အဖြူရောင်မှ လွန်သော်

4.3K 364 39
                                    

(၁)

ပါးမှာလိမ်းထားတဲ့ ဝလုံးနှစ်ဖက်ကို ညီမညီကြည့်၊ အုန်းဆီထည့်ထားတဲ့ဆံပင်တွေ ပွနေသေးသလားစစ်၊ဗီရိုအပေါ်မှာတင်ထားတဲ့ BABပုလင်းထဲက ဒီနေ့ဖို့ စပျစ်အရသာ တစ်လုံးသောက်ပြီးတဲ့နောက် ကိုယ်ကျောင်းသွားဖို့ အစဉ်သင့်ဖြစ်နေပြီ။

"စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့...တင်းတောင်..တင်းတောင်"

မနက်စောစောလမ်းလျှောက်ပြီး ပြန်လာကြတဲ့ ဝင်းထဲကဦးလေးကြီးတွေရဲ့အသံကြောင့် ပြတင်းပေါက်ကိုဖွင့်ကြည့်လိုက်တော့ "ဖိုးခွားတို့များ တယ်လည်း ဝီရိယကောင်းပါလားဝေ့၊ ဒီနေ့အစောကြီးနိုးတယ်ပေါ့" ဆိုတဲ့နှုတ်ဆက်သံကကြိုတယ်။

"ဟုတ်... ဒီနေ့ သားတို့ ကျောင်းပြန်တက်ရပြီလေ"

"ဟား... ဟား... ဒါကြောင့်ကိုး။ ဒါဖြင့် တာဝန်ကျေလိုက်ပါဦး ကျောင်းသားကြီးရေ"

လက်ပြပြီး နှုတ်ဆက်သွားတဲ့ ဦးလေးကြီးကို တာ့တာပြရင်း အိမ်ရှေ့ထွက်လာတော့ ဖေကထမင်းချိုင့်၂ခုကိုင်ထားပြီး လှေကားနားမှာရပ်စောင့်နေတယ်။

ဘေးမှာရပ်နေတဲ့မေမေ့ကို အာဘွားအကြီးကြီးပေးလိုက်ပြီး သားအဖနှစ်ယောက် ဝင်းထိပ်ကမူကြိုကျောင်းကို ထွက်လာခဲ့တယ်။ ဖေဖေက ကိုယ့်ကိုဝင်ပို့ပြီး ရုံးကိုဆက်သွားရမှာ။

(၂)

"အင့်... မေမေကြီးရေ... ဟင့်...မေကြီး..."

ဘေးနားက အော်ကြီးဟစ်ကျယ် ထိုင်ငိုနေတဲ့ ကျောင်းသားသစ်ကြောင့် ရှေ့ကဆရာမလေးပြောနေတာတွေ ကောင်းကောင်းအာရုံစိုက်လို့မရဘူး။ မူကြိုဖွင့်တာ ၂ပတ်လောက်ရှိနေပေမဲ့ ဒီနေ့မှလာတတ်တာကြောင့် ကျောင်းသားသစ်ဆိုပြီး ဆရာမလေးကလည်း ဘာမှမလုပ်ဘဲ စိတ်ရှိလက်ရှိငိုခိုင်းထားတယ်။

"ဟေ့ရောင်... ခုချက်ချင်းတိတ်စမ်း။ ငါနားငြီးလာပြီ"

"အွတ်..."

အော်လိုက်တော့လည်း ကြို့တစ်ချက်ထိုးပြီး ပြူးကြောင်ကြောင့်နဲ့ လှည့်ကြည့်လာတယ်။ ပြီးတော့ တိတ်မသွားဘဲ ပိုကျယ်တဲ့အသံနဲ့ ဆက်အော်ငိုနေပြန်တာကြောင့် ဂွက်ခနဲနေအောင် ပိတ်ခါက်ပေးလိုက်တယ်။

ကောင်းကင်မှာ အညိုရောင်တိမ်တိုက်ကလေးတွေရှိတယ်(one short)Where stories live. Discover now