Part-4

354 36 1
                                    

Unicode
နာရီအနည်းငယ်ကြာပြီးတော့ဆောင်ဟွန်းတို့မိဘတွေရောက်လာကြတယ်

ကျွန်တော့်မိဘတွေရောက်လာတော့ ကျွန်တော့မေမေ့နားကပ်ပြီးမေမေကျွန်တော်အဲ့လူကြီးနဲ့လက်မထပ်ချင်ဘူးလို့ပြောတော့ ခေါင်းကိုဂွက်ခနဲမြည်ခေါက်လိုက်တဲ့မေမေ

နာသွားတဲ့ခေါင်းကိုပွတ်ရင်းကျွန်တော်ဘာမှဆက်မပြောခဲ့မိဘူး

ကျွန်တော်တို့တရားရုံးရောက်တယ် အသိသက်သေအနေနဲ့ကျွန်တော့်ဘက်ကအဖေနဲ့အမေ
ဟိူလူကြီးဘက်ကကောင်လေးတစ်ယောက်ပဲပါတယ်

လက်မှတ်ထိုးပြီးတော့ကျွန်တော်တို့ပြန်ခဲ့ကြတယ် ကျွန်တော့်အိမ်ကိုလိုက်ပို့ပေးလို့တော်သေးတယ် ကျွန်တော်ကားပေါ်ကမဆင်းခင်ပြောသွားသေးတယ် မနက်ဖြန် မင်္ဂလာဝတ်စုံသွားရွေးရမယ်တဲ့

တစ်ခဏလေးအတွင်းမှာဖြစ်သွားတဲ့အဖြစ်အပျက်တွေကမြန်ဆန်လွန်းတယ်

ကျွန်တော်မချစ်တဲ့သူနဲ့လဲလက်ထပ်ရတယ်
အိမ်ထောင်သည်လဲဖြစ်အုံးမယ် ကျွန်တော်ဖြစ်နိုင်ရင်ဒါကိုငြင်းပစ်ချင်တယ်

တစ်ဖက်မှာတော့ ကလေးနဲ့လက်ထပ်ရမှာကိုပျော်နေတဲ့လူတစ်ယောက်ရှိခဲ့သလို

သူတို့နှစ်ယောက်လက်ထပ်ပွဲအကြောင်းကြားတော့မခံစားနိုင်အောင်ရင်နာနေပေမဲ့ အကောင်းဆုံးဟန်ဆောင်ပြီးအသိသက်သေအနေနဲ့လက်မှတ်ထိုးခဲ့တဲ့ကောင်လေးလဲရှိခဲ့တယ်

ဟီဆွန်းမင်းဒီအခန်းကိုမြင်ရင် တအားအံ့သြမိမယ်ထင်တယ်နော် ကြည့်ပါအုံး မင်းပုံတွေနဲ့ပြည့်နေရော မင်းကလေပြုံးလိုက်ရင်အရမ်းလှတာကိုဘာလို့များငါ့ရှေ့မှာများ"မပြုံးရတာလဲ ဒါပေမဲ့လေမင်းကအဲ့ကောင်လေးအတွက်ဆိုအပြုံးတွေကပေါများတယ်နော် ဟက်
ငါမနာလိုဘူးသိလား

ဟိုလူကြီးကကျွန်တော့်ကိုလာခေါ်မယ်ဆိုလို့စောင့်နေခဲ့မိတယ် ခဏကြာတော့ကားသံကြားလိုက်တယ် ဟိုလူကြီးလာပြီထင်တယ်
လူကြီးကsuitအပြည့်ဝတ်ထားတော့ လူကြီးဆန်ပြီးချောမောနေတယ် ကျွန်တော်ကတော့Hoodieလေးနဲ့ဂျင်းဘောင်းဘီနဲ့ပဲပေါ့

VillainWhere stories live. Discover now