အခန်း(၁)

1.6K 66 3
                                    

သူ့ကို အရမ်းချစ်တယ်ဆိုရင် သဘာဝအလျောက် anti-fan ဖြစ်သွားမယ်

(၁)

လု့ကျန်က နာမည်ကြီးမော်ဒယ် ရှန့်ရွှင်ရဲ့ လက်ထောက်တစ်ယောက်။ သူမ ထိုအလုပ်လုပ်နေခဲ့တာ ၃နှစ်တောင် ရှိပါပြီ။ သူမဟာ လက်ထောက်အုပ်စုထဲသို့ ပစ်ချခံရလျှင် မတွေ့နိုင်လောက်သည့် လက်ထောက်သေးသေးလေးပါ။

ဟုတ်တာပေါ့၊ သူမမှာ တခြားအထောက်အထား တစ်ခုရှိပါသေးသည်။

သူမက ရှန့်ရွှင်ရဲ့ ပထမဆုံး၊ ဦးနှောက်သေနေသည့် fangirl တစ်ယောက်ဖြစ်သည်။

စတူဒီယိုမှာ လူတွေပြည့်နေသည်။ ထောင့်တစ်နေရာမှာ လု့ကျန်ကတော့ ကီးဘုတ်ရဲ့ ကွဲအက်သံကြောင့် နိုးလာပြီး သူမမျက်မှန်ကို ပင့်တင်လိုက်သည်။ မြှားတံလေးက ဖိုရမ်ရဲ့ မူရင်းစာမျက်နှာကို ရွေ့သွားခဲ့သည်။ သူမက နှစ်ချက်နှိပ်လိုက်ပြီး အခွဲဆောင်းပါးဆီ ဝင်လိုက်သည်။ ထို့နောက်သူမက ကွမ့်ရွှေ့ကို နှိပ်လိုက်သည်။

{ကွမ့်ရွှေ့- အင်တာနက်ဖိုရမ်များပေါ်တွင် ပြောဆိုသော တန်ဖိုးနည်းမက်ဆေ့ဂျ်များ။ အသုံးပြုသူ၏ အပြုအမူကို အဓိပ္ပါယ်မရှိသော စကားများဖြင့် တုံ့ပြန်ခြင်း သို့မဟုတ် တူညီသောစကားများကို ထပ်တလဲလဲ အသုံးပြုခြင်း သို့မဟုတ် မသက်ဆိုင်သော စတစ်ကာများ၊ အီမိုဂျီများကို အသုံးပြုခြင်း}

[ကွမ့်ရွှေ့လုပ်နေသည်] နတ်ဆိုးရှန့်ရဲ့ ပုံတူအသစ်/ ကျိုးကြောင်းဆက်စပ်ပြီး screenကို လျက်နေမိပြီ]

{screenကို လျက်နေမိပြီ - တစ်စုံတစ်ယောက် အွန်လိုင်းပေါ်တွင် ဆက်ဆီကျသည့်သူ၏ ဓာတ်ပုံ၊ ဗီဒီယိုများ တင်သောအခါ သို့မဟုတ် စားကောင်းသောက်ဖွယ်များ တင်သောအခါ ကြည့်ရှုသူက အွန်လိုင်းပေါ်မှ ငိုကြွေးနေသည်ကို ဖော်ပြသော ဗန်းစကားတစ်ခုဖြစ်တယ်}

စာမျက်နှာကို တင်လိုက်ပြီးနောက် screenပေါ်တွင် ဆွဲဆောင်မှုရှိသည့် အမျိုးသားတစ်ဦး ပေါ်ထွက်လာသည်။ ထိုပုံက မကြာသေးခင်ကမှ ထွက်သည့် ရှန့်ရွှင်မဂ္ဂဇင်းက ဓာတ်ပုံပဲဖြစ်သည်။ သူ့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းက ဗလာဖြစ်နေပြီး ပျော့ပျောင်းသော ပိတ်သား အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။

Am I Your Favorite Anti-fan?Where stories live. Discover now