ငါကမင်းနဲ့အမြဲတူတူရှိနေမှာပါ(Part 13)

412 49 7
                                    

ငါကမင်းနဲ့အမြဲတူတူရှိနေမှာပါ
...................................................
(Taejin's Love Story) (Part 13)

မနက်ရောက်တော့...Taeတို့ရုံးမှာ...Mediaသမားတွေစုပြီး ရောက်နေကြပီလေ...

မန်နေဂျာက.... ရုံးရဲ့ ခန်းမထဲမှာ အားလုံးကိုစုစည်းပြီး နေရာချထားပေးပြီး...
Taeအလာကို အားလုံးက စောင့်နေခဲ့ပါတယ်

နာရီဝက်လောက်နေတော့..Taeရောက်လာခဲ့တယ်...

Taeက ခန်းမရဲ့စင်မြင့်ကနေ အားလုံးကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီး...

သတင်းသမားတွေမေးတာတွေကို ဖြေကြားနေခဲ့ပါတယ်..

(( စာတွေအရမ်းရှည်သွားမှာစိုးလို့....ဒီနားလေးမှာ..မေးခွန်းတွေ အဖြေတွေမလုပ်တော့ဘူးနော်...💕))(ရစ်လိုက်ပြီ...😁)

အဲ့အချိန်မှာပဲ သတင်းထောက်တစ်ယောက်က...

''TaehyungShii... ကျတော်တစ်ခုလောက်မေးပါရစေ ခင်ဗျ''

''ဟုတ်ကဲ့မေးပါ...''

''လွန်ခဲ့တဲ့ရက်တွေက ထွက်ခဲ့တဲ့ပုံတွေပတ်သတ်ပြီး Taehyungရဲ့ တကယ့်အစစ်အမှန် အချစ်အရေးလား? ကောလဟာလလား?? သိချင်ပါတယ်ခင်ဗျ''

''ဟုတ်ပါတယ်...အဲ့ဒီလူဟာ..ကျတော့်ဘဝရဲ့အရေးပါဆုံးနဲ့ ကျတော်အချစ်ရဆုံးသူပါ..
ဘာများမေးချင်ပါသေးလဲ ခင်ဗျာ''

သတင်းထောက်တွေက...Taeရဲ့အဖြေကိုလဲကြားရော...တစ်ယောက်နဲ့တစ်ယောက်တီတိုးတီတိုးပြောနေကြရင်း...

Taeက...

''မေးစရာမရှိတော့ဘူး ဆိုရင် ဒီမှာပဲ အဆုံးသတ်ရအောင်ပါ..''

နောက်ထပ်သတင်းထောက်က...

''Idol တစ်ယောက်အနေနဲ့...စည်းကမ်းချိုးဖောက်ရာမကျနေဖူးလား ခင်ဗျ''

''ဟုတ်ကဲ့...ဒါက ကျတော်ရဲ့ ကိစ္စမို့...
လူကြီးမင်းတို့ ဘာမှ စိတ်မပူပါနဲ့....ကျတော်မှာဖြေရှင်းဖို့နည်းလမ်းတွေရှိတာမို့...စိတ်မပူကြဖို့တောင်းဆိုပါတယ်နော်...''

ဆိုပြီး အားလုံးနှုတ်ဆက်ပြီး Taeက ခန်းမထဲက ထွက်လာခဲ့တယ်...
မန်နေဂျာကတော့ ရင်တမမနဲ့ စိတ်တွေပူနေခဲ့ပေမယ့်...Taeက တော့ အေးအေးဆေးဆေးပဲဖြေရှင်းနိုင်ခဲ့ပါတယ်..
(အချစ်ရဲ့ စွမ်းအားနေနဲ့ပေါ့...))

ငါကမင်းနဲ့အမြဲတူတူရှိနေမှာပါ(Part 1 to 15)Where stories live. Discover now