Part 29 (U&Z)

10.1K 458 9
                                    

Zawgi

ခွန်သာ ကော်ဖီခွက်လေးကိုင်ပီး ဈာန်ရဲ့အခန်းရှေ့ရပ်လိုက်သည်။

"ဒေါက် ဒေါက်"

"ဒေါက် ဒေါက် ဒေါက်"

တံခါးခေါက်ပေမဲ့လဲ အထဲကဘာသံမှမကြားရတာကြောင့် တံခါးကိုအသာလေးဖွင့်ပီးဝင်လာခဲ့သည်။

"ဘယ်ရောက်သွားတာလဲ ရေချိုးခန်းထဲမှာများလား ဒီချိန်ကြီးရေချိုးနေတာလား"

"ကျွီ"

ခွန်သာတစ်ယောက် အခန်းထဲမှာကော်ဖီခွက်လေး ကိုင်ပီး နှုတ်ခမ်းလေးဆူပီး​တိုးတိုး တိုးတိုးပြောနေတဲ့အချိန်ပွင့်လာတဲ့ရေချိုးခန်းတံခါးကြောင့် ခေါင်းလေးစောင်းပီးလှည့်ကြည့်လိုက်သည်။

ရေချိုးခန်းထဲကထွက်လာတဲ့ဈာန်က ခါးမှာ Towelအကြီးကိုပတ်ထားပီး Towelအသေးကိုခေါင်းသုတ်နေတဲ့ဈာန်ရဲ့ပုံစံက အရမ်းရမ်းကိုမှဆွဲဆောင်မှုရှိသည်။ခန္ဓာကိုတောင့်တောင့်တင်းတင်းကြီးပေါ်မှာရေစက်ပေါက်လေးတေကတွဲခိုနေပီ ခေါင်းပေါ်ကရေတွေကလဲကြမ်းပြင်ပေါ်ကိုတစ်စက်ချင်းကျနေသည်။

ခွန်သာမှာတော့ အရှေ့က အိင်္ကျီမပါတဲ့သူကြောင့် ရှက်လွန်းလို့ ခေါင်းကြမ်းပြင်ထဲထိုးဝင်မတတ် အပ်ထားသည်။မျက်နှာတွေရောနားရွက်ဖျားနေရောခရမ်းချဉ်သီလုံးလိုနီရဲနေပီး တစ်ကိုယ်လုံးကလဲ ပန်းရောင်သန်းနေသေးသည်။

ဈာန်တစ်ယောက်ရေချိုးမယ်ဆိုပီး ခုတင်ပေါ်ခဏလှဲလိုက်တာအိပ်​ပျော်သွားတာကြောင့် နိုးနိုးချင်းရေထချိုးလိုက်သည်။ ပြန်ထွက်လာတော့ ဟိုကောင်လေးကကော်ဖီခွက်ကိုင်ပီးရပ်နေတာကြောင့် ကြည့်လိုက်တော့ ရှက်နေတဲ့ပုံစံလေး တစ်ကိုယ်လုံးရဲ့တွတ်နေတာ ခေါင်းကလဲမြေကြီးထဲဝင်မတတ်ငုံ့ထားသေးသည်။

သေချာကြည့်မိတော့ ဝတ်ထားတဲ့အိင်္ကျီကအပြာနုရောင်အစင်းရှပ်အိင်္ကျီလက်ရှည်ပွပွကြီး ဘောင်းဘီကဒူးလောက်အပြာရင့်ရောင်ရယ်ဝတ်ထားတဲ့ ကောင်လေးက အိင်္ကျီအကြီးကြီးထဲမှာမြုပ်နေသည်။အိင်္ကျီကော်လံနားက ကြယ်သီးသုံးလုံးကိုလဲဖြုတ်ထားတာကြောင့် ပေါ်နေတဲ့လည်ပင်းလှလှလေး။အိင်္ကျီလက်ထဲကနေထွက်နေတဲ့လက်ချောင်လေးတွေကနီတာရဲလေးတွေရယ် အဓိက ကတော့နှုတ်ခမ်း အဲ့နှုတ်ခမ်း သေးသေးလေးတွေက ဆေးကူမပါပဲရဲနေတာလေး။

My Baby's Father is not You (Complete)Where stories live. Discover now