UnicodeDonor - Zoey-Lu
Plot - bjyx historical (requested by donor)
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
"ဝမ်ကိုကိုလေး ခစ်ခစ် ကျန့်ကျန့်ကိုစောင့်ပါ စောင့်ပါလို့ဆို"ပိုးဝတ်ရုံအဖြူလေးနဲ့ကျန့်ကျန့်လေးက သူ့ခြေထောက်ပုတိုလေးတွေနဲ့ သူ့ရှေ့က ဝမ်ကိုကိုလေးနောက်ကိုပြေးလိုက်တယ် ။
ကျန့်ကျန့်ရဲ့အော်ခေါ်သံကြောင့် ဝမ်ကိုကိုလေးက သူရောက်နေတဲ့နေရာကနေ ရပ်မြဲတိုင်းရပ်ရင်း ကျန့်ကျန့်ကို သူ့ဆီလာဖို့လက်ကမ်းပေးလာတယ် ။
"ခစ်ခစ်"
ကျန့်ကျန့် သဘောတကျပြေးသွားလိုက်ရင်း ဝမ်ကိုကိုလေးရဲ့လက်ဖဝါးကြီးကြီးကို သူ့လက်ဖဝါးသေးသေးလေးတွေနဲ့မမှီ့တမှီဆုပ်ကိုင်လိုက်တယ် ။
ဝမ်ကိုကိုလေးရဲ့ လက်ဖဝါးကြီးကြီးတွေက ကျန့်ကျန့်အတွက် အမြဲနွေးထွေးလွန်းပါတယ် ။
"ရောက်တော့မှာလား ဝမ်ကိုကိုလေး"
"အရှေ့နားလေးဆိုရောက်ပြီ"
"ကျန့်ကျန့်လျှောက်နိုင်တော့ဘူး ။ ကျန့်ကျန့်ခြေထောက်နာနေပြီ"
ပါးဖောင်းဖောင်းလေးတွေကိုဆူထော်ကာပြောတော့ ဝမ်ကိုကိုလေးက ကျန့်ကျန့်နှာခေါင်းလေးကို အသည်းယားစွာတစ်ချက်ဖျစ်တယ် ။
ပြီးတာနဲ့ ကျန့်ကျန့်ရှေ့မှာ ဒူးထောက်ပေးလာတာမို့ ကျန့်ကျန့်ပျော်မြူးစွာပဲ ဝမ်ကိုကိုလေးရဲ့ကျောပြင်အကျယ်ကြီးပေါ် မမှီမကမ်းလေးတက်လိုက်တယ် ။
တောလမ်းလေးတစ်လျှောက် လျှောက်လှမ်းလာရင်း ချယ်ရီပွင့်ဖတ်တွေက လေအလွင့်မှာ ကျန့်ကျန့်တို့နှစ်ယောက်ပေါ်ကို တဖြုတ်ဖြုတ်ကြွေလွင့်လာခဲ့တယ် ။
