အခန်း(၂)

388 56 3
                                    

အောင်မြင်သည့် anti-fan တစ်ယောက် ဖြစ်လာခြင်း

(၂)

အစတုန်းကတော့ လု့ကျန်က anti-fan မဟုတ်ခဲ့ပါ။ anti-fan မဟုတ်ခဲ့ပေမဲ့ အလွန် ကျိုးကြောင်းဆင်​ခြင်နိုင်သည့် ပရိတ်သတ်တစ်ယောက်ပါ။

ပထမကတော့ သူမဟာ အခြား fangirl တွေလို ခံစားခဲ့ရသည်။

"ဘာလို့ ငါ့တို့ နတ်ဘုရားက နာမည်မကြီးရတာလဲ။ ငါ့တို့ နတ်ဘုရားက အရမ်းကောင်းတဲ့ဟာကို။ ဘာလို့ သူက နာမည်မကြီးရတာလဲ။ ငါတို့ နတ်ဘုရားက စကြာဝဠာထဲမှာ အကောင်းဆုံးလူလို့ တစ်ကမ္ဘာလုံးကို သိစေချင်တယ်!"

တစ်ရက်တွင် သူမကို ရှန့်ရွှင်ရဲ့ လက်ထောက်အဖြစ် ခန့်အပ်ခြင်းခံရသည့် အကြောင်းကြားစာကို လက်ခံရရှိသော် နောက်ဆုံးမှာတော့ သူမအနေနဲ့ အလင်းရောင်ကို မြင်ခဲ့ရပြီ ဖြစ်သည်။

သူမ anti-fan ဖြစ်ဖို့ လိုနေပြီ။

ထို့ကြောင့် လု့ကျန်သည် အဓိကဖိုရမ်၊ Weibo၊ Tieba စသည့် App များမှ account များစွာ ဖွင့်ထားခဲ့သည်။

ကြက်ဥကြော် သိုဝှက်ထားသောလက်ကလေးက anti-fan ဖြစ်နေခဲ့တာ ၃နှစ်ရှိပါပြီ။ ထိုအရာလေးက ရှန့်ရွှင်ကို အသရေဖျက်ဖို့ အတွက်သာ အထူးပြုခဲ့ပြီး ရှန့်ရွှင်ကိုသာ ကဲ့ရဲ့သည်။ ထိုအရာလေးသည် စုပေါင်းအုပ်စုများမှ ပြစ်တင်ရှုတ်ချခံရသည်။

ဒီသတင်းကို ကြားကြပြီ ဖြတ်သွားဖြတ်လာတွေ တော်တော်လာကြသည်။ သူတို့ဟာ ကြက်ဥကြော်ရဲ့ Weibo account ကို ဟိုမွှေဒီမွှေလုပ်ပြီးနောက် သူတို့ဟာ တဖြေးဖြေး ရှန့်ရွှင့်အပေါ် ကိုယ်ချင်းစာစိတ်ဖြင့် ငိုရှိုက်မိကြပြီး သူ့ပရိတ်သတ် ဖြစ်လာကြသည်။

လောလောဆယ်မှာတော့ ရှန့်ရွှင်ရဲ့ Weibo မှာ သန်းပေါင်းများစွာသော ပရိတ်သတ်တွေ ရှိလာပြီဖြစ်သည်။ အခြေခံအားဖြင့် တက်ကြွသော ပရိတ်သတ် ၃ပုံ၁ပုံလောက်သည် ဒီ ID နာမည်ကို ရင်းနှီးကြသည်။

ထိုအချိန်မှာပဲ ဝတ်စုံတွေကိုင်ထားသည့် လက်ထောက်အေက သူမအနားသို့ လျှောက်လာပြီး စကားပြောလာသည်။

"လု့ကျန် ဒီဝတ်စုံတွေကို အဝတ်လဲခန်းထဲ ယူသွားပေးပါ။ နောက်အပိုင်း ရိုက်ကူးရေးအတွက် အရေးတကြီး လိုအပ်နေလို့"

Am I Your Favorite Anti-fan?Where stories live. Discover now