UNI
တင်...
တင်...
တောင်...
တောင်...
တတောင်တောင်မြည်နေတဲ့ ဖုန်းသံကြောင့် ကိုရီးယားဇာတ်လမ်းတွဲကိုအာရုံရောက်နေတဲ့ အမိုးကလှည့်ကြည့်လာတယ်။ အံ့မှူး မချိသွားဖြဲပြုံးပြလိုက်ပြီး ဖုန်းကိုပိုက်လို့ အိမ်ခန်းထဲဝင်ရတယ်။
ဖုန်းဖွင့်ကြည့်လိုက်တော့ noti offထားတဲ့ gp chatထဲ သူ့ကိုမန်းရှင်းခေါ်ထားတာ တစ်ယောက်ပြီးတစ်ယောက်။
/ကိုကိုရေ... နင်ခုချက်ချင်း လိုင်းတက်လာစမ်း/
/အံ့မှူး နင်အခုလိုင်းမတက်လာရင် နောင်တရတော့မယ်လို့ ငါတော့ထင်နေတယ်/
/မြန်မြန်တက်လာပြီး ခုပေးထားတဲ့ linkထဲ ဝင်ကြည့်စမ်း အံ့မှူး... နင်ငါတို့ကျေးဇူးတင်နေလိမ့်မယ်/
/ဒီကောင်လား ကျေးဇူးတင်မှာ _င်မလှန်ပြရင် ကံကောင်း/
စာလုံးမြင်ယုံနှင့် အသံပါကြားနေရတဲ့ အဆဲစကားများကို ကျော်ခွ၊ ချပေးထားတယ်ဆိုတဲ့linkကို အံ့မှူး နှိပ်ဝင်လိုက်တယ်။ ရောက်သွားတာက art kingdomလို့ခေါ်တဲ့ ပန်းချီပညာရှင်များစုဝေးရာ private gpတစ်ခု။
liveလွင့်နေပုံရတဲ့ ဗီဒီယိုထဲ drawing table ပေါ်ပြေးလွားနေတဲ့ လက်ချောင်းသွယ်သွယ်လေးတွေ။
ဖုန်းစခရင်ထောင့်မှာပေါ်နေတဲ့ သေးသေးကွေးကွေးပရိုဖိုင်ဘေးက sitt hanဆိုတဲ့နာမည်ကြောင့် ရင်ဘတ်နေရာကအကောင်က သခင်ကိုမြင်တဲ့ပါပီအလား ဒိတ်ကနဲထခုန်တယ်။
ပုံဆွဲတဲ့အခါ degital artistအများစုဝတ်ကြတဲ့ လက်အိတ်အနက်ရောင်က အစ်ကိုနဲ့မှပိုလိုက်ဖက်သယောင်ရှိတယ်။ ထင်ထင်ရှားရှားမြင်နေရတဲ့ လက်ဆစ်တွေ၊ ဖြူဖွေးရှင်းသန့်နေတဲ့ လက်ချောင်းတွေရဲ့ အဆုံးမှာပန်းနုရောင် လက်သည်းခွံကြည်ကြည်လေးတွေရှိတယ်။
လှတယ်လည်းမဟုတ်၊ အနုပညာတစ်ခုဖန်ဆင်းနေတဲ့ ယောက်ျားဆန်ဆန် လက်ချောင်းတွေက နူးညံ့သက်ငြိမ်မှုတစ်ခု ကိန်းအောင်နေသလို။ အကြည့်မလွှဲနိုင်ဘူး။
အံ့မှူး လက်ချောင်းဋီကာဖွင့်နေတာ အချိန် ကြာကြာမခံလိုက်။ ရဲပလောင်းခတ်အောင်တက်လာတဲ့ နီရဲရဲအသည်းပုံတွေနဲ့ အလွန်အကြူး ရေးသားထားတဲ့မန့်တွေကြောင့် အကောင်းမြင်စိတ်ကလေးမှာ ဟုပ်ခနဲငြိမ်းတယ်။
YOU ARE READING
ကောင်းကင်မှာ အညိုရောင်တိမ်တိုက်ကလေးတွေရှိတယ်(one short)
Short StoryFBပေါ်တင်ထားတဲ့ ဝတ္ထုတိုတွေ၊စာစုရှည်တွေကို ဒီမှါအကုန်ပေါင်းတင်ပေးပါမယ် #poe_nyo🐌