Bʀᴏᴡɴ Sᴄᴀʀғ 🧣

742 98 14
                                    

" စာလာတယ်ဗျို့ "

ရေချိုးပြီးကာစ Hoodie ခပ်ပွပွ နဲ့ ကော်ဖီဖျော်နေသောကျွန်တော် အိမ်ရှေ့ကအော်သံကြောင့် ခေတ္တ တွေဝေသွားတယ် ။

ငါ့ အိမ်ကိုလာတာရောဟုတ်ရဲ့လား ။

" ကလင် ကလင် "

ထပ်မံကြားလိုက်ရသော စက်ဘီးဘဲလ်တီးသံကြောင့် ကော်ဖီခွက်ကို ဧည့်ခန်းက စားပွဲပေါ်တင်ပြီး ကျွန်တော် အိမ်ရှေ့ကို အပြေးတစ်ပိုင်းထွက်လာလိုက်တယ် ။

" လာပြီဗျ .."

ခြံဝင်းအတွင်း ကျွန်တော်ကိုယ်တိုင် အစီအရီစိုက်ပျိုးထားသော စံပယ်ပန်းရုံများကို ဖြတ်ကျော်လျက် အိမ်ရှေ့ ဝင်းတံခါးလေးကိုရောက်တော့ စာပို့သမား အကိုက အပြုံးဖြင့်ဆီးကြိုတယ် ။

စာလက်ခံရရှိကြောင်းလက်မှတ်ထိုးပြီး စာလေးကိုယူတော့ အညိုရောင် စာအိတ်ကလေးနဲ့ ဆိုတော့ ကျွန်တော့်အကြိုက်အရောင်လေးဖြစ်လို့ အံ့ဩ မှင်တက်မိသေးသည် ။

ဘယ်သူကများ ထူးထူးဆန်းဆန်း စာပို့တာပါလိမ့် ။

သို့ ... မှူးသော်ခန့်
အမှတ် ၁၈ ရက်ကွက် ကလောမြို့

သေချာသည် ။ ကျွန်တော့်နာမည်နဲ့ ကျွန်တော့်လိပ်စာ ။

အပြင်က တိုက်လာသောလေအေးတစ်ချက်က ကျွန်တော့်ရဲ့ ခုန်နှုန်းမြင့်နေသော ရင်ဘတ်ကိုတစ်ချက်ကျီစယ်သည် ။

ရာသီဥတုကြောင့် Hoddie မှဦးထုတ်ကို ဆွဲဆောင်းလိုက်ပြီး ကျွန်တော်တစ်ယောက်တည်း နေရန် စိတ်ကြိုက်ဆောက်ထားသော တစ်ထပ်တိုက်ပုလေးထဲသို့ အမြန်ပြေးဝင်ရင်း ဆိုဖာပေါ်ထိုင်ချကာ စာအိတ်ကို ပုံပန်းမကျ ဖွင့်ဖောက်လိုက်သည် ။

" ဟင် "

စာအိတ်ထဲက ထွက်လာသော အရာတွင် ရေးထိုးထားသော နာမည်တစ်ခု ကြောင့် ကျွန်တော် အံ့ဩဝမ်းနည်း ခြင်း များကို တစ်ပွေ့တစ်ပိုက် ပြန်ခံစားလိုက်သည် ။

ကြည်လင်နေသော ကန်ရေပြင်ကို တစ်စုံတစ်ရာက နောက်ကျိသွားအောင် လှုတ်ခတ်လိုက်သလို စွမ်းအားများဖြင့် ထိုနာမည် ။

Has llegado al final de las partes publicadas.

⏰ Última actualización: Jun 17, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

A Bʀᴏᴡɴ Sᴄᴀʀғ Donde viven las historias. Descúbrelo ahora