"ကဲကဲ တော်ပြီ စာအုပ်တွေသိမ်းကြတော့။လွယ်အိတ်တွေကိုနောက်ဆုံးခုံအလွတ်မှာ သွားတင်ကြတော့။အော် မေ့လို့ ဖုန်းတွေကော လွယ်အိတ်ထဲထည့်ထားခဲ့ကြနော်။"
"ဟုတ်ကဲ့။"
"Yes sir!""ဟေ့ရောင်တွေ စာအုပ်တွေသိမ်းတော့ဟ။စိတ်အေးအေးထားပြီးသာ ဖြေခဲ့ကြ။မင်းတို့ဖြေနိုင်မှာပါကွာ။"
ခုမှ အသည်းအသန် ခဲမှန် စာအုပ်ထဲခေါင်း၀င်နေသော ကောင်းခန့်ကျော်နဲ့ အောင်ဘုန်းပြည့်တို့ကို သူရ လှမ်းသတိပေးလိုက်သည်။ထိုအခါ သူ့အားပြန်ကြည့်သည့် ကောင်းခန့်ကျော်နဲ့ အောင်ဘုန်းပြည့်မျက်နှာလေးတွေက သနားစရာ။
"ဟေ့ရောင် သူရ ငါတို့Roll နံပါတ်လျောသွားရင် ရှက်စရာကြီးနော်။"
ရှုံ့မဲ့မဲ့နှင့် ပြောလာသော အောင်ဘုန်းပြည့်။
"အန် ဘာပြောလိုက်တာလဲ။"
ဘေးနားက စာအုပ်ထဲခေါင်း၀င်နေတဲ့ ကောင်းခန့်ကျော်က နားစွန်နားဖျားကြားက အူလယ်လယ်နဲ့မေးပြန်ရော။
"ဟားဟား....မင်းတို့ကောင်တွေနှယ် ။အဲ့လောက်ကြီးတောင် ကြောက်နေရလား။ခုဖြေမှာ tutorialနော်။ပထမနှစ်၀က်စာမေးပွဲမဟုတ်ဘူးလေ။ဘယ်လိုလုပ် Roll နံပါတ်တွေ ပြောင်းမှာလဲဟ။"
သူရ ရယ်ကာ ပြောလိုက်မှ ၂ယောက်သား စပ်ဖြီးဖြီးဖြင့်
"ဟဲ ဟဲ ဟုတ်သားဘဲ။"
"ကဲကဲ အကုန် အတန်းအပြင်ထွက်ကြ။နေရာတွေ ချိန်းပေးမယ်။၁တန်းကို ၃ယောက်မထိုင်ရဘူး။၂ယောက်ဘဲထိုင်ရမယ်။"
"ဟုတ်ကဲ့!"
သူရတို့ သူငယ်ချင်း၃ယောက်လည်း အတန်းအပြင်ထွက်ရပ်နေလိုက်သည်။
"ကဲ Roll 1က ဟို နေရာ၊ 2က ဟိုနား 3က ဟိုသွား............."
မကြာခင်ပင် နေရာတွေချပြီးသွားသည်။
"Hello သူရ"
"ဟာ ကောင်းခန့်ကို။"
သူရ၁ယောက် ထိုင်ရမဲ့နေရာရောက်တော့ စာရေးကိရိယာတွေပြန်စစ်နေချိန် ဘေးနားလာထိုင်ရသူကို မော့မကြည့်မိ။ဘေးနားကအသံကြားမှ ဘေးကိုကြည့်မိတော့ သူနဲ့တူတူထိုင်ရတဲ့သူက ကောင်းခန့်ကို။
YOU ARE READING
Romanceအပေးအယူမညီမျှခဲ့တဲ့ ချစ်သူ၂ဦးနဲ့ ဗီလိန်မဟုတ်သော တတိယလူ။ သူတို့၃ဦးကြားက ဇာတ်လမ်းက ပျော်ရွှင်စရာ အဆုံးသတ်လား။၀မ်းနည်းဖွယ်ရာလား။တိတိကျကျမသတ်မှတ်နိုင်ပေမဲ့ ၃ဦးလုံးရဲ့ ရင်ထဲမှာတော့ အဲ့ဇာတ်လမ်းလေးက စွဲထင်ကျန်ရစ်နေမှာပါ။ အေပးအယူမညီမွ်ခဲ့တဲ့ ခ်စ္သူ၂ဦးနဲ...