Unicode
ကျွန်တော်လေသူ့မျက်နှာလေးကိုကြည့်တာနဲ့တင်ဗိုက်ပြည့်နေပြီ အများကြီးချစ်စရာကောင်းတဲ့ကောင်လေး အစားစားရင်ပါးလေးတွေကလုံးပြီးဖောင်းနေရောWedding Day
ကျွန်တော်ဒီနေ့စိတ်တွေအရမ်းလှုပ်ရှားနေတယ် စဉ်းစားကြည့်ရင်သဘာဝကိုလွန်ဆန်ပြီး ယောကျ်ားတစ်ယောက်နဲ့လက်ထပ်ရမှာမလွယ်ကူဘူး ဒါပေမဲ့ကျွန်တော်လုပ်ခဲ့တယ် နောက်ပိုင်းအီဟီဆွန်းဆိုတဲ့လူကြီးကိုကျွန်တော်ချစ်လာဖို့မျှော်လင့်ပါတယ်
သားလေးပြီးပြီးလား ခန်းမထဲမှာ စောင့်နေကြပြီနော် လာခဲ့တော့ကျွန်တော်မယုံကြည်နိုင်သေးဘူး အရှေ့ကလျှောက်လာတဲ့ဖြူ"ဖွေး"နဲ့ကောင်လေးက ကျွန်တော့်မူပိုင်လေးဖြစ်တော့မှာတဲ့
အီဟီဆွန်းကပတ်ဆောင်ဟွန်းကိုသက်ဆုံးတိုင်လက်ထပ်ပေါင်းသင်းနိုင်ပါသလား
ပေါင်းသင်းနိုင်ပါတယ်
ပတ်ဆောင်ဟွန်းကရောအီဟီဆွန်းကိုသက်ဆုံးတိုင်ပေါင်းသင်းနိုင်ပါသလား
ပေါင်းသင်းနိုင်ပါတယ်
ဂုဏ်ယူပါတယ် သင်တို့နှစ်ယောက်အကြင်လင်မယားဖြစ်မြောက်သွားပါပြီ အကြင်နာပေးနိုင်ကြပါပြီ
ဖာသာ့စကားအဆုံး ခါးကိုရောက်လာတဲ့လက်ရယ် နှုတ်ခမ်းပေါ်ရောက်လာတဲ့ခပ်နွေး"အထိအတွေ့ကြောင့် အီဟီဆွန်းကျွန်တော့်ကိုနမ်းလိုက်ပြီဆိုတာသိလိုက်ရတယ်
တစ်မိနစ် နှစ်မိနစ် သုံးလေးငါးမိနစ်လောက်ကြာသွားတယ် နှုတ်ခမ်းပါလေးကအရမ်းချိုလို့ကျွန်တော်ပြန်လွှတ်ဖို့တောင်မေ့နေခဲ့တယ်
ကလေးက လက်သီးလေးနဲ့ဖွဖွလေးရင်ဘတ်ကိုထုမှလွှတ်ပေးမိတယ်အပြုံးတွေနဲ့တောက်ပနေတဲ့ကောင်လေးနှစ်ယောက်ကို ခန်းမထဲကနေမျက်ရည်တွေနဲ့လှမ်းကြည့်နေတဲ့ကောင်လေးတစ်ယောက်ရှိတယ်ဆိုတာကိုတော့မသိခဲ့ပါဘူး
ဧည့်သည်တွေကိုဧည့်ခံဖို့သွားရင်း ကျွန်တော်လူတစ်ယောက်ကိုမျှော်နေမိတယ်
Jayသူအခုထိမလာသေးပါလား ဘာတွေဖြစ်နေလို့လဲမသိဘူး သေချာလာခဲ့ပါလို့ပြောထားတာကို
YOU ARE READING
Villain
FanfictionHeeseung-မင်းအတွက်Villain Sunghoon-Hyungကိုမုန်းတယ် Jay-မပိုင်ပေမဲ့ဆိုင်ချင်သေးတယ် Jungwon-Hyungကတကယ်ချစ်တဲ့သူကိုကျ မမြင်ဖူးပဲ