အခန်း(၃)

293 52 3
                                    

anti-fan ၏ ကိုယ်တိုင် စိုက်ပျိုးမှု

(၄)

လု့ကျန်က သုံးနှစ်လုံး ရှန့်ရွှင်ရဲ့ လက်ထောက်အဖွဲ့ထဲတွင် စေ့စေ့စပ်စပ်နှင့် ဝီရိယစိုက်ထုတ်ကာ အလုပ်လုပ်ခဲ့သည်။

အစပိုင်းတွင် လု့ကျန်သည် နတ်ဘုရားကို လျက်မည့်အကြံဖြင့် ရောက်လာခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် နောက်ဆုံးတော့ သူမသည် တရားဝင် ဂျုနီယာလက်ထောက် ဖြစ်လာပြီး အထွေထွေကိစ္စများကို လုပ်ရသည့် သေးငယ်သော လက်ထောက်လေးအဖြစ်မှ ရာထူးတိုးခဲ့သည်။

ရှန့်ရွှင်က သူ့အလုပ်ဘဝတွင် ပုံမှန်အားဖြင့် လွတ်လပ်သည်။ သူသည် ပုံမှန်အားဖြင့် လက်ထောက်မလိုအပ်ပါ။ ထို့ကြောင့် လု့ကျန်ကို တရားဝင် ငှားရမ်းခဲ့သော်လည်း သူမတွင် လုပ်စရာအများကြီး မရှိပါ။ ပုံမှန်အားဖြင့် သူမက အလုပ်သွားကာ နတ်ဘုရား အနားလျှောက်သွားပြီး သူ့ကို လျက်ဖို့ ကြိုတင် လျက်ဖို့ကြံနေခဲ့သည်။ .. အားလုံးကို ခြုံကြည့်လိုက်ရင် ဤအလုပ်က အရမ်းကောင်းသည့် အလုပ်ပေ။

(Ray- လျက်တယ်ဆိုတာ ငမ်းတာကို ပြောချင်တာပါ အစ်မတော်က ဖုန်းပေါ်က ငမ်းရတာ အားမရလို့ အပြင်ထိပါ လိုက်ငမ်းတာ🤣)

ဟုတ်တယ်မလား ...

လု့ကျန်သည် ရှန့်ရွှင်၏ အရှေ့ရှိ ice cream cupcake ကို နောက်တစ်ကြိမ် ကိုင်လိုက်ပြီး မှင်တက်မိသွားသည်။

"ကြည့်ရတာ မှားဝယ်လာတဲ့ပုံပဲ။ အဝါရောင် မက်မွန်သီးအရသာကို မစားချင်ဘူး" ရှန့်ရွှင်က မျက်မှောင်ကြုတ်လိုက်သည်။ "ငါ ဘာလုပ်သင့်လဲ"

အ.. အ.. သူက မျက်မှောင်ကြုတ်လိုက်တာတောင် ကြည့်ကောင်းနေတုန်းပဲ!

လု့ကျန်မျက်နှာ ထူပူသွားသည်။

နတ်ဘုရားရဲ့ ပြဿနာက ငါ့ပြဿနာပဲ!

နတ်ဘုရားရဲ့ ပြဿနာကို ငါဂရုစိုက်ရမယ်!

သူမက အခိုင်အမာ ဆိုလိုက်သည်။ "စိတ်မပူပါနဲ့။ ကျွန်မ။ ကျွန်မ အစ်ကို့​ကို ကူညီပေးပါ့မယ်"

Am I Your Favorite Anti-fan?Where stories live. Discover now