MR

2 1 0
                                    

မောင်ရေ
ကျွန်မလေ ဥသြငှက်လေးတွေရဲ့အသံ
ကြားနေရတယ် လွမ်းမောဖွယ်ပါပဲ
မောင်ဘာဆက်လုပ်မလဲဆိုတာ
ကျွန်မနဲ့သက်ဆိုင်နေပါ့တော့မလားလို့
အတွေးဝင်နေတယ်

မောင်နဲ့ကျွန်မ စတွေ့တာလေးကလည်း
ထူးဆန်းတယ် အဲ့တုန်းက
မောင်စမိတ်ဆက်တာကို သတိရနေတယ်
မောင်မေးတဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်လည်း
ကျွန်မ မပေးခဲ့ဘူးနော်သိပြီးမှစကားမပြောဖြစ်ကြရင်လည်း ကျွန်မပဲမျှော်နေရမှာကိုကြောက်မိတယ်

fbမှာမောင့်နာမည်မြင်တိုင်းကို ဝင်ကြည့်ရတာ
လည်းအမောပါပဲ မောင်ရယ် ဖုန်းတစ်လုံးနဲ့ ဘယ်မဆို ဆက်သွယ်လို့ရတယ် ဒါပေမယ့် မောင်ရော
ကျွန်မရောမဆုံဖြစ်တာ ကြာပြီပဲ
အမြဲJuniorအနေအထားနဲ့ပဲ
မောင်အောက်ကျို့တယ်

အခုဆို မောင်တစ်ယောက်ဘာတွေဖြစ်နေမလဲ
ကျွန်မ မသိဘူး teacherတွေနဲ့ မောင်ပါတဲ့
ဘုရားဖူးချိန်လေးကို အမှတ်ရမိပြန်တယ်
မောင့်အတွက် မောင်ဆိုတဲ့ နာမ်စားကို
သုံးပိုင်ခွင့်မှရှိပါ့မလား
ကျွန်မက အိပ်မက်ဆိုးတွေနဲ့ပေါ့မောင်

မောင်နဲ့ကျွန်မက စရိုက်တူတယ်လို့ထင်တယ်
မောင့်အတွက် ဘာမဆိုစွန့်လွှတ်ပေးနိုင်တဲ့
မိန်းမတစ်ယောက်လည်းမဟုတ်ပြန်တော့
ဘာအတွက်နဲ့မှလည်း
မျှော်လင့်ငြိတွယ်မနေတော့ချင်ပါဘူး

ဘယ်လိုအကြောင်းပြချက်မျိုးကိုမှ
မောင် စိတ်မယိုင်စေရဘူး
ရွေးချယ်ဖြစ်ခဲ့ရင်တောင် ကျွန်မကို
တကယ် တန်ဖိုးထားတာကြောင့်ပဲဖြစ်ပါစေ

@Misanika

You've reached the end of published parts.

⏰ Last updated: Aug 03, 2021 ⏰

Add this story to your Library to get notified about new parts!

MRWhere stories live. Discover now