Unicodeရှောင်းကျန့်တစ်ယောက် အတော်လေး ခရီးပန်းလာပုံရသည်။ ခနအကြာ အတွေးနယ်ချဲ့ပြီးနောက် ခလူးခလောနှင့် တစ်ချိုးတည်း အိပ်ပျော်သွားလိုက်တာ ညနေစောင်းမှ အိပ်မှုန်စုံဝါးနှင့် နိုးလာလေသည်။
ရှောင်းကျန့် ဘေးဘီဝဲယာကို လှမ်းကြည့်လိုက်တော့ မှောင်ရိပ်လေးတောင် သန်းချင်သယောင် ရှိပြီ။ လှဲနေရာမှ ထထိုင်လိုက်ပြီး'ဝှါးးးးး အိပ်ပျော်သွားလိုက်တာ မိုးတောင်ချုပ်တော့မှာပါလား' ဟု တွေးနေစဉ်ဗိုက်ထဲမှ ဂွီခနဲ မြည်လာသည်။
"အာ ဗိုက်ဆာလိုက်တာ လေယာဉ်ပေါ်က ဆင်းတည်းက ခုထိ ဘာမှမစားရသေးလို့ ဖြစ်မှာ ရေမိုးချိုးပြီး တစ်ခုခုတော့ အပြင်မှာ ထွက်စားဦးမယ်"
ရှောင်းကျန့် တစ်ယောက်တည်း ပြော"ဆို"နှင့် ရေချိုးခန်းထဲ အမြန်၀င်သွားလိုက်သည်။ရေမိုးချိုးပြီးတာနဲ့ ပေါ့"ပါး" ဖြစ်စေမယ့်
တီရှပ်အဖြူ နှင့် ဂျင်းပြာဘောင်းဘီကိုသာ အမြန်လဲပြီး ပိုက်ဆံအိတ်နှင့် ဖုန်းကို ယူကာ အိမ်မှ ထွက်လာလိုက်သည်။အပြင်ရောက်တော့ အမှောင်ရိပ်ပိုမိုသန်းလာပြီး
မိုးချုပ်စပြုနေလေပြီ။ လူကုန်ထံ အသိုင်းအဝိုင်းတွေချည်း နေတဲ့ နေရာမို့ထင်ပါရဲ့။ ဒီလိုအချိန်မျိုးဆို လူသွားလူလာက သိပ်မရှိသလောက်ပဲ။ရှောင်းကျန့်တစ်ယောက် လမ်းထိပ်ထွက်လိုက်တော့ ရင်းနှီးပြီးသား မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
မားမားကြောင့် မသွားချင်ပဲ သွားလိုက်ရတဲ့ နေ့ကနေအစပြုပြီး တစ်စုံတစ်ယောက်ကြောင့် နေ့တိုင်း အကြောင်းမရှိ အကြောင်းရှာ သွားဖြစ်ခဲ့တဲ့ နေရာလေးပေါ့။
ဟုတ်ပါတယ်.. ရှောင်းကျန့် စိတ်၀င်စားခဲ့မိသည့် ကောင်ငယ်လေးနှင့် အမှတ်မထင် တွေ့ဆုံစေခဲ့သော ကလေးကစားကွင်းလေးပင်ဖြစ်ပါသည်။
'ဒီကစားကွင်းလေးက ဆယ်စုနှစ်တစ်ခုကြာပြီးတာတောင် ခုချိန်ထိ ဒီနေရာမှာ ရှိနေတုန်းပါလား ထူးဆန်းလိုက်တာ အရင်လိုပဲ ညနေ၅နာရီဆို ပိတ်တယ် ထင်တယ် ကစားကွင်းထဲ ညကင်းစောင့် အစောင့်တစ်ယောက်ကလွဲရင် ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မတွေ့ရပါလား
အင်း.. မနက်ဖြန်ကျမှပဲ နောက်တစ်ခေါက် လာကြည့်ဦးမယ်' ဟု တွေးရင်း ဆက်လျှောက်လာလိုက်သည်။
YOU ARE READING
𝐿𝑜𝑣𝑒 𝑇𝑟𝑎𝑢𝑚𝑎
FanfictionTrauma is trauma ~ But it looks beautiful because of the trauma of love ~