Part 4

114 3 0
                                    

ကျေးဇူးကွာ။မင်းသာ မကူညီရင် ငါ လက်တွေ့ခန်းမှာ ငုတ်တုပ်ထိုင်နေရမဲ့အပြင် စာတွေပါ ပြန်ကူးရတော့မှာ။

တကယ်ပင် ကောင်းခန့်ကို သာမကူညီလျှင် သူရတစ်ယောက် အဆူခံရမဲ့အပြင် စာတွေပါပြန်ကူးရမှာ အသေအချာပင်။

ရပါတယ်။အချင်းချင်းဘဲ။နောက်လည်း အကူအညီလိုရင်ပြော။ငါတတ်နိုင်သလောက် ကူညီပေးမယ်။

အင်း။မင်းလည်း စာနားမလည်တာရှိရင် ငါ့ကိုမေးလေ။ငါ တတ်သလောက်ရှင်းပြပေးမယ်။

အင်း။မင်းပြောမှ သတိရတယ်။ငါ chemistryက ch...က ပုစ္ဆာ....ကို မတွတ်တတ်တော့ဘူး။မင်း ညကျ ရှင်းပြဦး။

အင်း။ရှင်းပြမယ်လေ။ဘယ်ချိန်လောက်လည်း။

အင်း  ၈နာရီလောက် လိုင်းတက်ခဲ့လေ။အဲ့မတိုင်ခင်က ငါမအားလို့။

ok ok.

သူရတစ်ယောက် ကောင်းခန့်ကို ကို  မနက်က လူကိုယ်တိုင် ကျေးဇူးတင်စကားပြောပြီးပြီဆိုပေမဲ့ ယခု ဖုန်းနဲ့နောက်တစ်ချိန် ထပ်ပြောလိုက်မိသည်။လူဆိုတာ ကျေးဇူးသိတတ်ရတယ်လေ။မဟုတ်ဘူးလား။

"ညီနေ့လည်စာ သွားစားမယ်လေ။"

"အော် ဟုတ် အကို။"

Canteen သွားတဲ့လမ်းမှာ တစ်ခုခုကို စဥ်းစားနေသည့်အကိုမင်းသီဟကြောင့် သူရရော မေမြတ်နိုးပါ တိတ်တိတ်ကလေး နေလိုက်သည်။

"ကဲ ဘာစားကြမှာလဲ။"

"သမီးက ပရူးထမင်းကြော်။"

"Ok ညီကကော ဘာစားမှာလဲ။"

"အင်း...ကျွန်တော့်ကိုလည်း ပရူးထမင်းကြော်မှာပေး။"

"Ok ok ဟို ဦးလေးရေ ကျွန်တော်တို့ ဝိုင်းကို ပရူးထမင်းကြော် ၃ပွဲချပေးပါ။"

"အေး အေး။"

Canteenမှာ နေ့လည်စာ စားဖို့ မှာပြီးနောက် သူရတို့ ၃ယောက် ကိုယ်စီဖုန်းထုတ်သုံးနေသည်။မင်းသီဟကတော့ လက်ထဲမှာ ဖုန်းကိုင်ထားပေမဲ့ စိတ်ကဖုန်းစီမှာ မရှိ။မနက်က သူရနဲ့ အတူရီမောကာ စကားတွေပြောနေသော ကောင်လေးစီသာ ရောက်နေသည်။

"ကိုကြီးသီရေ ခနနေကျ ကျောင်းပြင်ထွက်ပြီး စတိုးဆိုင် ခနသွားရအောင်။မြတ်နိုး ဘောပင်ဝယ်ချင်လို့။"

ချစ်နေသေးသည်...သို့သော်... (ချစ်နေသေးသည်....သို့သော်....)Where stories live. Discover now