Happy Family (Uni️)

317 8 0
                                    


Wang Yibo 24 years

For yibo birthday🎉

" ဝမ်လေး ကောမင်းကို ပြောစရာရှိတယ်"

" ပြောလေ ကျန့်ကော "

" မနက်ဖန်ကျရင် ကောတို့ ဒိတ်ရအောင် "

" ဗျာ ကော တ တကယ်ပြောတာလား"

" ဝူးဟူး ပျော်လိုက်တာ ကျနော်တို့ မဒိတ်တာတောင်ကြာပြီ "

"အဲ့လောက်တောင် ပျော်တာလား ဝမ်လေးရဲ့ "

" ဒါပေါ့ ကောရာ ကျနော်မပျော်ဘဲနေမလားဗျ "

"ကျနော်တို့ ချစ်သူဖြစ်ကာစ တခါနဲ့ ချစ်သူများ
နေ့တွေဘဲ ဒိတ်ခဲ့ရတာလေ ကောအလုပ်ကြော
င့်😞 "

" အာ ဝမ်လေးကလဲ ကော တောင်းပန်ပါတယ်
မနက်ဖန်ကစပြီး ကောမင်းကို အချိန်ပေးနိုင်
အောင်ကြိုးစားပါ့မယ်နော် နော်လို့ ဝမ်လေး "

ဆိုပြီး နှုတ်ခမ်းလေးဆူပြီး ပါပီeyeလေးနဲ့
ပုတ်ခပ်ပုတ်ခပ်နဲ့ ချစ်စရာကောင်းအောင်
လုပ်ပြနေတော့ ဒီက ကောင်က ခုနက
စိတ်မကောင်းဖြစ်သွားတာတောင် ဘယ်ရောက်သွားမှန်းမသိ
ဒီရှေ့က ယုန်ပေါက်က ကိုယ့်ထက်ခြောက်နှစ်
ကြီးတယ်ဆိုတာ ဘလိုယုံရမှာ
အ့ကြောင့် စိတ်မထိန်းနိုင်စွာ ရှေ့က ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းပြီး စတော်
ဘယ်ရီလိုနှုတ်ခမ်းလေးကို ပြွတ်စ် ဆိုပြီး တချက်
ပြီးမှ ရှက်ရဲရဲ မျက်နှာလေးကို တမွမွနဲ့ လိုက်နမ်း
တော့ ကောက တခစ်ခစ်နဲ့ ရယ်ရင်း မသိမသာလေးရုန်းနေလေတယ်

" ခစ် ခစ် ဝမ်လေး ယားတယ် မ••• ခစ် ခစ် မလုပ်နဲ့လို့ ခစ်••• ခစ် တော်တော့လို့ ဟ ဟ "

" ပြော နောက်ခါ အ့လို ချစ်ဖို့ကောင်းအောင်
လုပ်အုံးမလား မွ မွ"

" ခစ်•• ခစ်•• မ မလုပ်တော့ဘူးလို့ ဟဟ "

နောက် လွှတ်ပေးလိုက်တော့မှ ပါးစပ်လေး
ဟစိဟစိနဲ့ အသက်အသဲအသန်ရှူနေလေတယ်
ရီရတာ မောသွားတယ် ထင်ပ အဟက်

* အင်း ကောကို မနက်ဖန်ကျရင် လက်ထပ်ခွင့်
တောင်းရမယ် အဟိ😉*(**ဒါက စိတ်ထဲက ပြောတာပါ)

သူကတော့ သူ့အတွေးနဲ့ပျော်ပါးနေလေရဲ့
ရှောင်ကျန့်ခေါ်မရလို့ ရိပေါ်ကို ရင်ခွင်ထဲကနေ မော့ကြည့်တော့ မျက်လုံးကြီးမှိတ်ပြီးပြုံးဖြီးနေတဲ့
ရိပေါ်
*ဘာများတွေးနေလို့ ငါခေါ်နေတာတောင်
မကြားရတာလဲ တွေ့မယ်😎 *

💚 Happy Family 💚 ( ONE SHORT )Where stories live. Discover now