One Shot (2) End

2.2K 541 26
                                    

[Unicode]

အခန်း ၈။

ရွှီယန်မျက်လုံးဖွင့်လိုက်သောအခါ သူ့ဘေးတွင် ညင်ညင်သာသာအိပ်နေကြသော ကြောင်နှစ်ကောင်နှင့် မရင်းနှီးသည့်အိပ်ရာထက်တွင် လဲလျောင်းနေကြောင်း သူ့ကိုယ်သူတွေ့လိုက်ရသည်။

သူအမြန်ထထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကိုမသိမသာကြည့်လိုက်သည်။ အခန်းဖွဲ့စည်းပုံသည် အလွန်ရင်းနှီးနေပြီး သူ့အိမ်လိုမျိုး အတိအကျတူပုံရသည်။

"နိုးပြီလား?" တစ်စုံတစ်ယောက်က အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်။ သူ့ကိုပြန်ပို့သည့် မုယင်ဆိုတာ အတိအကျပါပဲ။ ဟင်းချက်နေသည်ကြောင့် မုယင်သည် သူ့အနက်ရောင် အိမ်နေရင်းအဝတ်အစားပေါ်တွင် သနပ်ခါးရောင်အစင်းပါသည့် ရှေ့ဖုံးခါးစည်းကို ၀တ်ထားသည်။ နူးညံ့နေသည့် သူ့လေသံမှာ အေးတိအေးစက်အရှိန်အဝါကို လျော့စေသည်ကြောင့် သူ့အားပို၍ ချောမောကာ ထူးခြားစေသည်။

ရွှီယန် မျက်တောင်ခတ်လိုက်ပြီး အိပ်ငိုက်ခြင်းက သူ့ဦးနှောက်ကို ပိုရှုပ်ထွေးစေကာ တကယ့်ကို ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်သည်။
"အစ်ကိုရေ၊ မင်းဝိညာဉ်ကူးပြောင်းသွားတာလား?"

အခန်း ၉။

စားပွဲပေါ်တွင် ရိုးရှင်းပြီး အရသာရှိသည့်အိမ်ချက်ဟင်းလျာတစ်ချို့ကို မုယင်က ပြင်ဆင်ထားခဲ့သည်။ အစားကြိုက်သူတစ်ယောက်အနေနှင့် ရွှီယန်သည် အရသာရှိသောအစားအစာများဆီသို့ နစ်မြောသွားခဲ့ပြီး အလုပ်ဖြုတ်ခံရမည့်် စိုးရိမ်ပူပန်မှုများလည်း လုံးဝမေ့လျော့သွားလေပြီ။ မြှောက်ပင့်မှုမျိုးစုံနှင့် မုယင်​၏လက်ရာကိုလည်းချီးကျူးလေသည်။

အိမ်ရှင်နှင့် ဧည့်သည်နှစ်ဦးစလုံးသည် ညစာကို အရသာရှိရှိ သုံးဆောင်ကြပြီး ရွှီယန်က ပန်းကန်တွေ ဆေး​ပေးချင်ပေမယ့် မုယင်က တားလိုက်ကာ ယုန်ပုံဖော်ထားသည့် ပန်းသီးတစ်ပန်းကန်ကို သူ့ဆီကမ်းပေးလိုက်သည်။

သူ့ကိုကလေးတစ်ယောက်လို ဆက်ဆံနေတာလား? ရွှီယန်သည် နည်းနည်း စိတ်ပျက်သွားသော်လည်း သူ့လက်တွေကတော့ ရိုးသားစွာပင် ပန်းသီးတွေကို စားနေခဲ့သည်။

ဒီကလေးရဲ့အဖေက ဘယ်သူလဲ ~ [OneShot_Completed]Donde viven las historias. Descúbrelo ahora