ထယ်ယောင်းနိုးလာတော့ဂျောင်ဂုရင်ခွင်ထဲမှာ
" တစိတ် ဘာတွေဖြစ်ကုန်တာလဲ "
ဟိုလူကြီးမနိုးပါစေနဲ့ဆုတောင်းအားစိတ်ထဲမှာတိတ်တခိုးတောင်းလျှက် ထိုလူကြီးအားမော့ကြည့်လိုက်လျှင်" နိုးလာပြီလား အမူးသမားလေး "
" ဟို ဘယ်လိုဖြစ် "
နိုးနေသူကား မထသေးဘဲတစ်ချက်ပြုံးကာ" ကိုယ်အလုပ်သွားရတော့မယ် ရှင်းပြဖို့မအားသေးဘူး ညနေမှရှင်းမယ် အမူးပါးလေး "
နားနားကပ်ကာတမင်ပြောသွားသော " အမူးပါးလေး " ဟူသောစကားတွင်ကြက်သည်းဖြန်းဖြန်းထသွားရသည် ။ စကားဆိုသွားသူကတော့မရှိတော့
ခြေရင်းရောက်နေတဲ့စောင်ကိုဆွဲယူရင်း ပြန်လဲချကာ ခေါင်းမြီးခြုံကာစဉ်းစားနေရသည်။ သူဘာတွေပေါက်တတ်ကရလုပ်ခဲ့သလဲ
ရေချိုးခန်းထဲကထွက်လာတဲ့ဂျောင်ဂုက ခေါင်းမြီးခြုံကာစဉ်းစားနေသောထယ်ယောင်းအား " ကျောက်ခဲရေညှစ်နေတာလား " ဟုနောက်ပြောင်သွားပါသေးသည်။
ထို့နောက်
" ချစ်ဖို့ကောင်းတယ် "
ထယ်ယောင်းကြားခွင့်မရလိုက်ပါ ။ဂျောင်ဂုကထယ်ယောင်းအတွက်မနက်စာပြင်ပေးသွားသည်မို့ ထိုမနက်စာအား အားနာပါးနာဖြင့် စားလိုက်ပါသည်။ ထမင်းနှစ်ပန်းကန်ကုန်သည်ကိုတော့ မသိဟန်ဆောင်လျှက်.....
အိမ်တံခါးလေးအသာပိတ်ကာ အိမ်ကို သုတ်ချေတင်ရတော့သည်။
" Miss Kim စိတ်ပူနေတော့မှာဘဲ "
ခြံတံခါးလေးဖွင့်ကာအိမ်ထဲဝင်တော့ နာရွက်ဆွဲလိမ်ခံရခြင်းကစီးကြိုသည်။ လေးထောင့်ဆန်ဆန်အပြုံးလေးအား ကောင်းကောင်းအသုံချကာ ချွဲနွဲ့လိုက်တော့ Miss Kim ဆိုသည်မှာ ခွင့်လွှတ်ပေးတတ်ခြင်းနဲ့အတူ လက်ဖဝါးကသူ့တင်ပါးအာလာရိုက်ကာ
" ဆိုးနေတာဘဲ " ဟူသောစကားတစ်ခွန်းနဲ့အဆုံးသတ်၏။ ခြံထဲထွက်ထိုင်ကာ သားအမိနှစ်ယောက်ထွေရာလေးပါးပြောနေရင်းကနေ ထယ်ယောင်းရဲ့ငယ်ဘဝဆီ
အိမ်ရှေ့လမ်းမမှာထွက်ကာ ဂျောင်ဂုအလာကိုမျှော်နေတဲ့ယောင်းငယ်လေး ကို ဂျောင်ဂုမေမေနဲ့ယောင်းငယ်မေမေမှာချော့မော့နေခြင်း
YOU ARE READING
Fall in love on a rainy day (Eden Contest)
Fanfictionအတိတ်ကညီလေး ပစ္စုပ္ပန်မှ ကောင်လေး ကို မိုးတွေရွာတဲ့နေ့မှာချစ်မိတယ် ဂျောင်ဂု အတိတ်ကကိုကို ပစ္စုပ္ပန်က လူကြီးနဲ့အရက်မူးရာမှချစ်သူစဖြစ်တယ် ထယ်ယောင်း ~~~~~♥~~~~~ Fall In Love On A Rainy Day ~~~~~~~♥~~~~~ အတိတ်ကညီလေး ပစ္စုပ္ပန်မှ ကောင်လေး ကို မိုးတွေရ...