မာမီ..မာမီ..ဒီမမကသားတို့နဲ့တူတူလာနေမှာလားဟင်~
ကြယ်ပွင့်လေးတွေလိုတလက်လက်တောက်ပနေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာသူမရဲ့လက်ကိုလှုပ်ရမ်းကာမေးလာတဲ့သူမရဲ့အသည်းညှာလေး...
သားငယ်လေးရဲ့ချစ်မ၀တဲ့ပါးဖောင်းဖောင်းလေးကိုလက်လေးနဲ့အသာဖွဖွဆွဲလိုက်ကာ..
ဟုတ်တာပေါ့ မာမီ့သဲလေးရဲ့..ဒီမမကမာမီတို့နဲ့တူတူဒီမှာလာနေတော့မှာ~
yay!!သားသားနဲ့တူတူဆော့မယ့်မမတစ်ယောက်ရပီ...
အိမ်ရှေ့တံခါးဝမှာရပ်နေဆဲ ၁၆နှစ် ၁၇နှစ်ခန့်ရှိပီဖြစ်တဲ့ကလေးမလေးကိုလက်ဆွဲပီး အိမ်ရှေ့ဥယျာဉ်ထဲကိုခေါ်သွားပြနေတဲ့သားငယ်လေး....
************************
ဒီနေ့ကကျွန်တော်ဆယ်တန်းစာမေးပွဲဖြေပီးတဲ့နေ့....
တစ်ခါတစ်လေdaddyမလာဖြစ်ရင်တောင်outpassတိုင်းလာတွေ့နေကျမာမီက ဒီနေ့ကျွန်တော့်ဘ၀ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ဆယ်တန်းစာမေးပွဲပီးတဲ့နေ့မှာတောင်လာမကြိုခဲ့ဘူး...
ဆရာ.ဆရာမတွေနဲ့သူငယ်ချင်းတွေကိုနှုတ်ဆက်ပီးတော့..လာကြိုတဲ့ကားပေါ်ကိုတက်ခဲ့လိုက်သည်....
သြော်..daddyရောမပါဘူးပဲ..
ကားပြတင်းပေါက်ကနေတစ်ဆင့် တဖြည်းဖြည်းနဲ့ကျော်လွန်လာပီဖြစ်တဲ့ကျောင်းတော်ကြီးကိုငေးကြည့်နေမိတယ်..
ရှေ့မှာကားမောင်းနေသောဒယ်ဒီ့လူယုံဉီးလေးခန့်ကကားမှန်ကနေတစ်ဆင့်ကြည့်လာပီး
ကောင်းကင်ငယ်လေး..ဖြေနိုင်တယ်မလား~
ဟုတ်ဉီးခန့်..ဉီးခန့်..ဒယ်ဒီနဲ့မာမီဘာလို့မလာတာလဲဟင်..အလုပ်တွေအရမ်းရှုပ်နေလို့ထင်တယ်နော်~
သူ့ဟာသူမေးပီး သူ့ဟာသူပဲအဖြေပြန်ပေးနေတဲ့ကောင်ငယ်လေးကိုဘယ်လိုအဖြေပေးရမလဲမသိတော့...နှုတ်ဆိတ်၍သာတိတ်တဆိတ်ကားမောင်းနေလိုက်သည်..
ကောင်ငယ်လေးဟာလည်းဆက်မမေးတော့...ပြတင်းပေါက်ဘက်ကိုသာတွေတွေလေးငေးကြည့်နေတော့သည်....
**************************
ဒယ်ဒီ...မာမီ ကျွန်တော်ပြန်လာပီ...
ဒယ်ဒီ..မာ..
အာ..ဒယ်ဒီကဒီမှာပဲ~
အခန်းထဲကထွက်လာတဲ့ဒယ်ဒီကကျွန်တော့်ကိုအံ့အားသင့်စွာကြည့်နေတယ်..
ဟွန်း..ဒယ်ဒီနဲ့မာမီကျွန်တော့်အတွက်surpriseလုပ်ထားတာနေမှာ..ဟုတ်တယ်အဲ့တာကြောင့်လည်းကျွန်တော့်ကိုလာမကြိုကြတာ...
ကိုယ့်ဟာကိုယ်တွေးပီးကျေနပ်စွာပြုံးလိုက်သည်.
ဒယ်ဒီကျွန်တော်ပြန်လာပီ..အခန်းထဲမှာဘာဖွက်ထားတာလဲမှန်မှန်ပြောနော်..
heeဒယ်ဒီမပြောချင်လည်းနေတော့သားကိုယ့်ဟာကိုယ်ပဲဝင်ကြည့်လိုက်တော့မယ်...မာမီလည်းအခန်းထဲမှာမလား~
တားချိန်တောင်မရလိုက်အခန်းထဲပြေးဝင်သွားသော သားငယ်ကြောင့် နောက်ဖြစ်လာမယ့်ပြဿနာကိုရင်ဆိုင်ဖို့တွေးထားလိုက်တော့သည်..
မာမီရေ..မာမီ..မာ.~
ဉီး..ဒီတစ်ထည်ကပိုလှတယ်ထင်.
မမ!
ကောင်းကင်~
ငွေမှုန်ကြဲထားသလို..တလက်လက်ထနေတဲ့ အဖြူရောင်ဂါဝန်လေးကမမရဲ့ကိုယ်ပေါ်မှာလိုက်ဖက်ညီစွာ..ရင်ညွန့်ပေါ်မှာနေရာယူထားတာကမေမေ့အတွက်ဖေဖေ့ရဲ့ချစ်သက်လက်ဆောင်စိန်ဘယက်လေး..
ဘာတွေလည်း..ကျွန်တော်ဒီလိုsurpriseကြီးကိုတော့မကြိုက်ဖူးနော်~
မာမီ..မာမီရော..ကျွန်တော့်ရဲ့မာမီရော~
ဝရံတာဘက်မှာလား..ဟုတ်တယ် မာမီကကျွန်တော့်ကိုပုန်းနေတာနေမှာ..
ဝရံတာဘက်ကိုအပြေးလေးသွားပီးခန်းဆီးလိုက်ကာကိုဖွင့်လိုက်တော့..မာမီထိုင်နေကျခုံလေးတစ်ခုံသာအထီးကျန်စွာ...
အခန်းထဲလိုက်ဝင်လာတဲ့ဒယ်ဒီ့ဆီကိုပြေးသွားလိုက်ပီး..
ဒယ်ဒီ..ကျွန်တော့်ရဲ့မာမီရောဟင်~
ကောင်းကင်လေးရဲ့မာမီက(...)ဆေးရုံမှာ..မမတို့လည်းခဏနေသွားကြမလို့ပဲ~
ကောင်းကင်လေးအခုမှကျောင်းကပြန်လာတာဆိုတော့ နားချင်နားတော့လေ မမကောင်းကင်လေးကြိုက်တဲ့ဟင်းတွေချက်ထားတယ်~
မမကဒယ်ဒီ့ရဲ့လက်ကိုချိတ်လိုက်ရင်းအပြုံးလေးနဲ့ပြောလာသည်..
ဆေးရုံမှာ??ဘယ်သူလဲမာမီကလား...
မမဘာတွေပြောနေတာလဲကျွန်တော့်ရဲ့မာမီကဘာရောဂါမှမရှိတာဘာလို့ဆေးရုံတက်ရမှာလဲ~
ပီးတော့မမက..မမကကျွန်တော့်မာမီရဲ့ဘယက်ကိုဘာလို့ဆွဲထားတာလဲ~
အခုချက်ချင်းချွတ်လိုက်ပါ..မာမီကမမကိုအများကြီးဆင်ပေးထားတာပဲ..ဒါကမာမီ့ဟာလေ ချွတ်လိုက်ပါမမ..
ပြောပီးတာနဲ့မလိုက်ဖက်စွာလည်ပင်းထက်မှာနေရာယူထားတဲ့မာမီ့ရဲ့ဘယက်ကိုဆွဲဖြုတ်လိုက်သည်..
အို..ကောင်းကင်ငယ်လေးဘယ်လိုလုပ်လိုက်တာလဲ~
ကောင်းကင်ထက်ရှိုင်း!!!မင်းအခုဘာလုပ်လိုက်တာလဲ..ရှင်းကိုအခုချက်ချင်းတောင်းပန်လိုက်စမ်း!!
မာမီ့ရဲ့ဘယက်ကိုရင်ခွင်ထဲမှာပိုက်ထားတုန်းရှိသေး အော်လိုက်တဲ့ဒယ်ဒီ့ရဲ့အသံကြောင့်တစ်ကိုယ်လုံးတုန်တက်သွားတော့သည်..
ကျွန်တော်က..
မင်းကအလိုလိုက်ထားလို့တော်တော်ဆိုးနေပီပဲ~
ဉီး..ရှင်းဘာမှမဖြစ်ပါဘူး..ကောင်းကင်ငယ်လေးကိုမဆူပါနဲ့နော်~
ရှင်း မင်းကသိပ်ပီးစိတ်သဘောထားဖြူစင်လွန်းတယ်~
မျက်ရည်ကြည်တွေရစ်သိုင်းနေတဲ့မမရဲ့မျက်နှာလေးကိုတယုတယကိုင်ပီးနူးနူးညံ့ညံ့လေးသုတ်ပေးနေတဲ့ဒယ်ဒီကကျွန်တော့်ဘက်ကိုပြန်လှည့်လာတော့ ကြောက်စရာကောင်းတဲ့မျက်ထောက်နီကြီးတွေနဲ့..
ပေး!အဲ့ဘယက်ကိုပြန်ပေးစမ်း!
ကောင်းကင် မာမီ့ဘယက်ကိုရင်ဘက်ထဲမှာကျစ်ကျစ်ပါအောင်ပိုက်ထားရင်း..
မပေးဘူး..ဒါ..ဒါကျွန်တော့်မာမီ့ဟာ~
ကောင်းကင် ငါထပ်မပြောချင်ဘူးနော်..ပေးစမ်းအခုချက်ချင်း~
မပေးဘူး..ကျွန်တော်မပေးဘူး~
၁၆နှစ်အရွယ်ကောင်ငယ်လေးနဲ့..အသက်၄၀ကျော်လူကြီး..
အဘယ်သို့များကောင်းကင်တောင့်ခံထားနိုင်မှာလဲလေ..
ဒယ်ဒီ့လက်ထဲပါသွားသောဘယက်ကိုသာလိုက်ကြည့်နေရင်း..
ဒါကျွန်တော့်မာမီကိုဒယ်ဒီကိုယ်တိုင်တမြတ်တနိုးဆင်ပေးခဲ့တဲ့ဘယက်လေဗျာ..ခုတော့..
ကောင်းကင်..ရှင်းကအခုကစပီး သားမာမီဖြစ်သွားပီ..မလေးမစားမဆက်ဆံနဲ့~
သူ့ရှေ့မှာရပ်နေတဲ့မမကဟိုးအရင်ရောက်စကအတိုင်းပဲသိပ်ကိုဖြူစင်ရိုးသားတဲ့အပြုံးလှလှလေးကိုပန်ဆင်ထားပီးကြာပန်းလေးတစ်ပွင့်လိုဝင့်ကြွားလှပနေဆဲ...
ပီးတော့ ချိတ်ဆွဲထားတဲ့ဒယ်ဒီရဲ့လက်ကိုအသာဖြုတ်လိုက်ကာသူ့ရှေ့ကိုတစ်လှမ်းချင်းလှမ်းလာပီး..
ကလေးလေး..ဒီနေ့ကစပီးမမကကလေးလေးရဲ့မာမီဖြစ်သွားပီ~
မာမီ?အဟက်..ရွံစရာကောင်းလိုက်တာ!
မျက်နှာပေါ်မှာတင်ကျန်နေဆဲမျက်ရည်စတွေကိုခပ်ကြမ်းကြမ်းသုတ်ဖယ်လိုက်ပီး...
ဉီးခန့်ကျွန်တော့်ကိုမာမီတက်နေတဲ့ဆေးရုံကိုလိုက်ပို့ပေး~
ကောင်းကင်လေး~
ဘာလဲကျွန်တော်ကကိုယ့်မာမီတက်နေတဲ့ဆေးရုံကိုတောင်သွားခွင့်မရှိတော့ဘူးလား~
မဟုတ်ပါဘူး..
အဲ့တာဆိုဘာရပ်လုပ်နေတာလဲ..အခုချက်ချင်းသွားမယ်~
ကောင်းကင်!ကောင်းကင်ထက်ရှိုင်း မင်းအဲ့တာဘာအချိုးချိုးသွားတာလဲ!!
ထားလိုက်ပါဉီးရယ်..ကောင်းကင်လေးကအပြောင်းအလဲတွေအများကြီးကြုံလိုက်ရလို့ပါ~
ရှင်း~
ကဲ လာပါဉီးရယ်..ခဏနေရှင်းတို့လည်းလိုက်သွားမှာပဲကို..လာရှင်းဝတ်ထားတာလှလားကြည့်ပေး~
ရှင်းကဘာဝတ်ဝတ်လှနေတာပဲကို~
ဟာ..ဉီးကလည်း..
*************************
မာမီ..မာမီရဲ့ကောင်းကင်ငယ်လေးပြန်လာပီလေ..အရင်လိုမေ့သည်းညှာလေးဆိုပီးကျွန်တော့်ရဲ့ပါးလေးတွေကိုမညှစ်တော့ဘူးလား~
အေးချမ်းတဲ့အပြုးချိုချိုလေးတွေနဲ့မာမီ..ဆံစကနေခြေဖျားအထိဘယ်နေရာကြည့်ကြည့်အမြဲတမ်းတင့်တယ်လှပနေသောမာမီ..လူတိုင်းအပေါ်နွေးထွေးကြင်နာတတ်တဲ့မာမီ...
အခုတော့အေးစက်စက်ဆေးရုံခန်းထဲကကုတင်ထက်မှာလဲလျောင်းနေတဲ့မာမီက..နွမ်းလျဖြူဖျော့စွာ..အသက်ရှုနေသလားမရှူသလားတောင်မသဲကွဲ..
နိမ့်ချည်မြင့်ချည်ခပ်ဖြည်းဖြည်းခုန်လှုပ်နေသောအရိုးအပြိုင်းပြိုင်းနဲ့ရင်ဘက်ကြောင့်သာအသက်ရှုသေးမှန်းသိရသည်...
မာမီရာ...
အဟွတ်..အဟွတ်..
မာမီ..မာမီနိုးလာပီလား~
ရေ..ရေဆာတယ်~
ကျွန်တော်ယူပေးမယ်မာမီ~
ဘေးနားကစားပွဲပေါ်မှာတင်ထားသော ရေခရားကိုငှဲ့လိုက်တော့..
တောက်!!!မိုက်ရိုင်းလိုက်ကြတာ..
ခလုံ..ခလွမ်း..
လွှင့်ပစ်လိုက်သောရေမရှိတဲ့ရေခရားကနံရံသို့သွားမှန်ပီးအသံစုံထွက်လာသည်
ဉီးခန့်!!ဉီးခန့်!!
အခန်းတံခါးရှေ့မှာရပ်နေသောဉီးခန့်ကပြေးလာပီး..ကောင်းကင်လေးဘာလိုလို့လဲ~
ကျွန်တော့်ကိုရေယူပေး..ပီးတော့Nurseတွေကဘယ်ရောက်နေတာလဲ လူနာကိုပစ်ထားပီးတော့ သူတို့ကိုပါအခုချက်ချင်းခေါ်ခဲ့~
ဒါက..
ဘာဒါကလဲ သွားလေ!!
သခင်မလေးကမမကြီးက..ကု..ကုလို့မရတော့တဲ့အခြေအနေမလို့...ဒီနေ့ဆေးရုံဆင်းမှာမလို့ ဘယ်nurseမှခေါ်စရာမလိုဘူးလို့ပြောထား.
တောက်!!အဓိပ္ပာယ်မရှိတာ!!ဒယ်ဒီကရောဘာမှမပြောဘူးလား!
အခုချက်ချင်းရေသွားယူပီး ဆရာဝန်ခေါ်ခဲ့သွား!!
ဟုတ်ကဲ့သခင်လေး~
သားလား..မာမီ့ကောင်းကင်ငယ်လေးလား~
မာမီ..ကျွန်တော်ပါ~
အဟွတ်..လာပါဉီး..မာမီသားပါးလေးကိုကိုင်ချင်လို့~
မျက်နှာကိုမာမီနားထိတိုးကပ်ပေးလိုက်ရင်း..
တောင့်ခံထားလို့မရတော့တဲ့အဆုံးမျက်ရည်တစ်စက်ကပေါက်ခနဲ မာမီ့ခေါင်းအုံးထက်သို့..
ကောင်းကင်ငယ်လေး..မာမီလာမကြိုလို့စိတ်ဆိုးနေတာလားဟင်~
မာမီ..မာ.မီ.
ရင်ဘက်တစ်ခုလုံးစုတ်ပြတ်သပ်သွားတာထက်ပိုပီးနာကျင်လွန်းလို့...
နှလုံးသားတစ်ခုလုံးကိုမီးစနဲ့ထိုးတာထက်ပိုပီးပူလောင်လွန်းလို့...
အသံတစ်ချက်မထွက်အောင် အောက်နှုတ်ခမ်းကိုနာနာဖိကိုက်ထားရင်း...
ကျလုဆဲဆဲမျက်ရည်စတွေကိုခပ်ကြမ်းကြမ်းဖိသုတ်လိုက်တာကြောင့် မျက်ခမ်းစပ်တို့ကနီရဲလာသည်
မာမီ..ကျွန်တော်ရေယူခိုင်းထားတယ်နော်~
ဘာမှမဖြစ်ဖူး ဆရာဝန်လည်းခေါ်ထားတယ် မာမီ
သက်..သာလာမှာပါ~
အဟား..မာမီ.ကျွန်တော်စာမေးပွဲဖြေနိုင်ခဲ့တယ်သိလား..resultထွက်လို့ဂုဏ်ထူးအများကြီးပါရင်လေ..မာမီရယ်ကျွန်တော်ရယ်ဒယ်ဒီ..ထားပါ..မာမီနဲ့ကျွန်တော်ဟော့ပေါ့တူတူသွားစားကြမယ်နော်~
ကောင်းပီ..အဟွတ်..အဟွတ်..မာမီနဲ့သားနဲ့သွားစားကြမယ်~
ကောင်းကင်ငယ်လေး...
မာမီ~
မာမီ..သားအတွက်(-)နေရာမှာပိုင်ဆိုင်မှုစာချုပ်စာတမ်းတွေအကုန်ထားထားတယ်..
ဟင့်အင်း..ကျွန်တော်မလိုချင်ဘူး..မာမီ..မာမီရှိရင်ရပီ~
ကောင်းကင်ငယ်လေး..ဘယ်သူ့ကိုမှမယုံကြည်နဲ့ရိုးသားချင်ယောင်ဆောင်လေလေမမြင်ရတဲ့မျက်နှာဖုံးနောက်ကွယ်မှာပိုပီးကြောက်မက်ဖွယ်ကောင်းတဲ့စက်ဆုပ်ဖွယ်ကောင်းတဲ့သူဖြစ်လေလေပဲ..
မာမီ့ကောင်းကင်ငယ်လေးကသိပ်ကိုဖြူစင်ပီးစိတ်ထားကောင်းလွန်းတာကြောင့်..အနိုင်ကျင့်မယ့်သူတွေ အခွင့်အရေးယူမယ့်သူတွေရှိလာမှာမာမီစိုးရိမ်တယ်..
မာမီသားကိုကာကွယ်ပေးနိုင်တော့မှာမဟုတ်တော့ဘူး..
မာမီမရှိတော့ရင်..လေးလေးဆီPhဆက်လိုက်နော်..သားလေးလေးကမာမီ့ကိုစိတ်ဆိုးပီးနယူးယောက်ကိုထွက်သွားပီးကတည်းက မာမီ့ကိုမဆက်သွယ်တော့တာ~
ဒါပေမယ့်သားလေးလေးကသားကိုဆိုအရမ်းချစ်တာသူသားကိုစောင့်ရှောက်ပေးသွားမှာပါ..
အဟွတ်..မာမီကောင်းကင်ငယ်လေးကိုအမြဲတမ်းချစ်နေမယ်နော်..
မာမီ..မာမီ....
ဖြည်းညှင်းစွာလျှောကျလာတဲ့ ကျွန်တော့်ပါးထက်မှာဆုပ်ကိုင်ထားခဲ့တဲ့မာမီ့ရဲ့လက်ကိုအုပ်ကိုင်ထားလိုက်ရင်း..
ကျွန်တော်လည်းမာမီ့ကိုချစ်တယ်~
ကျွီ~
အခန်းတံခါးဖွင့်ပီးဝင်လာတဲ့ ဒယ်ဒီရယ်မေမီရှင်းသန့်ဆိုတဲ့မိန်းမရယ်..ဆရာဝန်နဲ့အတူနောက်ကလိုက်ဝင်လာတဲ့ဉီးလေးခန့်ရယ်..
ဆရာဝန်ကကုတင်နားအသာတိုးလာပီး.ရုပ်ရှင်တွေထဲကအတိုင်း နားကြပ်လေးနဲ့မာမီ့ကိုစမ်းပီးတော့ ခေါင်းအသာယမ်းပီး သက်ပြင်းဖွဖွကိုချကာ..
စိတ်မကောင်းပါဘူးဗျာ..ကျွန်တော်တို့လည်းအတတ်နိုင်ဆုံးကြိုးစားခဲ့ပေမယ့် လူနာအသက်ကိုမကယ်နိုင်ခဲ့ဘူး~
အို..မမကြီး..ရှင်း..ရှင်းမမကြီးမရှိရင်ဘယ်လိုနေရတော့မှာလဲ~
ဒယ်ဒီကရင်ခွင်ထဲမှာငိုကြွေးဟန်ဆောင်နေတဲ့ထိုမိန်းမကိုနှစ်သိမ့်နေရင်း...
ကိုခန့် ဈာပနအတွက်ခများကြည့်စီစဉ်လိုက်တော့ ရှင်းကနှလုံးသိပ်မကောင်းတော့ ကျွန်တော်ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဖူး~
ဟုတ်ကဲ့~
အဟက်..ဟားဟား..ဟားဟား..ဘယ်လောက်စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့မြင်ကွင်းလဲ~
သွားကြ ခများတို့အကုန်လုံးထွက်သွားကြ ကျုပ်မာမီကိုခများတို့ရဲ့ရွံစရာလက်တွေနဲ့တစ်ချက်တောင်ထိစရာမလိုဘူး သွား အခုချက်ချင်းသွား!!!
**********************
အခုတော့တိတ်ဆိတ်သွားတဲ့ဆေးရုံခန်းထဲမှာကျွန်တော်ရယ်မာမီရယ်နှစ်ယောက်တည်း....
စိတ်ချပါကျွန်တော့်ကိုဘယ်သူမှအနိုင်မကျင့်စေရဘူးမာမီ~
အိပ်စက်နေသည့်အတိုင်းလေးလဲလျောင်းနေတဲ့မာမီ့ကိုနောက်ဆုံးအနေနဲ့တစ်ခါကြည့်လိုက်ပီး....
တီ..တီ..📱📱
📞ဟယ်လို
📞လေးလေး..
📞ကောင်းကင်ငယ်လေးလား..
📞လေးလေး..မာမီ..မာမီမရှိတော့ဘူး.....
**********************
မမမရှိတော့ဘူးတဲ့..အဲဒီလူကြောင့်ပဲ အတန်တန်တားတဲ့ကြားကသိပ်ကိုပွေရှုပ်လွန်းတဲ့လူကိုမှကြိုက်မိခဲ့တဲ့မမ..သူ့ကြောင့်ပဲသိပ်ချစ်ကြတဲ့မောင်နှစ်မနှစ်ယောက်ဟာသူစိမ်းဆန်ဆန်ဖြစ်သွားကြပီး မဆက်သွယ်ဖြစ်ခဲ့ကြတာ..ဆယ်စုနှစ်တစ်ခုကျော်တောင်ရှိသွားခဲ့ပီ..
အခုတော့မမမရှိတော့ဘူးတဲ့လား~
ကောင်းကင်ငယ်လေးတစ်ယောက်တည်းအထီးများကျန်နေမလား..မဖြစ်ပါဘူး အခုချက်ချင်းပဲလေယာဉ်လက်မှတ်စီစဉ်ပီးမြန်မာပြည်ကိုမြန်မြန်ပြန်ဖို့ပြင်ရမယ်...
ဒေါက်ဒေါက်~
Come in~
ဒယ်ဒီ~
Jel...
အပြာနုရောင်မျက်ဝန်းတောက်တောက်တွေနဲ့ ..ဖြောင့်စင်းသွယ်လျနေတဲ့နှာတံစင်းစင်း.သေသပ်ပိရိနေတဲ့ နီစွေးစွေးနှုတ်ခမ်းပါးနဲ့
မထူမပါးမျက်ခုံးရယ်နဲ့သူ့ရဲ့သားJel..
ကံတရားကတိုက်ဆိုင်ပုံများ သူနယူးယောက်ကိုရောက်တဲ့အချိန်မှာသူ့ရဲ့ကျောင်းတုန်းကသူငယ်ချင်းဖြစ်တဲ့jelရဲ့အမေနဲ့တွေ့ခဲ့သည်..
သူမကဒီနိုင်ငံသားနဲ့အခြေကျပီးJelကိုမွေးဖွားခဲ့တာဖြစ်သည်...
ကံမကောင်းစွာနဲ့သူမတို့နှစ်ယောက်လုံးaccidentကြောင့်ကွယ်လွန်သွားခဲ့ကြတာကြောင့်တစ်ကိုယ်တည်းလူပျိုကြီးဖြစ်သောသူကပဲ Jelကိုတာဝန်ယူစောင့်ရှောက်ထားခဲ့သည်...
Jel~
ဒယ်ဒီ..ကျွန်တော် appoimentယူပီးပီ~
For what?
ဒယ်ဒီ မေ့ပြန်ပီ..မနက်ဖြန်ဒယ်ဒီခွဲစိတ်ခန်းဝင်ရမယ့်နေ့လေ~
ugh..ဟုတ်သားပဲ အသက်အရွယ်ရလာပီဆိုတော့ ဟိုရောဂါဒီရောဂါအတွက် ကုသဖို့လိုလာပီထို့အတွက်ကြောင့်ပဲသူရက်ချိန်းပီးခွဲစိတ်ဖို့appoimentယူခိုင်းထားခဲ့တာဖြစ်သည်...
စိတ်ညစ်စရာရှိလို့လား~
အင်း..ဒယ်ဒီ့မမမရှိတော့ဘူးတဲ့~
မမ?
အင်း..အခုဒယ်ဒီ့တူလေးကတစ်ယောက်တည်း..ဘယ်လောက်များအထီးကျန်ပီးကြောက်ရွံ့နေမလဲ..
စိတ်ထားကောင်းတဲ့ကောင်းကင်ငယ်လေးကိုလူတွေအနိုင်ကျင့်ကြမှာဒယ်ဒီစိုးရိမ်တယ်..
Jel..သား appoimentကိုဖျက်လိုက်တော့..ပီးရင်လေယာဉ်လက်မှတ်ဖြတ်လိုက်..ဒယ်ဒီမနက်ဖြန်မြန်မာပြည်ပြန်မယ်~
မဖြစ်ဘူး~
why?
ကျန်းမာရေးကသိပ်ကောင်းတာမဟုတ်ဖူး~
အဟွတ်..ဒယ်ဒီသူ့ကိုတွေ့ချင်သေးတယ်~
ကျစ်...ကောင်းပီ ဒယ်ဒီဈာပနပီးတာနဲ့ချက်ချင်းပြန်ပီး.နေကောင်းအောင်ခွဲစိတ်ရမယ်..ကျွန်တော်ဒယ်ဒီ့အစားအဲ့မှာနေခဲ့ပီး ဒယ်ဒီ့ရဲ့ကောင်းကင်ငယ်လေးကိုစောင့်ရှောက်ပေးမယ် ဘယ်လိုလဲ~
သူ jelကိုတစ်ချက်ကြည့်လိုက်သည်..
အသက်၂၂နှစ်ပြည့်ပီးပီဖြစ်တဲ့Jelကသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာလည်းအားကိုးလို့ရလောက်အောင်ထက်မြက်လွန်းသည်..
ပီးတော့jelနဲ့ဆိုရင်သူကလေးငယ်လေးကိုစိတ်ချရသည်..jel ကလေးငယ်လေးကိုစောင့်ရှောက်ပေးနိုင်လောက်ပါရဲ့..
ကောင်းပီ..အဲ့လိုပဲစီစဉ်ကြတာပေါ့~
************************
ကောင်းကင်ငယ်လေး~
လေးလေး~
အမြဲတမ်းသွက်လက်တက်ကြွနေပီးမျက်လုံးဝိုင်းဝိုင်းတောက်တောက်လေးနဲ့ပျော်ရွှင်မြူးတူးနေတတ်တဲ့ကလေးငယ်လေးဟာအခုတော့ဖြင့် မှိုင်းညို့ပီးအသက်မဲ့နေတဲ့မျက်ဝန်းသေတွေနဲ့သူ့ကိုကြည့်လာသည်..
ကောင်းကင်ငယ်လေးမှဟုတ်ပါလေစလေ...
ကလေးလေး အဆင်ပြေရဲ့လား~
ဟုတ်ကဲ့ လေးလေး~
ဈာပနချတဲ့နေရာရောက်တော့..သူ့ရဲ့ယောက်ဖနဲ့မိန်းမငယ်လေးတစ်ယောက်ရီမောပျော်ရွှင်နေကာသူလာတာကိုတောင်မြင်ပုံမရ..
အဟက်..ဒီလိုလူမျိုးတွေကသိပ်ရွံစရာကောင်းတယ်..
ဈာပနလည်းချပီးသွားပီမလို့ ထိုနေရာကိုမသွားတော့ပဲထွက်လာခဲ့လိုက်သည်...
****************
ကောင်းကင်ငယ်လေး..လေးလေးနဲ့လိုက်ခဲ့မလား~
နယူးယောက်ကိုလား~
ဟုတ်တယ် ဘယ်လိုလဲ လိုက်မယ်မလား~
ဟင့်အင်း..ကျွန်တော်မလိုက်ချင်ဘူး~
ဘာလို့လဲ~
ဒီလူတွေတောင်အရှက်မရှိဒီနေရာမှာနေရဲသေးတာပဲ ကျွန်တော်ကထွက်ပြေးစရာအကြောင်းမရှိဘူး~
လေးလေး..
ဟင်~
စာရွက်စာတမ်းတစ်ချို့ကိုထုတ်လာပေးတဲ့ကလေးငယ်..
သူကြည့်လိုက်တော့ သူ့မမရဲ့ပိုင်ဆိုင်မှုတွေ..
လေးလေး ဒါတွေကိုထိန်းသိမ်းထားပေးပါ ..ကျွန်တော်လေးလေးကလွဲဘယ်သူ့ကိုမှမယုံနိုင်ဘူး~
ကျွန်တော်စီးပွားရေးကိုလျှောက်မယ်..စာမေးပွဲလည်းသေချာဖြေခဲ့တာမို့အမှတ်ကတော့သေချာပေါက်မှီတယ်..
ပီးရင်ကျွန်တော်စီးပွားရေးလောကထဲကိုဝင်မယ်..အဲ့ဒီအချိန်မတိုင်ခင်အထိလေးလေးကစောင့်ရှောက်ပေးထားပါ~
ကောင်းပီ..လေးလေးရဲ့ကောင်းကင်ငယ်လေးကအဲ့လိုပဲဖြစ်နေရမယ်~
ဒယ်ဒီ သွားရအောင်~
ဒယ်ဒီ??
ကောင်းကင်ငယ်လေး ဒါလေးလေးရဲ့သားJel~
လေးလေးမှာသားရှိတယ်လို့ကျွန်တော်မကြားဖူးပါဘူး~
အင်း လေးလေးရဲ့မွေးစားသား~
ထိုလူကကျွန်တော့်ကိုလက်တစ်ဖက်လှမ်းပေးလာပီး
Hello ကိုယ့်နာမည်Jel တွေ့ရတာဝမ်းသာပါတယ်~
လေးလေးသွားစရာရှိရင်သွားတော့လေ..ကျွန်တော်လည်းပြန်ပီးနားတော့မှာမလို့~
ဟုတ်ပီ..ကောင်းကင်ငယ်လေး~
ဒယ်ဒီ့ကိုသာပြောစရာရှိတာပြောပီး ကျွန်တော့်ကိုတော့တစ်ချက်တောင်ကြည့်မသွားတဲ့ကောင်ငယ်လေး..
လှမ်းထားတဲ့လက်ကိုပြန်ရုတ်လိုက်ရင်း..
ဒယ်ဒီပြောပြောနေတဲ့ကောင်းကင်ငယ်လေးကဒီကောင်လေးရောဟုတ်ရဲ့လား..
ဒီကောင်ဆိုးလေးကိုဘယ်သူကများအနိုင်ကျင့်ရဲမှာမလို့လဲ....

YOU ARE READING
ဟမ့်..ဒီသခင်လေးကကြာဖြူပန်းတွေကိုသောက်ရမ်းမုန်းတယ်
Romanceမင်းမာန်ခ(Jel)~ကောင်းကင်ကသိပ်ကိုဆိုးတယ်..မာနလည်းအရမ်းကြီးတယ်..ကျွန်တော်သူ့ကိုသဘောမကျဘူး.... also မင်းမာန်ခ(jel)~ကျွန်တော့်ရဲ့ကောင်းကင်ငယ်လေးကနည်းနည်းဆိုးတယ်..မာနလေးလည်းမဆိုစလောက်လေးကြီးတယ် ...ပီးတော့(ခေါင်းလေးကိုအသာဖွဖွကိုင်လိုက်ရင်း)ချစ်စရာလည်းကောင...