💖Part> 1(Uni&Zaw)

11.7K 556 60
                                    

(Uni)

!ရှောင်းလူကြီးမင်း! ဆိုတာနဲ့ အသက် 28 နှစ်အရွယ် လိုချင်သူတွေဝိုင်းဝိုင်းလည်နေတဲ့ နာမည်ကြီးလုပ်ငန်းရှင်တစ်ဦး ဆိုပါတော့....

အသက် 19 နှစ်အရွယ်လောက်တည်းက
မိဘတွေဆုံးပါးပြီးနောက်ပိုင်း လုပ်ငန်းဟူသမျှ
သူပဲ ဦးစီးခဲ့ရတယ် လူငယ်ဘဝကိုအပြည့်အဝမဖြတ်သန်းခဲ့ရတဲ့ သူက
အင်မတန်ရင့်ကျက်ပြီး အနေတည်သည်
သူ့ကိုကြည့်လိုက်ရင် အပြုံးအရယ်သိပ်မရှိတဲ့ နှလုံးသားမရှိတဲ့ကျောက်ရုပ်ပမာ...

ကျောင်းတုန်းကတည်းက အချေတလိုင်းမို့
အင်မတန်ရေပန်းစားပြီး လူအများကနာမည်ပေးထားကြသေးသည်
!ရေခဲလူသား!တဲ့....

သူကအမြဲအလုပ်တွေနဲ့ရှုပ်နေတတ်သည်။
စီးပွားရေးလောဘကြီးပြီး တစ်ဦးသောကျန်ရှိနေသေးသော ဖွားဖွားကိုလည်း
သူအင်မတန်ချစ်ရသည်။

"အဲဒီ မြေကွက်ကို ငါလိုချင်တယ် ရအောင်လုပ်လာခဲ့...''

"ဟုတ်ကဲ့ Boss ဒါပေမယ့် သူ့မြေးက မင်္ဂလာဆောင်တော့မှာ...အဲ...အဲတာ...''

"ကျစ်...ဒါကြောင့် ရအောင်လုယူခဲ့ ဝမ်လော့ဟန် အဲဒီမင်္ဂလာကိစ္စနဲ့ အလုပ်ရှုပ်နေတာ ငါ့အတွက်အခွင့်အရေးပဲ....''

"ဟုတ်...ဟုတ်ကဲ့...Boss''

ရှောင်းကျန့် ဖုန်းပြောပြီး စိတ်မရှည်သလိုဖုန်းကိုစားပွဲပေါ်ပစ်ချကာ
နားထင်ကြောကို နိုပ်နှယ်ရင်း....

ကျစ်...ဘယ်လိုကောင်ကိုအလုပ်ခန့်ထားရတာပါလဲ
တစ်ခါတစ်ခါနားကလည်း လေးသေး...
သူပြောတာ သေချာကြားရဲ့လားမသိ
တလွဲတော့ မလုပ်လောက်ပါဘူးနော်...

ဝမး်နင် ဆိုတဲ့တစ်ယောက်က နားအနည်းငယ်လေးသလိုလိုရှိပေမယ့်
အလုပ်ကြိုးစားသူဖြစ်သည်မို့
သူ့အနားဆက်ထားနေရခြင်း ဒါကလဲ
ဖွားဖွားရဲ့ စကားတော်ကြောင့်
ဖွားဖွားမိတ်ဆွေရဲ့ ဆွေမကင်းမျိုးမကင်းဆိုသောကြောင့်
ကူညီစောင့်လျှောက်ပေးရင်း အလုပ်ခန့်ထားရတာဖြစ်သည်။
ဝမ်းနင်က ကျန်းချန်ရဲ့နောက်လိုက်
မြေကွက် ကိစ္စ ကျန်းချန်ကိုဖုန်းခေါ်မရတာနဲ့
ဝမး်နင်ဖုန်းကို ဆက်ကာမှာနေရတာဖြစ်သည်။

ဂျစ်တူးရဲ့လူကြီးမင်း 💖ဂျစ်တူးရဲ့လူကြီးမင်း 💖(Completed)حيث تعيش القصص. اكتشف الآن