Unicode,
(Seok Jinကိုတွေ့ပြီးကတည်းက Tae Hyungမှာသွားလည်းဒီစိတ် စားလည်းဒီစိတ် နောက်ဆုံး...အိပ်ပြီဆိုရင်တောင်မျက်လုံးမှိတ်လိုက်တိုင်း သူ့မျက်နှာလေးကိုဘဲမြင်ယောင်လာပြန်တယ်)
(အဲ့တာကြောင့်Seok Jinအကြောင်းတွေကိုလိုက်စုံစမ်းကြည့်တော့ ဆွေမျိုးသားချင်းမရှိဘူးဆိုဘဲ သူ့ထက်အသက်ပိုကြီးတဲ့လူတွေကိုကြိုက်တယ် အထူးသဖြင့်Sugar Daddyကြီးတွေ နောက်တစ်ချက်ကြောင့်Tae Hyungအနည်းငယ်တော့တွေဝေမိတယ်"ငွေကြိုက်တာ သူကငွေအရမ်းကြိုက်တယ်"တဲ့)
(အင်းလေသူလည်းသူဘဲ စားဝတ်နေရေးရှိသေးတော့ ပိုက်ဆံမက်တာမစမ်းပါဘူးလေလို့စဥ်းစားလိုက်ပေမယ့် တကယ်တမ်းကြတော့ ဒါကြီးကမဟုတ်သေးပါဘူး)
(ငါမှာလည်းငွေရှိတယ်လေ သူ့ကိုသူကြိုက်တဲ့ငွေနဲ့ဘဲဝင်လုံးလိုက်ရမလားလို့စဥ်းစားလိုက်ပေမယ့် သူ့အချစ်ကအဲ့လောက်ထိအပေါ်စားမဆန်မှန်းTae Hyungသူ့ကိုယ်သူသိသည်)
(သူအများကြီးမျှော်လင့်မထားပါဘူး သူမျှော်လင့်ထားတာလေးတစ်ခုက Seok Jinသူ့ကိုပြန်ချစ်လာဖို့တစ်ခုထဲသာ...)
(အဲ့တာကြောင့်Seok Jinနဲ့အတတ်နိုင်ဆုံးအနီးစက်ဆုံးဖြစ်အောင်သူကြိုးစားချင်တယ်)
(ငွေကြောင့်မဟုတ်ဘဲ သူ့ရဲ့စစ်မှန်တဲ့အချစ်တွေနဲ့ Seok Jinရဲ့လွဲမှားနေတဲ့အတွေးလေးတစ်ချို့ကိုသူပြင်ပေးချင်သေးတယ်)
(ဒါကြောင့်ဘဲ ဘာစည်းစိမ်ဥစ္စာမှမရှိတဲ့ Kim Tae Hyungဆိုတဲ့ကောင်လေးအဖြစ်နဲ့ Seok Jinအနားကိုသူချဥ်းကပ်လာခဲ့တယ်)
...............................................
Seok Jin-အေးအေးဆေးဆေးနဲ့ လွတ်လွတ်လပ်လပ်သာနေTae Hyung ဒီအိမ်မှာငါတစ်ယောက်ထဲနေတာ
Tae Hyung-ဟုတ် ကျေးဇူးတင်ပါတယ်Hyg
Seok Jin-မလိုပါဘူး ကျေးဇူးဆိုတာကြီးကဝါးစားလို့လည်းမရဘဲနဲ့
Tae Hyung-ဒါပေမယ့် ကျွန်တော်ကတော့အဲ့စကားလေးကိုကြိုက်တယ်
Seok Jin-အေး...ကိုယ့်ဟာကိုယ်ကြိုက် ငါကတော့မကြိုက်ဘူး ပိုက်ဆံဘဲကြိုက်တယ်
Tae Hyung-Hygကတစ်ယောက်ထဲသမားလေ ဘာလို့ပိုက်ဆံမက်တာလည်း
Seok Jin-ပိုက်ဆံရှိရင်ဘာမဆိုလုပ်လို့ရတယ်လေ ကိုယ်ကြိုက်တဲ့ပစ္စည်းတွေလည်းဝယ်လို့ရတယ် ကိုယ်စားချင်တာတွေလည်းစားလို့ရတယ် သုံးချင်တာတွေဖြုန်းချင်တာတွေကိုရောကိုယ့်စိတ်ကြိုက်သုံးလို့ဖြုန်းလို့ရတယ်...နောက်ဆုံး အချစ်ကိုတောင်ပိုက်ဆံနဲ့ပေးဝယ်လို့ရတယ်
YOU ARE READING
အချစ်ရဲ့ ညီမျှခြင်း(Completed)
FanficUnicode, ချစ်နဲ့ ညီမျှတာဘာလည်း? ပျော်ရွှင်မှုလား? ဒါမှမဟုတ် ပိုက်ဆံလား? Zawgyi, အချစ်နဲ့ ညီမျှတာဘာလည်း? ပျော်ရွှင်မှုလား? ဒါမှမဟုတ် ပိုက်ဆံလား? Tae Hyung×Seok Jin Taejin