Unicode
17နှစ်ကြာ တိုင်းတစ်ပါးကို ပြောင်းရွှေ့နေထိုင်ခဲ့ရတဲ့
ရှောင်းကျန့်ဟာ သူ့အသက် 30ပြည့်တဲ့နှစ်မှာတော့
သူ့ရဲ့ ဇာတိမြေဖြစ်တဲ့ ချုံချင်းမြို့လေးကို ပြန်လည် အခြေချဖို့ အကြောင်းဖန်လာခဲ့လေတယ်။ရှောင်းကျန့်ဟာ ချုံချင်းမြို့ကို သိပ်သဘောကျပါတယ် ရင်သပ်ရှုမောဖွယ် လှပတဲ့ တောတောင်ရေမြေရှုခင်းလေးတွေနဲ့ အတူ အင်း ..
သူ့အတွက်တော့ ငယ်ဘ၀ အမှတ်တရတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ နေရာလေးဆိုလည်း ဘယ်မှားလေမလဲ။မိဘတွေကြောင့်သာ ငယ်စဉ်ကတည်းက
ဩစတျေးလျမှာ ကျောင်းသွားတက်ရင်း
နေထိုင်ခဲ့ရပေမယ့် အရွယ်ရောက်လာတဲ့အခါ
သူဟာ အောင်မြင်တဲ့ ကာတွန်းရေးဆရာတစ်ယောက် ဖြစ်လာခဲ့တာနဲ့အတူ အမိမြေကို ပြန်လာချင်ခဲ့တဲ့ သူ့ရဲ့ စိတ်ကူးကို ခနတာ အောင့်အီးထားခဲ့ရပါတယ် တစ်နေ့"တော့ ရအောင် ပြန်မည်ဟု ကိုယ့်ကိုကိုယ် နှစ်သိမ့်ရင်းနဲ့ပဲ ...
အ့ဒီနေ့လေးဟာ ရောက်ရှိလို့ လာခဲ့ပါတော့တယ်။............................
"သား ဘယ်လိုလဲ အဆင်ပြေပြေ ရောက်သွားရဲ့လား? "
"ဟုတ် အဆင်ပြေပါတယ် မား အခု
သားတို့ အရင်နေခဲ့တဲ့ အိမ်ဟောင်းလေးကို Taxiစီးပြီး သွားနေတာ ခနနေ ရောက်တော့မှာ""ဟုတ်ပြီ သား မူးတာဝေတာတွေ ဘာတွေ မဖြစ်ဘူးမလား အိမ်ရောက်လည်း နား"နေ" နေနော်"
"မားရယ် မူးရဝေရအောင် သားက အရင်ကလို ကားမူး လေယာဉ်မူးတတ်တဲ့ ကလေးပိစိလေးမှ မဟုတ်တော့တာလို့ မားရဲ့သားက ခုဆို အသက်30ကျော် လူပျိုကြီးဖြစ်နေပါပြီနော် ဟွန့်
စိုးရိမ်တတ်ပါကော""အေးပါကွယ် ဘာမှမဖြစ်ရင် ပြီးတာပါပဲ
တစ်ခုခုဆို မားကို ဖုန်းလှမ်းဆက်နော် ကြားလား သား""ဟုတ်ကဲ့ပါဗျာ ဒါဆို အိမ်ရောက်တော့မှာမို့ သား ဖုန်းချလိုက်တော့မယ် ဘိုင့်ဘိုင်နော် မား love u"
"အေးအေး သားလေး love u too"
ရှောင်းကျန့်တစ်ယောက် စိတ်ပူလွန်းတတ်တဲ့ သူ့မားမားကြောင့် ဖုန်းကို အမြန် ချပစ်လိုက်ရသည်။
ဖုန်းပြောပြီးသည်နှင့် ကားလည်း ရပ်သွားခဲ့သည်။
YOU ARE READING
𝐿𝑜𝑣𝑒 𝑇𝑟𝑎𝑢𝑚𝑎
FanfictionTrauma is trauma ~ But it looks beautiful because of the trauma of love ~