💖Part>26 Final 💕(Uni&Zaw)

4.6K 300 40
                                    

(Uni)

"ဟျောင့်....ငါလာလို့မဖြစ်လောက်ဘူး လူကြီးကြိုက်မှာမဟုတ်ဘူးကွ...''

"မင်းကလည်းကွာ မယူရသေးခင် ကြောက်နေပြန်ပြီ...''

ရွယ်ယန်တို့ဆိုသည်မှာ သူမခံချင်သည့်စကားကို
တမင်ရွေးပြောပြီး အကျပ်ကိုင်နေတာပင်။
ဟိုတစ်ခေါက် Club မှာရန်ဖြစ်တုန်းကလဲ
လူကြီးဆီမှာ အဲဒီ Club ဘမ်းခံထိတော့
သူတောင်မနည်း ဝင်ပြောပြီးနောက်မဖြစ်စေရဘူး
ကတိပေးမှ လူကြီးလျှော့ပေးလိုက်ခြင်းဖြစ်သည်။
ခုလည်း သကောင့်သားတွေက
မွေးနေ့အကြိုဂုဏ်ပြုချင်ပါသည်ဆိုပြီး ဖုန်းနဲ့လှမ်းခေါ်ကာ
ဂျစ်တိုက်နေကြ၏

"လူကြီးကို...ငါကချစ်တာကွ..''

"ဟ...ရိပေါ် မင်းအပေါ်ထားတဲ့ငါတို့ခင်မင်မှုကိုတော့ အလေးအနက်ထားသင့်ပါတယ်ကွာ...''

"ဟျောင့်တွေ...မင်းတို့ဂျီမကျစမ်းနဲ့ကွာ မင်းတို့စေတနာကို
ငါတကယ်ကျေးဇူးတင်ပါတယ် ဒါပေမယ့် ငါ့လူကြီးကို ကတိပေးထားတာ ငါမဖျက်ချင်ဘူး...''

"ပြောရခက်လိုက်တာကွာ...ငါတို့က မင်းကိုရန်ဖြစ်ဖို့လှမ်းခေါ်တာမှမဟုတ်တာ...''

"ကျစ်...ဘယ်လာရမလဲ...ပြောကွာ...''

"^*-*&^**^. ..''

~~~
သူ့မွေးနေ့ကို လူကြီးက သိမည်မထင်
မနက်စောစောတည်းက အိမ္ကထြက္သြားတာ
ခုချိန်ထိပြန်မလာသေး
ဖုန်းခေါ်လည်းမရ စာပို့လည်း Seen ပြမလာ
ဆိုတော့
လူက နည်းနည်းစိတ်ပေါက်လာသည်။

ခုတစ်လော လူကြီးကိုသိပ်စိတ်တိုင်းမကျ
အချိန်တိုင်းအလုပ်ကလည်းများလွန်းနေပြီး
သူ့အနားပင် သိပ်မကပ်
အရင်ကဆို တောက်တဲ့လားထင်ရအောင်
အလုပ်အားအားမအားအား အနားကိုလာလာတွယ်ကပ်နေသူက
ခုအနားပင်သိပ်မကပ်တော့ စိတ်ထဲမတင်မကျဖြစ်မိသည်။

*လူကြီး ဘာအချိုး ချိုးနေမှန်းမသိ...*

"ကျစ်...လူကြီး ငါ့ကိုစိတ်ကုန်နေတာများလား...မဟုတ်ဘူး မဖြစ်နိုင်ဘူး...''

အခန်းထဲတစ်ယောက်တည်း ခေါင်းညိမ့်ခေါင်းခါလုပ်ရင်း
ပါးစပ်ထဲရှိရာရေရွတ်နေမိရင်း..
လူကြီးကိုလည်း မကျေနပ်ချင်
ဒီရက်ပိုင်း သိသိသာသာကို လူကြီးကရှောင်နေတာ..

ဂျစ်တူးရဲ့လူကြီးမင်း 💖ဂျစ်တူးရဲ့လူကြီးမင်း 💖(Completed)Where stories live. Discover now