူတိူ့ကြောက်တာက ဂျူဆောင်းတောတဲ့က ဝံပုလွေတွေကိုကြောက်ကြတယ်
ဘာလို့ဆို သိုးတွေ နွားတွေ ကိုလာလာစားသောက်လေ့ရှိကြလို့တဲ့

ဝံပုလွေတွေသောင်းကျန်းတဲ့နေ့ဆို
ဘယ်လို‌ခြောက်လန့်လန့် ကြောက်လန့်မသွားတဲ့ ဝံပုလွေတွေ နောက်ဆုံး သိုးထိမ်းရင်း
လူအနည်းဆုံး၅ယောက်လောက်စောင့်ကြည့်ရတဲ့အဖြစ်

လူတွေကိုတော့အန္တရာယ်တစ်ခုမပေး သူတိူ့အစာရရင်တောထဲပြန်ဝင်သွားကြတယ်

အခုတော့သာယာနေတဲ့ ဂျူဆောင်းလေးကို သိမ်းပိုက်ကြတော့မယ်

"မွန်း ဂျူဆောင်းအရှင်ကိုတွေ့လား ငါရှာတာနေရာစုံနေပြီမတွေ့ဘူး"

"အကိုကျွန်တော်လဲမတွေ့ဘူး"

ထိုအချိန်

မြင်းခွာသံများနဲ့ လူအများအပြား ရွာထဲ၀င်ရောက်လာခဲ့သည်

ထိုလူအများ များကြားမှ စစ်သည်တော်တစ်ယောက်က

"မင်းတို့ ဂျူဆောင်းကို မင်းတိူ့အရှင်က
ကာကွယ်စောင့်ရှောက်သူအရှင် ဆီ
ကို ရောင်းခဲ့ပြီ "

"အခုမင်းတို့က ကာကွယ်စောင့်ရှောက်သူအရှင်ရဲ့ သုံ့ပန်းကျွန်တွေဖြစ်သွားပြီ"

"ဟာ အဲလိုလုပ်လို့မှမရတာ"
"ငါတို့ကိုရောင်းလို့မရဘူးလေ ငါတို့ကိုယ်ငါတို့ပိုင်တယ်"
"ဂျူဆောင်းအရှင်က ဒီလိုလုပ်မှာမဟုတ်ဘူး"
"မင်းတို့ညာနေကြတာ"......
စသည်ဖြစ် ဆူညံလာသည့် ရွာသူရွာသားများဧ။်အသံများ

"မင်းတို့ထဲက လယ်ယာလုပ်သားတွေနဲ့
တိရစ္ဆာန်ကျောင်းတဲ့ လူတွေရှေ့ထွက်ခဲ့
မိန်းမတွေနဲ့ ကလေးတွေနေခဲ့"

ကာကွယ်စောင့်ရှောက်သူအရှင်

" ဒီလူတွေကို
ဂျူဆောင်းရွာကိုဖျတ်ပြီး ရဲ‌တိုက် ဆောက်ဖို့ နည်းလမ်းပြလိုက် ရက် ၃၀အချိန်ပေးမယ်"

"တောကိုလည်း နည်းနည်းစီရှင်းသွားမယ်
ဝံပုလွေတွေကိုလည်း သုတ်သင်ဖို့
သားလိုက်မုဆိုးရှိတယ်"

"ကင်မ်ဝူဂျင်း ရှေ့ထွက်ခဲ့"

"အမိန့်တော်အတိုင်းပါအရှင်"

"တောထဲက ဝံပုလွေတွေ ရှင်းပစ်ဖို့မင်းမှာ တာဝန်အပြည့်ရှိတယ်"

"ဟုတ်ကဲ့ပါအရှင်"

"မင်းရဲ့သားကိုမင်းတောလိုက်တိုင်း
မင်းနောက်မလိုက်ခိုင်းပဲ
ဒီကစစ်သည်တွေရဲ့ အလုပ်ကူဖို့ထားခဲ့ရမယ်"

"အမိန့်အတိုင်းပါ အရှင်"

"မင်းရဲ့သားက အသက်ဘယ်လောက်လဲ"

"၁၇ပါ အရှင်"

"ဟုတ်ပြီ "

"ကဲ အားလုံး ဒီနေ့ ကစပြီး ရဲ‌တိုက်ဆောက်ဖို့အသင့်ပြင်ထားကြ "

"ကာကွယ်ရှောက်စောက်သူဆိုတာ အကောင်း‌ဆူံးတွေယူဆောင်လာတဲ့လူ ဘုရားသခင်က လွှတ်‌လိုက်တဲ့ သားတော်ပဲ"

"ဘယ်သူမှအာမခံနဲ့ အခုမင်းတို့ ရွာကလူတွေအကုန်ငါ့လက်ထဲမှာပဲဆိုတာ မြဲမြဲမှတ်ထား"

_//jaehyung//_
wolfwalkersလေးကို ၁ပတ်ကို ၃ရက် ရေးပေးပါ့မယ်

WOLFWALKERSWhere stories live. Discover now