ဒီလိုတွေ့တယ်ကွာ (ဒီလိုေတြ႕တယ္ကြာ)

238 19 0
                                    

ရာသီဥတုသာယာပြီးလူတွေစည်းကားနေတဲ့ Yeouido Spring Flowers Festival
တစ်နှစ်မှာတစ်ခါသာပြုလုပ်လေ့ရှိပြီး April လရဲ့ ပထမပတ် ဒါမှမဟုတ် ဒုတိယပတ်မှာသာတွေ့ရတဲ့အလှတရားပေါ့ဗျာ Yeouido Spring Flowers Festival ကတကယ်ကို Seoul မြို့ရဲ့အလှတရားတစ်ခု ၊ မြစ်ရေပြင်ကျယ်ရဲ့မျက်စိတစ်ထောက်စာအကွာအဝေးက Yeouiseo လမ်းမကျယ်မှာနေရာယူကာ ထိုလမ်းမှာဘေးမှာလဲချယ်ရီပင်တွေဝေဆာလျှက်
အရောင်အသွေးစုံတဲ့ Azalea ၊ Royal Azelia တွေနဲ့ Forsythia ပန်းတွေ ကမျက်စိရှေ့ကမြင်ကွင်းကျယ်မှာလှပသေသပ်စွာနေရာယူလျှက် နောက်ထပ်ကျွန်တော်မသိနိုင်သောပန်းအမျိုးအစားတွေကအစီအရီ
ဟန်မြစ်ရဲ့အနီးမှာရှိနေတဲ့ထိုပန်းပွဲတော်က ပျော်ပွဲစားထွက်လာတဲ့ မိသားစု၊ သူငယ်ချင်းအဖွဲ့လိုက်တွေ၊ ကုမ္မဏီကအပြန် Team နဲ့လာကြတဲ့ဝန်ထမ်းတွေ ၊ချစ်သူရည်စားတွေ နောက်ဆုံး ကျွန်တော့်လိုတစ်ယောက်တည်းလာလည်ကြတဲ့သူတွေရဲ့ အနားယူရာနေရာတစ်ခုလိုဆောင်ကျဥ်းပေးသေး၏။ ဟန်မြစ်ဘက်ဆီအနည်းငယ်ရှေ့ဆက်သွားလျှင်တော့ Performance တွေပြုလုပ်နိုင်တဲ့ Hangang Floating Stage ကစီးကြိုသည် ။ သီချင်းသံတွေ၊ တစ်ယောက်တစ်ပေါက်သောသူတွေရဲ့ ပျော်ရွှင်ကခုန်သံတွေဆီတော့မသွားဖြစ်တော့ပါ ။ အေးချမ်းမှုကိုသာလိုလားတဲ့ကျွန်တော်က ကျွန်တော့်ရဲ့မျက်လုံးတွေနဲ့အာရုံက အရောင်အသွေးစုံလင်တဲ့ပန်းတွေဆီမှာသာ
Forsythia ပန်းတွေကြားကထိုးထွက်လာတဲ့ သဏ္ဍာန်ငယ်က သူ့အာရုံတွေကိုဖမ်းစားသည် ။ လျှားညိုရောင် long coat ဝတ်ထားတဲ့ကောင်လေးက ပန်းချုံတွေကြားကထိုးထွက်လာတာကြောင့် သူ့ရဲ့ခေါင်းတွေမှာ ချုံနွယ်လေးများကပ်ညှိလျှက်
သူ့ကိုကြည့်နေမှန်းသိတော့ ဟီးခနဲရယ်ပြသည် ။

'' ကျွန်တော့်ခွေးလေးလေ ပန်းတွေထဲအတင်းဝင်သွားလို့ လှမ်းဆွဲတာလဲမမှီတော့ ကျွန်တော်ပါလိုက်ဝင်လိုက်ရတာ ဟီး ''

သူ့အလိုလိုအံထွက်လာသော လျှားညိုရောင် long coat နဲ့ကောင်လေးဆီကစကား
အင်း...ဒီလိုဆိုမှ သူ့ရင်ခွင်ထဲပိုက်ထားသောခွေးမည်းမည်းလုံးလုံးလေးဆီမျက်လုံးရောက်တော့သည် ။

'' အင်း သိပြီ ပန်းတွေပျက်စီးသွားနိုင်တယ် ''

'' မပျက်စီးသေးတာမို့ တာဝန်ရှိသူတွေနဲ့မတိုင်ပါနဲ့ ကျွန်တော်သတိထားပြီးထွက်လာတာပါနော် ''

Fall in love on a rainy day (Eden Contest)Where stories live. Discover now