𝚄𝚗𝚒𝚌𝚘𝚍𝚎
မနက်ခင်းရဲ့နေခြည်နုနုထွေးလေးတွေ မျက်နှာနဲ့လက်ဖမိုးတွေပေါ်ကျရောက်လာသလိုပဲ...အချစ်ကနွေးနွေးထွေးထွေးနဲ့ သက်တောင့်သက်သာခံစားချက်လေး...
☁
ချန်ဖေးယွီတဲ့။
နာမည်လေးကလည်း လူလေးအတိုင်းပဲ။ခန့်ညားသေသပ်နေလိုက်တာ။ဒီနာမည်နဲ့ဒီလူပေါင်းစပ်လိုက်တော့ ဒီကောင်ကြီးနှလုံးသားတွေက ဆူနာမီပြီးစ အပျက်အစီးပုံကြီးလို ဖရိုဖရဲဖြစ်ကုန်တာလည်း မဆန်းလှတော့။မနေ့ညကကိစ္စကတော့ တကယ်ကိုကမှောက်ကမနိူင်ချက်ပဲ။မေမေ့အပြောဆို ဟိုကောင်ကကိုယ်တို့ ပြန်မရောက်ခင် တစ်နာရီလောက်ကတည်းက အိမ်ပြန်ရောက်နေတာတဲ့။
ပြီးတော့ပြောသေးတယ် သူ့သားအလိမ္မာက အိမ်မသိရအောင် နင့်လိုအရူးလားတဲ့။တိတိရှေ့မှာမို့ မျက်နှာရိပ်မျက်နှာခြေပြလည်း မွေးသမိခင်က အဖက်မလုပ်။နောက်ဆုံးတော့ တိတိကိုခြံဝထိအမြန်လိုက်ပို့လိုက်တဲ့နည်းနဲ့ပဲ ကိုယ့်အရှက်ခွဲခံရမှုကို အဆုံးသတ်လိုက်ရတယ်။မနေ့ညကတည်းက search barမှာနာမည်လေးကို ရိုက်ရှာနေပေမဲ့ ခုထိမတွေ့။တွေ့တဲ့လူတွေကလည်း မဟုတ်ပြန်။ဧကန္တ facebookမသုံးတာများလား။အိုင်ယိုး...တိတိလေးက social mediaကို သဘောမကျဘူးလား။ကောင်းလိုက်တာ တည်ကြည်လေးနက်ပြီး တကယ့်လက်တွေ့ဘဝကို ပိုစိတ်ဝင်စားတဲ့typeပေါ့။သေချာပေါက်ဒီကိုကြီးရဲ့ typeပေါ့။
“ဟိုကောင်လေး..”
“ယွင်ရှီး...ခဏထွက်လာဦး..”
“ဟဲ့!ခေါ်နေတာမကြားဘူးလား..”
မသိချင်ယောင်ဆောင်မရတဲ့အဆုံး ဖုန်းကိုချပြီး အခန်းထဲကထွက်ရတယ်။
“ဘာလဲဗျာ..”
“ရပ်ကွက်ထိပ်က pet storeမှာ ကြောင်နို့မှုန့်သွားဝယ်စမ်း”
“ဟင် ကြောင်နို့? ဘာလုပ်ဖို့လဲ။မေမေ့သားသူငယ်ပြန်လို့လား..”
“တော်စမ်း မဟုတ်သုတ်ခလျှောက်ပြောမနေနဲ့။ကလေးတွေဖို့”
“ဘယ်က,ကလေးတွေလဲ”
“လာ ပြမယ်”
မေမေဦးဆောင်တဲ့အိမ်ဘေးကဂိုထောင်ထဲကို လိုက်သွားလိုက်တော့ ဂိုထောင်အဝင်အဝဘေးကကတ်ထူပုံးထဲမှာ လှုပ်စိလှုပ်စိအကောင်ပေါက်လေးနှစ်ကောင်က ဆီးကြိုနေတယ်။
YOU ARE READING
𝚁𝚎𝚌𝚒𝚙𝚎 𝚏𝚘𝚛 𝙻𝚘𝚟𝚎 𝙸𝚗𝚐𝚛𝚎𝚍𝚒𝚎𝚗𝚝𝚜 :
Fanfictionကိုယ့်ရည်းစားလေးဖြစ်လာတဲ့အခါကျရင် ဒီလောက်ထိချောမောမနေဖို့ တိုးတိုးတိတ်တိတ်သွန်သင်ဆုံးမရဦးမယ်