Zawgi
ခွန်သာ ကျောင်းမှာ Tutorialရှိတာကြောင့် ဟိုလူကြီးအတွက် မနက်စာပြင်ပေးခဲ့ပီး ရေခဲသေတ္တာမှာစာကပ်ခဲ့လိုက်သည်။
ကားမှတ်တိုင်မှာကားစောင့်နေတုန်း ကားပေါ်တတ်လာပီး အစောကြီးဆိုတာလူကသိပ်မရှိတော့ထိုင်ခုန်နေရာရတာနဲ့ထိုင်လိုက်ချိန်မှာတော့ ခေါင်းထဲကိုပထမဆုံးရောက်လာတဲ့ဟိုလူကြီး။
'မနက်စာရောစားပါ့မလား ဟင်းး ငါကသူ့ကိုစိတ်ပူနေတာပါ ငါအဲ့လူကြီးကိုဘယ်ချိန်ကချစ်မိလဲဆိုတာတော့ ငါကိုယ်တိုင်တောင်မသိလိုက်ပါလား သေချာတာတစ်ခုက ငါ့ရဲ့Frist Kissကို ယူသွားတဲ့ ဒီလူကြီးကို ငါရင်ခုန်မိနေပီ ငါရင်ခုန်သံကိုငါမညာချင်တော့ဘူး'
ဟုတ်ပါတယ် ခွန်သာအဲ့နေ့ညက ဝေယံရဲ့မင်္ဂလာပွဲမှာ သူ့ကိုဝင်တိုက်ပီး သန့်စင်ခန်းထဲမှာသူ့ ကိုနမ်းသွားတဲ့သူ စစချင်းအနမ်းခံလိုက်ရတုန်းက လူကရှက်တာရော ဒေါသထွက်တာရော နမ်းတဲ့သူက ယောက်ျားတစ်ယောက်ဖြစ်နေတာရော ပေါင်းပီးထိုးလိုကွမိပေမဲ့ အိမ်ပြန်ရောက်တော့ အဲ့အကြောင်းတေပြန်တွေးပီး ရင်ခုန်ခဲ့ရသည်။ နောက်ကျတော့ ပါပါးကိုဖမ်းသွားတဲ့ဒီလူကြီးကိုစိတ်ဆိုးခဲ့ပေမဲ့ သူ့အကြည့်ဆူးဆူးတေကြောင့် ခဏခဏရင်ခုန်ခဲ့ရတယ်။ ဒါပေမဲ့လဲမဖြစ်နိုင်ဘူးလေ သူ့ကိုသေလောက်အောင်မုန်းနေတဲ့ဒီလူကြီးကိုမှ သူကချစ်မိနေတာကို။ဒါပေမဲ့စိတ်ချပါ ကျွန်တော်သူ့ကိုချစ်နေတယ်ဆိုတာ ဘယ်တော့မှသူသိအောင်မဖွင့်ပြောဘူး။ကျွန်တော့ အချစ်ကိုရင်ဘတ်ထဲမှာပဲထည့်ပီးသိမ်းထားမှာပါ။
{A/N ပေါက်စလေးတို့ ဈာန်ကြီး ခွန်သာလေးကို ပထမဆုံးသန့်စင်ခန်းထဲမှာ နမ်းခဲ့တာမှတ်မိကြလား😁}
ခွန်သာလဲကျောင်းရောက်တော့ ကားပေါ်ကဆင်းပီးကျောင်းထဲအပြေးဝင်လိုက်သည်။
ဈာန်ကုမ္ပဏီထဲဝင်တာနဲ့ ဝန်ထမ်းတေအားလုံးခေါင်းငုတ်အရိုအသေပေးကြပေမဲ့ ဈာန်ကတော့ သူအတွက်ရိုးအီနေပီဖြစ်နေတာကြောင့် ခေါင်းတစ်ချက်ငြိမ့်ပြပီး သူ့ရဲ့ရုံးခန်းထဲသိုဝင်လာခဲ့သည်။
ရုံးခန်းရောက်တော့
"တီလေး"
"aww သား ရောက်ပီလား"
![](https://img.wattpad.com/cover/263424249-288-k280956.jpg)
ESTÁS LEYENDO
My Baby's Father is not You (Complete)
Romanceငါ မင်းမိဘတေကိုမုန်းတယ်ခွန်သာ အေ အဲ့လိုပဲ မင်းကိုလဲ ငါ မုန်းတယ် ပီးတော့မင်းကငါ့ရဲ့အရာရာဖြစ်နေတာကိုလဲ ငါမုန်းတယ် ဈာန်ကမ္ဘာ ခဗျားကျနော်ကို မုန်း ကြိုက်သလောက်မုန်း ကျွန်တော်လဲ ကျွန်တော်ကိုမယုံကြည်နိုင်တဲ့ ခ...