Part(9)

6.4K 672 19
                                    

Unicode

ရှောင်းကျန့်က ၀မ်နိုင်ငံပြန်တဲ့တလမ်းလုံး တကြိမ်သာသတိရလာခဲ့တယ်။ရထားလုံးထဲမှာ သူ့ကိုပွေ့ဖက်လို့ သွေးပျက်မတက်ဖြစ်နေတဲ့ ၀မ်ရိပေါ်ကို အေးချမ်းတဲ့အပြုံးလေး အားတင်းပြုံးပြတယ်။

"မင်းသတိရပြီလား ။ကိုယ်မင်းကိုရအောင်ပြန်ကယ်မှာမို့ အားတင်းထားနော် ကိုယ် .... ကိုယ်မကောင်းတာပါ"

ရှောင်းကျန့်က စကားပင်ပြန်မပြောနိုင်လောက်အောင်ဖြူဖျော့နေတယ်။

" အရှင် ..အရှင်အမှားတွေ လုပ်ခဲ့တယ်
အရှင့်အပြစ်တွေကို နိမ့်ကျတဲ့ ကျွန်တော်က ကိုယ်စားခံ‌ပေးပါ့မယ် ။ ကျွန်တော့်ရဲ့စိတ်နဲ့ လိုလိုလားလား လက်ခံတာပါ .."

ရှောင်းကျန့်စကားပြောတဲ့အခါ အသံက အလွန်ကိုတိုးလို့မနည်းနားစိုက်နားထောင်ရတယ် ။

"မဟုတ်ဘူးးးး မင်းထိခိုက်မှာကိုယ်မလိုလားဘူး "

"အရှင်ထိခိုက်ရမှာကိုလဲ ကျွန်တော်မလိုချင်ပါဘူး၊ ချစ် ..တာ..မို့ ...ချစ်ရတဲ့သူမို့ ...။ အရှင်က ဆက်ပြီးအသက်ရှင်သွားရမယ်‌ ။ တောင်းပန်ပါတယ်.. အရှင့်ဘေးမှာအဖော်ပြုမပေးနိုင်တော့လို့ ။ အရှင့်ကိုချစ်မိတဲ့ အချစ်‌တွေ အတွက်တော့ ကျွန်တော်နောင်တမရပါဘူး"

"မင်းဘာမှမဖြစ်ရဘူးးး ကိုယ်ခွင့်ပြုမှာမဟုတ်ဘူး....."

ရှောင်းကျန့်က စကားတွေအများကြီးပြောလိုက်တာမို့ မောနေပြီး အသက်ကိုခက်ခက်ခဲခဲရှူနေရတယ်။ သူက ပြန်ပြီးသတိလစ်သွားခဲ့တယ်။

ဝမ်ရိပေါ်က ကိုယ့်ဓားနဲ့ကိုယ့်ကိုယ်ကို အဆုံးစီရင်ပစ်ချင်စိတ်တွေ တဖွားဖွားဖြစ်နေတယ်။ သူမှားခဲ့လေပြီ။

*****************************

မိုးတွေက သည်းထန်စွာရွာသွန်းနေတယ်။ လေပြင်းပါ ပါလာတာမို့ ရာသီဥတုက အေးစိမ့်နေတယ်။ အဖြူရောင်၀တ်ဆင်ထားတဲ့လူငယ်လေးက ကျောက်ဖျာပေါ်မှာ လဲနေတယ်။ ဖြူဖျော့နေပြီး မျက်တွင်းတွေကချိုင့်ကျနေတယ်။ အခန်းတစ်ခုလုံးက မီးတိုင်တွေနှင့် လင်းထိန်နေတယ်။ အခန်းထဲမှာ ရပ်နေကြတဲ့သူ နှစ်ဦးရှိတယ်။

Bond of destiny (Completed)Where stories live. Discover now