[Unicode]
အခန်း ၁။
ရွှီယန်သည် မကြာသေးခင်က အဝါနှင့်အဖြူရောစပ်ထားသည့် နူးညံ့ရှည်လျားသော အမွေးရှိသည့် 'Chinese Garden Cat'ဖြစ်သော သူ့"သမီး"တွင် ကိုယ်ဝန်ရှိနေပုံရသည်ကို ရှာတွေ့လိုက်ရသောကြောင့် စိတ်အခြေအနေမကောင်းပေ။
"Chinese Garden Cat"
ကြောင်အကြောင်း ကျွမ်းကျင်ကြသော ဝါရင့်သူငယ်ချင်းများမ၏ သုံးသပ်ခြင်းခံရပြီးနောက် သူသည် ဤအချက်မှာ ပိုသေချာလာသည်။ သူ့တွင် "သမီး"ဖြစ်သော ကြောင်တစ်ကောင်တည်းသာ ရှိပြီး ယခုလည်း ကလေးအဖေ မည်သူမှန်း သိတောင်မသိ၍ စိတ်ပျက်နေမိသည်။
ရွှီယန်: သမီးရေ! ဖေဖေ့ကိုမြန်မြန်ပြောပြ၊ ဒီသွေးဆောင်ဖြားယောင်းပြီးတော့ စွန့်ပစ်လိုက်တဲ့ အယုတ်တမာအကောင်က ဘယ်သူလဲ?
သမီး: [*ဂရုမစိုက်တဲ့အီမိုဂျီ*]
အခန်း ၂။
သူ့သမီးမှာ တစ်ပတ်ကျော်ကျော် ကိုယ်ဝန်ရှိနေကြောင်းသိရသဖြင့် ရွှီယန်သည် သူ့ကိုယ်သူ စိတ်ပုံမှန်မဟုတ်သလို ခံစားခဲ့ရသည်။
သူသည် "ကြောင်ချောင်းကြည့်ခြင်း"ဟူသော မူမမှန်သည့်အကျင့်ကို ရရှိလိုက်၍ပင်။ ဘာကြောင့်လဲဆိုတော့ လမ်းမှာ ကြောင်တစ်ကောင်ကို သူတွေ့တဲ့အခါတိုင်း သူတို့ကိုဂရုတစိုက်ကြည့်ပြီးနောက် သူတို့ကို ဖြစ်နိုင်ချေရှိသော ကြောင်အယုတ်တမာအဖြစ် သူ့စိတ်ထဲမှာ မှတ်ထားလိုက်သည်။
YOU ARE READING
ဒီကလေးရဲ့အဖေက ဘယ်သူလဲ ~ [OneShot_Completed]
Short StoryI've got permission from English Translator! You can read English version here: https://ruiruitranslates.blogspot.com/p/who-is-this-childs-dad.html English Title: Who's This Child's Daddy~ English Translator: RUIRUI TRANSLATES Genre: Shounen Ai, S...